

 

 


 

 


 

 


 

 


 

 


Crd

Unicode

ပြည်သူတွေ ဒုက္ခမျိုးစုံရောက်နေချိန် ဒူဘိုင်းမှာ လည်ပတ်ပြီး သာယာနေကြတဲ့ အေးနေဝင်းနဲ့ ရွှေအိမ်စည်

 

 

Miss Supranational Myanmar 2018 Winner အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ စစ်အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့မြေးဖြစ်သူ အေးနေဝင်းနဲ့ ချစ်ကြိုက်နေကြတာ တစ်နိုင်ငံလုံးသိပြီးသားဖြစ်မှာပါ။

 

 

အေးနေဝင်းဟာ မက်လောက်စရာရုပ်ရည်မျိုးလုံးဝမရှိပေမယ့် ငွေကြေးဥစ္စာကပြည့်စုံပြီးတာမို့ ရွှေအိမ်စည်ဟာ ချစ်သူအဖြစ်ရွေးချယ်ထားတယ်ဆိုတာလည်း ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။

 

 

(၂၀၂၀) ခုနှစ်ကပဲ အေးနေဝင်းနဲ့ လမ်းခွဲခဲ့တယ်လို့ ပရိသတ်ကိုအသိပေးပြီးဖြစ်တဲ့ ရွှေအိမ်စည်က အခုမှာတော့ အေးနေဝင်းသွားတဲ့ ဒူဘိုင်းကိုအတူတူရောက်ရှိနေတာဖြစ်ပြီး နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေကြတာကို တွေ့ရပါတယ်။

 

 

မြန်မာပြည်မှာ ပြည်သူတွေဟာ စစ်ဘေး၊ ရောဂါကပ်ဘေး၊ သဘာဝဘေးအန္တရာယ်ဘေးအမျိုးမျိုးနဲ့ ရင်ဆိုင်ပြီး နည်းမျိုးစုံဒုက္ခရောက်နေချိန်မှာ အေးနေဝင်းနဲ့ ရွှေအိမ်စည်ကတော့ နိုင်ငံရပ်ခြားမှာ သာသာယာယာအနားယူနေတာပဲဖြစ်ပါတယ်။

 

 

အေးနေဝင်းနဲ့ ရွှေအိမ်စည်ကတော့ မြန်မာပြည်ကလူတွေတော်ရုံအိပ်မက်မမက်နိုင်တဲ့ ဒူဘိုင်းလိုနေရာမှာ အပူအပင်မရှိ အေးအေးဆေးဆေးလည်ပတ်နေတာ အခုလိုပဲ တွေ့ရတာဖြစ်ပါတယ်။

Crd