

 

 

 


 

 


 

 


Crd

Unicode

ခြေချောင်း၁၉ချောင်းနှင့် လက်ချောင်း၁၂ချောင်းတို့ဖြင့် မွေးဖွားလာခြင်းကြောင့် ပတ်ဝန်းကျင်မှ စုန်းမကြီးဆိုပြီး ရှောင်ဖယ်ခြင်းကို ခံခဲ့ရသော အဖွားအို

 

 

 

အိန္ဒိယနိုင်ငံမှ အသက် ၆၃နှစ်အရွယ် အဖွားအိုတစ်ဦးသည် ပုံမှန်မဟုတ်ပဲ မျိုးရိုးဗီဇ ချို့ယွင်းချက်များနှင့် မွေးဖွားလာခဲ့ရာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချခြင်းတွေကို မခံနိုင်၍ အကြာခဏ အိမ်ကနေ ထွက်ပြေးခဲ့ရသည်။

 

 

အဖွားအိုသည် မွေးကတည်းက ခြေချောင်းနှစ်ဖက်ပေါင်းကို ၁၉ချောင်းရှိပြီး လက်ချောင်းကလည်း ၁၂ချောင်းဖြစ်နေ၍ ရွာထဲကလူတွေမှ ထိတ်လန့်ဖွယ်အသွင်အပြင်ကြောင့် စုန်းမကြီးဟုဆိုကြကာ အနားပင်အကပ်မခံပဲ ရှောင်ဖယ်ခြင်းမျိုးပြုလုပ်ခဲ့ကြသည်။

 

 

 

အဖွားအိုရဲ့ မိသားစုကလည်း ဆင်းရဲနွမ်းပါးတာကြောင့် ဆေးကုသစရိတ်အား မတတ်နိုင်ကြ၍ ခွဲစိတ်မပြုပြင်နိုင်ပဲရှိရာ အများက လှောင်ပြောင်ကြသည့်အတွက် သူမဘဝကိုသူမလက်ခံနိုင်စွမ်းမရှိတော့ပဲ အမြဲလိုလိုစိတ်ဓာတ်ကျကာ လူကြားလည်းမတိုးရဲပဲ သိမ်ငယ်ခြင်းတွေနဲ့သာ နေထိုင်ခဲ့ရသည်။

Crd