ငါးဟင္းတစ္ပြဲ ၅ သိန္းေက်ာ္နဲ႔ ေရာင္းခဲ့တဲ့ စားေသာက္ဆိုင္ ျပင္းထန္ေသာ ဒဏ္ေငြခ်မွတ္ခံရ

ငါးဟင္းတစ္ပြဲ ၅ သိန္းေက်ာ္နဲ႔ ေရာင္းခဲ့တဲ့ စားေသာက္ဆိုင္ ျပင္းထန္ေသာ ဒဏ္ေငြခ်မွတ္ခံရ

 

 

မေလးရွားနိုင္ငံက စားေသာက္ဆိုင္တစ္ခုဟာ ကကတစ္ငါးဟင္းတစ္ပြဲကို ျမန္မာက်ပ္ေငြ (၅)သိန္းေက်ာ္ေလာက္နဲ႕ ေရာင္းခ်ခဲ့တာေၾကာင့္ အေတာ္ေလး နာမည္ႀကီးေနပါတယ္။ မေလးရွားရင္းဂစ္ေငြအားျဖင့္ အဲဒီငါးဟင္းတစ္ပြဲကို ရင္းဂစ္(၁၀၀၀)ေက်ာ္ ေပးခဲ့ရတာကို ေငြေတာင္းေဘာင္ခ်ာထဲမွာ ေတြ႕ရပါတယ္။

ေဘာင္ခ်ာထဲမွာပါတဲ့ Siakap လို႔ ေရးထားတဲ့စာဟာ ကကတစ္ငါးဟင္းကို ရည္ၫႊန္းပါတယ္။ အတိအက္ ေတာင္းခံေငြမွာ ရင္းဂစ္ (၁၁၉၆.၈၀)ျဖစ္ၿပီး၊ လက္ရွိေငြေပါက္ေဈးအရေတာ့ ျမန္မာက်ပ္ေငြ (၅)သိန္းေက်ာ္နဲ႕ ညီမွ်ပါတယ္။ ဒီေဘာင္ခ်ာဟာ လႏၠာဝီက ေရေပၚစားေသာက္ဆိုင္တစ္ခုဆီက ျဖစ္ပါတယ္။

 

 

စားသုံးသူဟာ (၇.၈)ကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ ကကတစ္ငါးဟင္းနဲ႕ အျခားအမယ္ေတြကို မွာယူခဲ့ပုံရၿပီး၊ စုေပါင္းတန္ဖိုးအားျဖင့္ ရင္းဂစ္ (၁၈၀၀)ေက်ာ္ ရွင္းခဲ့ရပါတယ္။ နိုဝင္ဘာလ(၁၇)ရကၠ ျဖစ္ခဲ့တဲ့ ဒီအျဖစ္အပ်က္နဲ႕အတူ အဲဒီဆိုင္ကို လူမႈကြန္ရက္မွာ ေဝဖန္သံေတြ ညံေနခဲ့ပါတယ္။

ဆိုင္ဘက္ကေတာ့ သူတို႔ဟာ မွ်မွ်တတနဲ႕ ေရာင္းခ်ေနတာလို႔ ဆိုထားၿပီး၊ သက္ဆိုင္ရာ အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးမႈေတြ စတင္ေနၿပီလို႔ သိရပါတယ္။ အဲဒီဆိုင္ဟာ ကကတစ္ငါးဟင္းကိုသာ ေဈးႏႈန္းႀကီးျမင့္ျခင္း မဟုတ္ဘဲ၊ အျခားဟင္းအမယ္ေတြကလည္း တျခားဆိုင္ေတြထက္ ပိုပိုသာသာ မ်ားေနတယ္လို႔ သိရပါတယ္။

 

 

