မန္မာမိန္းကေလးကို အႏိုင္က်င့္ကာ ေသဆံုးေအာင္လုပ္ခဲ့ၿပီးေနာက္ ဝိညာဥ္ကေျခာက္လွန္႔တာေၾကာင့္ အျပစ္ကိုဝန္ခံလိုက္ရတဲ့ ထိုင္းႏိုင္ငံသား

မန္မာမိန္းကေလးကို အႏိုင္က်င့္ကာ ေသဆံုးေအာင္လုပ္ခဲ့ၿပီးေနာက္ ဝိညာဥ္ကေျခာက္လွန္႔တာေၾကာင့္ အျပစ္ကိုဝန္ခံလိုက္ရတဲ့ ထိုင္းႏိုင္ငံသား

 

 

ျမန္မာနိုင္ငံမွ လုပ္ေဖာ္ကိုင္ဖက္အမ်ိဳးသမီးတစ္ဦးအား လိင္ပိုင္းအနိုင္က်င့္ၿပီး ထိုအမ်ိဳးသမီး ေရနစ္ေသဆုံးၿပီးေနာက္ ႐ုပ္အေလာင္းကို မီးရွို့ေဖ်ာက္ဖ်က္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ထိုင္းနိုင္ငံသားအမ်ိဳးသားတစ္ဦးက ရဲတပ္ဖြဲ႕ထံတြင္ ဝန္ခံခဲ့သည္ဟု ဘန္ေကာက္ပို့စ္ ၏ေဖာ္ျပခ်က္အရသိရသည္။

ကဘင္ ဘူရီစီရင္စု တက္သာခန္းရွိ ကုမၸဏီတစ္ခုတြင္ လၽွပ္စစ္ျပဳျပင္ထိန္းသိမ္းေရးသမားအျဖစ္ လုပ္ကိုင္ေသာ အသက္ ၂၇ ႏွစ္အရြယ္ ဘြန္လိုင္ ဘြာမန္းအား ရဲတပ္ဖြဲ႕ဝင္မ်ားက ဆာခါယိုခရိုင္ ဝတ္သန နာခြန္စီရင္စုရွိ ေဆြမ်ိဳးတစ္ဦး၏ေနအိမ္၌ နိုဝင္ဘာ ၁၈ ရက္ေႏွာင္းပိုင္းတြင္ ဖမ္းမိခဲ့ျခင္းျဖစ္သည္။

 

 

ကဘင္ ဘူရီစီရင္စု ဝမ္ သာခ်န္းရွိ ယူကလစ္ပင္စိုက္ခင္းတစ္ခု၌ မီး႐ြို႔ခံထားေရသာ အမ်ိဳးသမီးတစ္ဦး၏႐ုပ္အေလာင္းကို နိုဝင္ဘာ ၁၈ ရက္ အေစာပိုင္းတြင္ ေတြ႕ရွိခဲ့ၿပီးေနာက္ သံသယ႐ြိသူကို လိုက္လံဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အခင္းျဖစ္ပြားရာေနရာကို ရဲတပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးေရးမွူးမ်ား၊ ေသမွုစစ္မ်ားႏွင့္ ဆရာဝႏၼ္ားက သြားေရာက္စစ္ေဆးခဲ့သည္။ ႐ုပ္အေလာင္းကို မီးရွို့ေဖ်ာက္ဖ်က္ရန္ ကားတာယာႏွစ္ခုကို အသုံးျပဳခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

 

 

ေနာက္ပိုင္းတြင္ ရဲအရာရွိမ်ားသည္ ေသဆုံးသူမည္သူျဖစ္သည္ကို စစ္ေဆးေတြ႕ရွိခဲ့သည္။ေသဆုံးသူသည္ ျမန္မာနိုင္ငံသား အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦျဖစ္သည္။

သံသယ႐ြိသူမြာ ေသဆုံးသူႏွင့္အတူ ကုမၸဏီတစ္ခုတည္းတြင္ လုပ္ကိုင္ေနသည့္ ဘြန္လိုင္ ဆိုသူျဖစ္ၿပီး ဘြန္လိုင္သည္ ေသဆုံးသူႏွင့္ ကဘင္ ဘူရီ႐ြိ အေဆာင္တစ္ခုထဲတြင္ သီးျခားအခန္းျဖင့္ ေနထိုင္သူျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္။

 

 

သံသယရွိသူသည္ အမ်ိဳးသမီးအား နိုဝင္ဘာ ၁၄ ရက္တြင္ ၎၏အခန္းမွ အတင္းအက်ပ္ေခၚေဆာင္ခဲ့သည္။ ထိုအမ်ိဳးသမီးႏွင့္ ခ်စ္ကၽြမ္းဝင္ခဲ့ေၾကာင္း ဘြန္လိုင္က ရဲတပ္ဖြဲ႕ထံတြင္ ဝန္ခံခဲ့သည္။

