ေပါင္(၄၄၀၀)အထိေလးတဲ့ Sunfish ငါးႀကီးတစ္ေကာင္ကို တံငါသည္မ်ားဖမ္းမိ

ေပါင္(၄၄၀၀)အထိေလးတဲ့ Sunfish ငါးႀကီးတစ္ေကာင္ကို တံငါသည္မ်ားဖမ္းမိ

 

 

အေလးခ်ိန္ ကီလိုဂရမ္အားျဖင့္ (၂၀၀၀)၊ ေပါင္အားျဖင့္ (၄၄၀၀)ေက်ာ္ အေလးခ်ိန္ရွိတဲ့ ဧရာမ Sunfish ငါးႀကီးတစ္ေကာင္ကို ေျမာက္အာဖရိက ကမ္းရိုးတန္းရွိ စပိန္ပိုင္ ေရပိုင္နက္အတြင္းမွာ ဖမ္းဆီးနိုင္ခဲ့ေၾကာင္း သိရပါတယ္။

Ceuta နယ္ေျမခံ တံငါသည္ေတြလို႔ သိရၿပီး၊ ေမာ္ရိုကိုေရပိုင္နက္အစပ္မွာ တည္ရွိပါတယ္။ ဒီဧရာမ Sunfish ငါးႀကီးကို သူတို႔ ပိုက္ကြန္ထဲမွာ မိလိုက္ခ်ိန္မွာေတာ့ တံငါသည္ေတြဟာ အေတာ္ေလး ထူးဆန္းတဲ့ခံစားမႈ ခံစားခဲ့ရပါသတဲ့။

 

 

အေၾကာင္းကေတာ့ သာမန္ငါးေတြကို ပိုက္ကြန္ကေန ဆြဲတင္တဲ့အခါတိုင္း ဒီလို စီးစီးပိုးပိုး ေလးတဲ့ခံစားမႈမ်ိဳး မခံစားခဲ့ရဖူးလို႔ ဆိုပါတယ္။ သူတို႔ဟာ ခ်က္ခ်င္းပဲ Cauta အေျခစိုက္- Seville Universitys Marine Biology Lab ကို ဖုန္းဆက္ အေၾကာင္းၾကားခဲ့ပါတယ္။

ငါးႀကီးကို ေမာ္ေတာ္ေပၚ အေရာက္တင္နိုင္ဖို႔ ကရိန္းကို အသုံးျပဳခဲ့ရၿပီး၊ ဒီေဒသဒီနယ္ပယ္မွာေတာ့ ဒီေပါင္(၄၀၀၀)ေက်ာ္ ငါးႀကီးေလာက္ႀကီးတဲ့ မ်ိဳးတူငါးမ်ိဳး တစ္ခါမွ မဖမ္းမိဖူးေသးဘူးလို႔ ဆိုပါတယ္။ အဏၰဝါသိပၸံပညာရွင္ေတြ ေရာက္လာခ်ိန္-

 

 

ငါးႀကီးကို တိုင္းထြာၾကည့္ခဲ့ရာ အရွည္ (၁၀.၅)ေပ ရွိၿပီး၊ ျဗက္အက်ယ္ (၉.၅)ေပ ရွိေၾကာင္း သိရပါတယ္။ ပညာရွင္ေတြဟာ လိုအပ္တဲ့တိုင္းထြာမႈေတြ၊ DNA နမူနာေတြ ရယူၿပီးေနာက္ ငါးႀကီးကို ေရထဲ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။

Crd

Unicode

ပေါင်(၄၄၀၀)အထိလေးတဲ့ Sunfish ငါးကြီးတစ်ကောင်ကို တံငါသည်များဖမ်းမိ

 

 

အလေးချိန် ကီလိုဂရမ်အားဖြင့် (၂၀၀၀)၊ ပေါင်အားဖြင့် (၄၄၀၀)ကျော် အလေးချိန်ရှိတဲ့ ဧရာမ Sunfish ငါးကြီးတစ်ကောင်ကို မြောက်အာဖရိက ကမ်းရိုးတန်းရှိ စပိန်ပိုင် ရေပိုင်နက်အတွင်းမှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

Ceuta နယ်မြေခံ တံငါသည်တွေလို့ သိရပြီး၊ မော်ရိုကိုရေပိုင်နက်အစပ်မှာ တည်ရှိပါတယ်။ ဒီဧရာမ Sunfish ငါးကြီးကို သူတို့ ပိုက်ကွန်ထဲမှာ မိလိုက်ချိန်မှာတော့ တံငါသည်တွေဟာ အတော်လေး ထူးဆန်းတဲ့ခံစားမှု ခံစားခဲ့ရပါသတဲ့။

 

 

အကြောင်းကတော့ သာမန်ငါးတွေကို ပိုက်ကွန်ကနေ ဆွဲတင်တဲ့အခါတိုင်း ဒီလို စီးစီးပိုးပိုး လေးတဲ့ခံစားမှုမျိုး မခံစားခဲ့ရဖူးလို့ ဆိုပါတယ်။ သူတို့ဟာ ချက်ချင်းပဲ Cauta အခြေစိုက်- Seville Universitys Marine Biology Lab ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။

ငါးကြီးကို မော်တော်ပေါ် အရောက်တင်နိုင်ဖို့ ကရိန်းကို အသုံးပြုခဲ့ရပြီး၊ ဒီဒေသဒီနယ်ပယ်မှာတော့ ဒီပေါင်(၄၀၀၀)ကျော် ငါးကြီးလောက်ကြီးတဲ့ မျိုးတူငါးမျိုး တစ်ခါမှ မဖမ်းမိဖူးသေးဘူးလို့ ဆိုပါတယ်။ အဏ္ဏဝါသိပ္ပံပညာရှင်တွေ ရောက်လာချိန်-

 

 

ငါးကြီးကို တိုင်းထွာကြည့်ခဲ့ရာ အရှည် (၁၀.၅)ပေ ရှိပြီး၊ ဗြက်အကျယ် (၉.၅)ပေ ရှိကြောင်း သိရပါတယ်။ ပညာရှင်တွေဟာ လိုအပ်တဲ့တိုင်းထွာမှုတွေ၊ DNA နမူနာတွေ ရယူပြီးနောက် ငါးကြီးကို ရေထဲ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

Crd