သိရသေလာက္ေတာ့ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕က အဆိုပါဆိုင္ကို ဥပေဒမွာတရားဝင္ ျပ႒ာန္းထားတဲ့ ကုန္ေဈးႏႈန္းထိန္းခ်ဳပ္ေရးနဲ႕ အျမတ္ႀကီးစားမႈတိုက္ဖ်က္ေရးအက္ အခန္း(၅၃)(က)အရ စုံစမ္းစစ္ေဆးခံေနရၿပီး၊ လုံေလာက္တဲ့ သက္ေသအေထာက္အထားေတြ ထပ္ရခဲ့ရင္ေတာ့ သူတို႔ ေရာင္းခ်တဲ့ေဈးထက္ အဆေပါင္း(၁၀၀)ေလာက္အထိ ဒဏ္ရိုက္ခံရဖို႔ ရွိေနပါတယ္။

ျပစ္မႈထင္ရွားရင္ အဲဒီဆိုင္ဟာ မေလးရွားရင္းဂစ္ တစ္သိန္းေလာက္အထိ ဒဏ္တပ္ခံရဖို႔ ရွိေနတာပါ။ အခန္း(၅၃)(ခ)အရ ဒုတိယအႀကိမ္ဆိုရင္ ရင္းဂစ္ (၂)သိန္းအခြဲအထိ ဒဏၱပၡံရမြာပါ။ ဒီထက္ဆက္ၿပီးဆိုးေနရင္ေတာ့ ဆိုင္ကို ပိတ္သိမ္းတာမ်ိဳးထိ အာဏာပိုင္ေတြမွာ လုပ္ပိုင္ခြင့္ရွိတယ္လို႔ သိရပါတယ္။

 

 

 

ဆိုင္ရွင္ရဲ႕အဆိုအရေတာ့ သူတို႔ဟာ လြန္ခဲ့တဲ့ (၃)ႏွစ္အတြင္းကတည္းက ကကတစ္ (၁၀၀)ဂရမၠို (၁၆)ရင္းဂစ္နဲ႕ ေရာင္းခ်ခဲ့တာျဖစ္ေၾကာင္း(ဆိုရလွ်င္ (၁)ကီလိုဂရမ္မွာ (၁၀၀၀)ဂရမ္ျဖစ္တာေၾကာင့္ ငါးတစၠီလိုဂရမၠို ရင္းဂစ္(၁၆၀)ေလာက္ ေရာင္းခဲ့ပုံပါ) ၊ ဒီလိုျပႆနာမ်ိဳး တစ္ခါမွ မျဖစ္ခဲ့ဖူးဘူးလို႔ ဆိုထားပါတယ္။ ထင္ရွားတဲ့ သက္ေသအေထာက္အထားေတာ့ မ႐ြိခဲ့ပါဘူး။

Crd

Unicode

ငါးဟင်းတစ်ပွဲ ၅ သိန်းကျော်နဲ့ ရောင်းခဲ့တဲ့ စားသောက်ဆိုင် ပြင်းထန်သော ဒဏ်ငွေချမှတ်ခံရ

မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုဟာ ကကတစ်ငါးဟင်းတစ်ပွဲကို မြန်မာကျပ်ငွေ (၅)သိန်းကျော်လောက်နဲ့ ရောင်းချခဲ့တာကြောင့် အတော်လေး နာမည်ကြီးနေပါတယ်။ မလေးရှားရင်းဂစ်ငွေအားဖြင့် အဲဒီငါးဟင်းတစ်ပွဲကို ရင်းဂစ်(၁၀၀၀)ကျော် ပေးခဲ့ရတာကို ငွေတောင်းဘောင်ချာထဲမှာ တွေ့ရပါတယ်။

ဘောင်ချာထဲမှာပါတဲ့ Siakap လို့ ရေးထားတဲ့စာဟာ ကကတစ်ငါးဟင်းကို ရည်ညွှန်းပါတယ်။ အတိအက် တောင်းခံငွေမှာ ရင်းဂစ် (၁၁၉၆.၈၀)ဖြစ်ပြီး၊ လက်ရှိငွေပေါက်ဈေးအရတော့ မြန်မာကျပ်ငွေ (၅)သိန်းကျော်နဲ့ ညီမျှပါတယ်။ ဒီဘောင်ချာဟာ လန္ကာဝီက ရေပေါ်စားသောက်ဆိုင်တစ်ခုဆီက ဖြစ်ပါတယ်။

