ည ၇ နာရီႏွင့္ ၁၀ နာရီၾကား ငိုေႂကြးျခင္းက ကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ေစႏိုင္ေၾကာင္း စစ္တမ္းတစ္ခုမွ ေဖာ္ျပထား

ည ၇ နာရီႏွင့္ ၁၀ နာရီၾကား ငိုေႂကြးျခင္းက ကိုယ္အေလးခ်ိန္ကိုေလ်ာ့ခ်ေစႏိုင္ေၾကာင္း စစ္တမ္းတစ္ခုမွ ေေဖာ္ျပထား

 

 

 

သင့္အေနနဲ႔ ဝိတ္က်ခ်င္ၿပီး တစ္ခ်ိန္တည္းမွာဘဲ ဝမ္းနည္းစရာ႐ုပ္ရွင္ေတြၾကည့္တဲ့အခါ အလြယ္တကူမ်က္ရည္က်တတ္တယ္ဆိုရင္ေတာ့ ဒါဟာ သင့္အတြက္ သတင္းေကာင္းပါပဲ။ Emotional ျဖစ္ရင္းငိုေႂကြးျခင္းက သင့္ကို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ AsiaOne ၏ေလ့လာမႈတစ္ခုအရ စိတ္ခံစားမႈအရငိုေႂကြးျခင္းက cortisol level ကို တိုးေစေသာေဟာ္မုန္းမ်ားႏွင့္ဆက္စပ္ေနတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစရန္ ကူညီေပးေၾကာင္း သိရပါတယ္။ သင္က စိတ္ခံစားခ်က္ေတြအျပည့္နဲ႔ ငိုခ်လိုက္တဲ့အခါ ဒီေဟာ္မုန္းေတြကိုလႈံ႕ေဆာ္ေပးပါလိမ့္မယ္။ ထို႔အျပင္ ဇီဝဓာတုေဗဒပညာရွင္ William Frey က စိတ္ဖိစီးမႈျဖစ္ေစတဲ့မ်က္ရည္မ်ားက ခႏၶာကိုယ္တြင္းရွိ မည္သည့္အဆိပ္အေတာက္မ်ားကိုမဆို ဖယ္ရွားေပးႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။

 

 

ထို႔ေၾကာင့္ စိတ္ခံစားမႈႏွင့္ stress မ်ားတဲ့အခ်ိန္ေတြမွာ သင့္ခႏၶာကိုယ္ဟာ ငိုေႂကြးျခင္းျဖင့္ ထိုအရာမ္ားကို ဖယ္ရွားေပးပါတယ္။ ငိုေႂကြးျခင္းေၾကာင့္ Cortisol ပမာဏမ်ားလာသည္ႏွင့္အမွ် ကိုယ္အေလးခ်ိန္ တိုးေစတဲ့ ဖိစီးမႈျဖစ္ေစတဲ့ေဟာ္မုန္းမ်ားျဖစ္ေပၚလာတဲ့အခါ သင့္ခႏၶာကိုယ္ကလည္း အဆီပိုမ္ားကို မသိုေလွာင္ထားႏိုင္ေတာ့ပါဘူး။

 

 

သို႔ေပမဲ့ စိတ္ခံစားမႈေၾကာင့္ ျဖစ္ေပၚလာတဲ့မ်က္ရည္မ်ားသာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ျခင္း၏အက်ိဳးေက်းဇူးကို ခံစားရေၾကာင္း ေလ့လာမႈတစ္ခုက အႀကံျပဳထားပါတယ္။ သင့္အခ်က္အလက္မ်ားအတြက္ မ်က္ရည္သုံးမ်ိဳးရွိပါတယ္။ နံပါတ္တစ္အေနနဲ႔ Basal မ်က္ရည္- ဤမ်က္ရည္ဟာ ကြၽန္ေတာ္တို႔၏မ်က္လုံးမ်ားကို စိုစြတ္ေနေစေသာေၾကာင့္ အေျခခံက်ေသာမ်က္ရည္ အျဖစ္ သတ္မွတ္ပါတယ္။

 

 