အမ်ိဳးသမီး၏အခန္းထဲတြင္ ဘြန္လိုင္သည္ လိင္ဆက္ဆံနိုင္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း အမ်ိဳးသမီးက ျငင္းပယ္ခဲ့ေသာေၾကာင့္ ရိုက္ႏွက္ၿပီး ဆီအုန္းစိုက္ခင္းမ်ားရွိရာသို့ အမ်ိဳးသမီးကို အတင္းအက်ပ္ေခၚေဆာင္ခဲ့သည္။

 

 

ထို့ေနာက္ ေခြးေဟာင္သံၾကားေသာေၾကာင့္ ဘြန္လိုင္ႏွင့္ အမ်ိဳးသမီးတို့ ထြက္ေျပးၾကရာ ဘြန္လိုင္သည္ အနီးအနား႐ြိ ေရကန္တစ္ခုထဲသို့ အမ်ိဳးသမီးႏွင့္အတူ ခုန္ခ်ခဲ့သည္။ သို့ေသာ္ အမ်ိဳးသမီးသည္ ေရမကူးတတ္ေသာေၾကာင့္ ေရနစ္ေသဆုံးခဲ့ေၾကာင္း ဘြန္လိုင္က ရဲတပ္ဖြဲ႕ကို ေျပာဆိုခဲ့သည္။

ေနာက္တစ္ေန႔တြင္ ဘြန္လိုင္သည္ ပုံမွန္အတိုင္းပင္ အလုပ္သို့သြားေရာက္ခဲ့သည္။ ေနာက္ပိုင္းတြင္ ဘြန္လိုင္သည္ အမ်ိဳးသမီး၏႐ုပ္အေလာင္းကို ေရကန္ထဲမွ ဆယ္ယူကာ

 

 

ယူကလစ္စိုက္ခင္းထဲသို့ သယ္ေဆာင္သြားၿပီး ကားတာယာမ်ားျဖင့္ မီးရွို့ခဲ့သည္။ ထိုသို့လုပ္ေဆာင္ၿပီးေနာက္ ဘြန္လိုင္သည္ ဆာခါယိုသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့သည္။

ေဆြမ်ိဳးတစ္ဦး၏ေနအိမ္၌ သုံးရက္ ခိုလွုံေနစဥ္ ေသဆုံးသူ၏ဝိညာဥ္က ေျခာက္လွန႔္ေသာေၾကာင့္ အိပ္မရခဲ့ေၾကာင္း ဘြန္လိုင္က ဝန္ခံခဲ့သည္။

နံနက္တိုင္း အေစာႀကီးထကာ ဘုန္းႀကီးမ်ားအား ဆြမ္းေလာင္းလွူခဲ့ေသာ္လည္း ေသဆုံးသူ၏ဝိညာဥ္က ေျခာက္လွန႔္ေနဆဲျဖစ္ကာ ေနာက္ဆုံးတြင္ ေသဆုံးသူ၏ အစၼ်ဖစ္သဴထံသို႔ ဖုန္းဆက္အေၾကာင္းၾကားခဲ့ေၾကာင္း ဘြန္လိုင္က ဝန္ခံခဲ့သည္။

သက္ေအး
Source: Bangkok Post
မူရင္းတင္သူအား ခရက္ဒစ္ေပးပါသည္

Unicode

မြန်မာမိန်းကလေးကို အနိုင်ကျင့်ကာ သေဆုံးအောင်လုပ်ခဲ့ပြီးနောက် ဝိညာဉ်ကခြောက်လှန့်တာကြောင့် အပြစ်ကိုဝန်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံသား
မြန်မာနိုင်ငံမှ လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးအား လိင်ပိုင်းအနိုင်ကျင့်ပြီး ထိုအမျိုးသမီး ရေနစ်သေဆုံးပြီးနောက် ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ကြောင်း ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦးက ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်ဟု ဘန်ကောက်ပို့စ် ၏ဖော်ပြချက်အရသိရသည်။