စားသုံးသူဟာ (၇.၈)ကီလိုဂရမ်အလေးချိန်ရှိတဲ့ ကကတစ်ငါးဟင်းနဲ့ အခြားအမယ်တွေကို မှာယူခဲ့ပုံရပြီး၊ စုပေါင်းတန်ဖိုးအားဖြင့် ရင်းဂစ် (၁၈၀၀)ကျော် ရှင်းခဲ့ရပါတယ်။ နိုဝင်ဘာလ(၁၇)ရက္က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်နဲ့အတူ အဲဒီဆိုင်ကို လူမှုကွန်ရက်မှာ ဝေဖန်သံတွေ ညံနေခဲ့ပါတယ်။

ဆိုင်ဘက်ကတော့ သူတို့ဟာ မျှမျှတတနဲ့ ရောင်းချနေတာလို့ ဆိုထားပြီး၊ သက်ဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ အဲဒီဆိုင်ဟာ ကကတစ်ငါးဟင်းကိုသာ ဈေးနှုန်းကြီးမြင့်ခြင်း မဟုတ်ဘဲ၊ အခြားဟင်းအမယ်တွေကလည်း တခြားဆိုင်တွေထက် ပိုပိုသာသာ များနေတယ်လို့ သိရပါတယ်။

သိရသလောက်တော့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က အဆိုပါဆိုင်ကို ဥပဒေမှာတရားဝင် ပြဋ္ဌာန်းထားတဲ့ ကုန်ဈေးနှုန်းထိန်းချုပ်ရေးနဲ့ အမြတ်ကြီးစားမှုတိုက်ဖျက်ရေးအက် အခန်း(၅၃)(က)အရ စုံစမ်းစစ်ဆေးခံနေရပြီး၊ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ထပ်ရခဲ့ရင်တော့ သူတို့ ရောင်းချတဲ့ဈေးထက် အဆပေါင်း(၁၀၀)လောက်အထိ ဒဏ်ရိုက်ခံရဖို့ ရှိနေပါတယ်။

ပြစ်မှုထင်ရှားရင် အဲဒီဆိုင်ဟာ မလေးရှားရင်းဂစ် တစ်သိန်းလောက်အထိ ဒဏ်တပ်ခံရဖို့ ရှိနေတာပါ။ အခန်း(၅၃)(ခ)အရ ဒုတိယအကြိမ်ဆိုရင် ရင်းဂစ် (၂)သိန်းအခွဲအထိ ဒဏ္တပ္ခံရမွာပါ။ ဒီထက်ဆက်ပြီးဆိုးနေရင်တော့ ဆိုင်ကို ပိတ်သိမ်းတာမျိုးထိ အာဏာပိုင်တွေမှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ဆိုင်ရှင်ရဲ့အဆိုအရတော့ သူတို့ဟာ လွန်ခဲ့တဲ့ (၃)နှစ်အတွင်းကတည်းက ကကတစ် (၁၀၀)ဂရမ္ကို (၁၆)ရင်းဂစ်နဲ့ ရောင်းချခဲ့တာဖြစ်ကြောင်း(ဆိုရလျှင် (၁)ကီလိုဂရမ်မှာ (၁၀၀၀)ဂရမ်ဖြစ်တာကြောင့် ငါးတစ္ကီလိုဂရမ္ကို ရင်းဂစ်(၁၆၀)လောက် ရောင်းခဲ့ပုံပါ) ၊ ဒီလိုပြဿနာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့ ဆိုထားပါတယ်။ ထင်ရှားတဲ့ သက်သေအထောက်အထားတော့ မရွိခဲ့ပါဘူး။

Crd