

 

 

 


 

 


 

 


Crd

Unicode

သူငယ်ချင်းကို စနောက်ဖို့ ပုန်းအောင်းရင်း ကျဉ်းမြောင်းတဲ့ နံရံနှစ်ခုကြားမှာ ပိတ်မိနေခဲ့တဲ့ ကောင်လေး

 

 

 

တရုတ်နိုင်ငံ၊ Guigang ပြည်နယ်က အသက် ၇ နှစ် ၈ နှစ်အရွယ်လောက် ကလေးတစ်ဦးဟာ ကျဉ်းမြောင်းတဲ့ နံရံနှစ်ခုကြားမှာ ကစားရင်း ညှပ်မိနေခဲ့ပါတယ် ။ အဆိုပါ နံရံနှစ်ခုကြားအကွာအဝေးက ၂၀ စင်တီမီတာ ခန့်ရှိကြောင်း သိရှိရပြီး လုံးဝလှုပ်ရှားလို့မရတဲ့ အနေအထားမှာ ရှိနေပါတယ် ။ ကောင်လေးက ကြောက်ရွံ့ထိတ်လန့်မှုတွေကြောင့် ရုန်းထွက်ဖို့ ရုန်းကန်ခဲ့ရပြီး ထိတ်လန့်တကြား ငိုကြွေးလို့ မဆုံးနိုင်တော့ပါဘူး ။ အချိန်အတော်ကြာအောင် ချုပ်နှောင်ထားပြီးနောက် အဆက်မပြတ် လှုပ်လှုပ်ရွရွ အော်ဟစ်ငိုယိုနေပေမယ့် ပိုလှုပ်ရှားလာလေ ပိုနာကျင်ပြီး ပိုကျယ်လောင်လာလေပါပဲ ။

 

 

မိသားစုဝင်များနဲ့ အိမ်နီးနားချင်းများက ကောင်လေးကို ကူညီရန် လာရောက်ခဲ့သော်လည်း မတတ်နိုင်ခဲ့ပါဘူး ။ ထို့နောက် မီးသတ်တပ်ဖွဲ့ကို ခေါ်ပြီး မီးသတ်သမားများ ရောက်လာတဲ့အခါမှ မီးသတ်ရဲဘော်များက ကလေးငယ်ကို အဆက်မပြတ်နှစ်သိမ့်ပေးခဲ့ကြပြီး နံရံကို ဖြတ်စီးပစ်ခဲ့ရပါတယ် ။ အဲ့ဒီနောက် ကောင်လေးကို အောင်မြင်စွာ ကယ်ဆယ်ပြီး သူ့ကျန်းမာရေးကို စစ်ဆေးဖို့ ဆေးရုံကို ခေါ်သွားခဲ့ပါတယ် ။

 

 

အခင်းဖြစ်နေရာမှာ ရှိနေသူများရဲ့ ပြောကြားချက်အရ ထိုအချိန်မှာ ကလေးငယ် ၅ ဦး၊ ၆ ဦး အချင်းချင်း ဆော့ကစားနေကြောင်း သိရပါတယ် ။ ဒီကောင်လေးက သူ့သူငယ်ချင်းတွေကို နောက်ပြောင်ချင်တာကြောင့် သူတို့ကိုခြောက်လန့်ဖို့ တစ်ဖက်ကနေပြေးဖို့ ကြံပြီး နံရံထောင့်မှာ ပုန်းနေလိုက်ပါတယ် ။ ဒါပေမဲ့ နံရံနှစ်ခုကြားရှိ ကွာဟချက်က ကျဉ်းမြောင်းနေတာကြောင့် သူက မတော်တဆမှုတစ်ခုနဲ့ အလယ်တွင် ပိတ်မိသွားခဲ့တာပါ ။

Crd