ကဘင် ဘူရီစီရင်စု တက်သာခန်းရှိ ကုမ္ပဏီတစ်ခုတွင် လျှပ်စစ်ပြုပြင်ထိန်းသိမ်းရေးသမားအဖြစ် လုပ်ကိုင်သော အသက် ၂၇ နှစ်အရွယ် ဘွန်လိုင် ဘွာမန်းအား ရဲတပ်ဖွဲ့ဝင်များက ဆာခါယိုခရိုင် ဝတ္သန နာခွန်စီရင်စုရှိ ဆွေမျိုးတစ်ဦး၏နေအိမ်၌ နိုဝင်ဘာ ၁၈ ရက်နှောင်းပိုင်းတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကဘင် ဘူရီစီရင်စု ဝမ် သာချန်းရှိ ယူကလစ်ပင်စိုက်ခင်းတစ်ခု၌ မီးရွို့ခံထားရေသာ အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို နိုဝင်ဘာ ၁၈ ရက် အစောပိုင်းတွင် တွေ့ရှိခဲ့ပြီးနောက် သံသယရွိသူကို လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူးများ၊ သေမှုစစ်များနှင့် ဆရာဝန္မ်ားက သွားရောက်စစ်ဆေးခဲ့သည်။ ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ရန် ကားတာယာနှစ်ခုကို အသုံးပြုခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

နောက်ပိုင်းတွင် ရဲအရာရှိများသည် သေဆုံးသူမည်သူဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။သေဆုံးသူသည် မြန်မာနိုင်ငံသား အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦဖြစ်သည်။

သံသယရွိသူမွာ သေဆုံးသူနှင့်အတူ ကုမ္ပဏီတစ်ခုတည်းတွင် လုပ်ကိုင်နေသည့် ဘွန်လိုင် ဆိုသူဖြစ်ပြီး ဘွန်လိုင်သည် သေဆုံးသူနှင့် ကဘင် ဘူရီရွိ အဆောင်တစ်ခုထဲတွင် သီးခြားအခန်းဖြင့် နေထိုင်သူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သံသယရှိသူသည် အမျိုးသမီးအား နိုဝင်ဘာ ၁၄ ရက်တွင် ၎င်း၏အခန်းမှ အတင်းအကျပ်ခေါ်ဆောင်ခဲ့သည်။ ထိုအမျိုးသမီးနှင့် ချစ်ကျွမ်းဝင်ခဲ့ကြောင်း ဘွန်လိုင်က ရဲတပ်ဖွဲ့ထံတွင် ဝန်ခံခဲ့သည်။

အမျိုးသမီး၏အခန်းထဲတွင် ဘွန်လိုင်သည် လိင်ဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အမျိုးသမီးက ငြင်းပယ်ခဲ့သောကြောင့် ရိုက်နှက်ပြီး ဆီအုန်းစိုက်ခင်းများရှိရာသို့ အမျိုးသမီးကို အတင်းအကျပ်ခေါ်ဆောင်ခဲ့သည်။

ထို့နောက် ခွေးဟောင်သံကြားသောကြောင့် ဘွန်လိုင်နှင့် အမျိုးသမီးတို့ ထွက်ပြေးကြရာ ဘွန်လိုင်သည် အနီးအနားရွိ ရေကန်တစ်ခုထဲသို့ အမျိုးသမီးနှင့်အတူ ခုန်ချခဲ့သည်။ သို့သော် အမျိုးသမီးသည် ရေမကူးတတ်သောကြောင့် ရေနစ်သေဆုံးခဲ့ကြောင်း ဘွန်လိုင်က ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့သည်။

နောက်တစ်နေ့တွင် ဘွန်လိုင်သည် ပုံမှန်အတိုင်းပင် အလုပ်သို့သွားရောက်ခဲ့သည်။ နောက်ပိုင်းတွင် ဘွန်လိုင်သည် အမျိုးသမီး၏ရုပ်အလောင်းကို ရေကန်ထဲမှ ဆယ်ယူကာ

ယူကလစ်စိုက်ခင်းထဲသို့ သယ်ဆောင်သွားပြီး ကားတာယာများဖြင့် မီးရှို့ခဲ့သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် ဘွန်လိုင်သည် ဆာခါယိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဆွေမျိုးတစ်ဦး၏နေအိမ်၌ သုံးရက် ခိုလှုံနေစဉ် သေဆုံးသူ၏ဝိညာဉ်က ခြောက်လှန့်သောကြောင့် အိပ်မရခဲ့ကြောင်း ဘွန်လိုင်က ဝန်ခံခဲ့သည်။

နံနက်တိုင်း အစောကြီးထကာ ဘုန်းကြီးများအား ဆွမ်းလောင်းလှူခဲ့သော်လည်း သေဆုံးသူ၏ဝိညာဉ်က ခြောက်လှန့်နေဆဲဖြစ်ကာ နောက်ဆုံးတွင် သေဆုံးသူ၏ အစ္မျဖစ္သူထံသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ဘွန်လိုင်က ဝန်ခံခဲ့သည်။

သက်အေး
Source: Bangkok Post
မူရင်းတင်သူအား ခရက်ဒစ်ပေးပါသည်