နံပါတ္ ႏွစ္-Reflex မ်က္ရည္- ယားယံျခင္းမ်က္ရည္ ဟုလည္း လူသိမ်ားေသာ ဤမ်က္ရည္ဟာ ေဆးလိပ္၊ ေလျပင္း သို႔မဟုတ္ ၾကက္သြန္နီကိုလွီးျဖတ္ျခင္းကဲ့သို႔ေသာ ပတ္ဝန္းက်င္ဆိုင္ရာ အေၾကာင္းအရင္းမ်ားေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။

 

 

ေနာက္ဆုံးနံပါတ္သုံး- Psychic မ်က္ရည္-အထက္ေဖာ္ျပပါအခ်က္မ်ားႏွင့္မတူဘဲ၊ ဤမ်က္ရည္အမ်ိဳးအစားဟာ လူတစ္ဦး၏စိတ္ခံစားခ်က္မ်ားႏွင့္ဆက္စပ္ေနပါတယ္။ ထို႔ေၾကာင့္ စိတ္ဓာတ္က်သည့္မ်က္ရည္ ဒီ(Psychic မ်က္ရည္) ကသာ သင့္ကိုယ္အေလးခ်ိန္ကိုေလ်ာ့က်ေစမွာျဖစ္ပါတယ္။

 

 

ေလ့လာမႈအရ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာတြင္ ဤငိုေႂကြးျခင္းဟာ တိက်တဲ့အခ်ိန္တစ္ခုရွိေၾကာင္းလည္း အႀကံျပဳထားပါေသးတယ္။ ည 7 နာရီေကန 10 နာရီအတြင္း မ်က္ရည္က်တာက သင္ငိုေႂကြးဖို႔အတြက္ အေကာင္းဆုံးအခ်ိန္ပါပဲ။

 

 

ဘယ္သဴကမြ ငိုရတာကိုမႀကိဳက္ေပမယ့္ ရံဖန္ရံခါ ငိုတာက သင့္အတြက္ တကယ္အက်ိဳးရွိတယ္ဆိုတာ ထင္ရွားပါတယ္။ ဤအက်ိဳးခံစားခြင့္ေတြကို သင္ခံစားလိုရင္ေတာ့ ဤအခ်ိန္နာရီမ်ားအတြင္း broken relationship ေတြေၾကာင့္ သို႔မဟုတ္ ဝမ္းနည္းဖြယ္႐ုပ္ရွင္ကို ၾကည့္ရင္း အားရပါးရသာ ငိုေႂကြးလိုက္ပါ။

Crd

Unicode

ည ၇ နာရီနှင့် ၁၀ နာရီကြား ငိုကြွေးခြင်းက ကိုယ်အလေးချိန်ကိုလျော့ချစေနိုင်ကြောင်း စစ်တမ်းတစ်ခုမှ ဖော်ပြထား

သင့်အနေနဲ့ ဝိတ်ကျချင်ပြီး တစ်ချိန်တည်းမှာဘဲ ဝမ်းနည်းစရာရုပ်ရှင်တွေကြည့်တဲ့အခါ အလွယ်တကူမျက်ရည်ကျတတ်တယ်ဆိုရင်တော့ ဒါဟာ သင့်အတွက် သတင်းကောင်းပါပဲ။ Emotional ဖြစ်ရင်းငိုကြွေးခြင်းက သင့်ကို ကိုယ်အလေးချိန် လျှော့ချပေးနိုင်ပါတယ်။ AsiaOne ၏လေ့လာမှုတစ်ခုအရ စိတ်ခံစားမှုအရငိုကြွေးခြင်းက cortisol level ကို တိုးစေသောဟော်မုန်းများနှင့်ဆက်စပ်နေတာကြောင့် ကိုယ်အလေးချိန်လျော့ကျစေရန် ကူညီပေးကြောင်း သိရပါတယ်။ သင်က စိတ်ခံစားချက်တွေအပြည့်နဲ့ ငိုချလိုက်တဲ့အခါ ဒီဟော်မုန်းတွေကိုလှုံ့ဆော်ပေးပါလိမ့်မယ်။ ထို့အပြင် ဇီဝဓာတုဗေဒပညာရှင် William Frey က စိတ်ဖိစီးမှုဖြစ်စေတဲ့မျက်ရည်များက ခန္ဓာကိုယ်တွင်းရှိ မည်သည့်အဆိပ်အတောက်များကိုမဆို ဖယ်ရှားပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ထို့ကြောင့် စိတ်ခံစားမှုနှင့် stress များတဲ့အချိန်တွေမှာ သင့်ခန္ဓာကိုယ်ဟာ ငိုကြွေးခြင်းဖြင့် ထိုအရာမ်ားကို ဖယ်ရှားပေးပါတယ်။ ငိုကြွေးခြင်းကြောင့် Cortisol ပမာဏများလာသည်နှင့်အမျှ ကိုယ်အလေးချိန် တိုးစေတဲ့ ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းများဖြစ်ပေါ်လာတဲ့အခါ သင့်ခန္ဓာကိုယ်ကလည်း အဆီပိုမ်ားကို မသိုလှောင်ထားနိုင်တော့ပါဘူး။

သို့ပေမဲ့ စိတ်ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့မျက်ရည်များသာ ကိုယ်အလေးချိန်လျှော့ချခြင်း၏အကျိုးကျေးဇူးကို ခံစားရကြောင်း လေ့လာမှုတစ်ခုက အကြံပြုထားပါတယ်။ သင့်အချက်အလက်များအတွက် မျက်ရည်သုံးမျိုးရှိပါတယ်။ နံပါတ်တစ်အနေနဲ့ Basal မျက်ရည်- ဤမျက်ရည်ဟာ ကျွန်တော်တို့၏မျက်လုံးများကို စိုစွတ်နေစေသောကြောင့် အခြေခံကျသောမျက်ရည် အဖြစ် သတ်မှတ်ပါတယ်။

နံပါတ် နှစ်-Reflex မျက်ရည်- ယားယံခြင်းမျက်ရည် ဟုလည်း လူသိများသော ဤမျက်ရည်ဟာ ဆေးလိပ်၊ လေပြင်း သို့မဟုတ် ကြက်သွန်နီကိုလှီးဖြတ်ခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

နောက်ဆုံးနံပါတ်သုံး- Psychic မျက်ရည်-အထက်ဖော်ပြပါအချက်များနှင့်မတူဘဲ၊ ဤမျက်ရည်အမျိုးအစားဟာ လူတစ်ဦး၏စိတ်ခံစားချက်များနှင့်ဆက်စပ်နေပါတယ်။ ထို့ကြောင့် စိတ်ဓာတ်ကျသည့်မျက်ရည် ဒီ(Psychic မျက်ရည်) ကသာ သင့်ကိုယ်အလေးချိန်ကိုလျော့ကျစေမှာဖြစ်ပါတယ်။

လေ့လာမှုအရ ကိုယ်အလေးချိန် လျှော့ချရာတွင် ဤငိုကြွေးခြင်းဟာ တိကျတဲ့အချိန်တစ်ခုရှိကြောင်းလည်း အကြံပြုထားပါသေးတယ်။ ည 7 နာရီကေန 10 နာရီအတွင်း မျက်ရည်ကျတာက သင်ငိုကြွေးဖို့အတွက် အကောင်းဆုံးအချိန်ပါပဲ။

ဘယ္သူကမွ ငိုရတာကိုမကြိုက်ပေမယ့် ရံဖန်ရံခါ ငိုတာက သင့်အတွက် တကယ်အကျိုးရှိတယ်ဆိုတာ ထင်ရှားပါတယ်။ ဤအကျိုးခံစားခွင့်တွေကို သင်ခံစားလိုရင်တော့ ဤအချိန်နာရီများအတွင်း broken relationship တွေကြောင့် သို့မဟုတ် ဝမ်းနည်းဖွယ်ရုပ်ရှင်ကို ကြည့်ရင်း အားရပါးရသာ ငိုကြွေးလိုက်ပါ။

Crd