

 

 

 



 

 


 

 


 

 



 

 

နေ့တိုင်းကျွေးမှာလား သမီးရယ်တဲ့လေ ကျွေးမှာပေါ့ အဘိုးရယ်ဆိုတော့

 

 



 

 

နေ့တိုင်းကျွေးမှာလား သမီးရယ်တဲ့လေ ကျွေးမှာပေါ့ အဘိုးရယ်ဆိုတော့ ဝမ်းသာနေလေရဲ့ကိုယ်လုပ်တဲ့ အလုပ်အပေါ် ဝမ်းသာပိတိဖြစ်မိတယ်


 

 


 

 

လိပ္စာက


Crd

Unicode

အဝစား တစ္ပြဲ ၅၀၀ ကျပ်ဖြင့်သာ ရောင်းချပေးနေတဲ့ ရန်ကုန် မြောက်ဥက္ကလာက စေတနာရှင် ရွှေဘိုသူ ထမင်းဆိုင်

ပြည်သူတွေကတော့ ဒီနှစ်အတွင်းမှာ အတော်လေး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ကိုဗစ်ဖြစ်ပွားပြီးချိန်မှာပဲ ရုတ်တရက် ပြောင်းလဲခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် စီးပွားရေးကစလို့ အစစ အရာရာ အဆင်မပြေခဲ့ပါဘူး ။

အခုဆို ကိုဗစ် တတိယလှိုင်းကလည်း တစ်ကျော့ပြန်လည် ရောက်ရှိလာတာကြောင့် ကျပ်တည်းမှုတွေရော ၊ ရောဂါ ကူစက်ခံရတာတွေရော အစုံကို အားတင်းကာ ဖြတ်သန်းနေရပါတယ် ။

ဒီလို အားလုံးကျပ်တည်းနေချိန်မှာ တစ်ချို့ကလည်း ကုန်ဈေးနှုန်းတွေကို အမြတ်ကြီးစားကာ အဆမတန် ရောင်းချနေတာကို စိတ်မကောင်းစွာတွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ခုဆိုရင် ဒီလိုဈေးတင်ရောင်းနေတဲ့ ကုန်ပစ္စည်းတွေကို စေတနာရှင် ပြည်သူတွေ လှူဒါန်းပေးတာတွေ ဈေးနှုန်းအနည်းငယ်နဲ့ လူတန်းစားမရွေး ဝယ်ယူနိုင်အောင် နေရာတော်တော်များများမှာ ရောင်းချပေးလာကြတာကို တွေ့ရပါတယ် ။

ရန်ကုန် မြောက်ဥက္ကလာမှာလည်း အဝစား ၅၀၀ ဆိုင်ပေါ်ပေါက်လာပြီ

နိုဝင်ဘာ၂၃ရက်နေ့မှ စတင်ပြီး မြောက်ဥက္ကလာ
၊အမှတ် ၅၂၉/ ၅၃၀ သုနဒ္ဒါပတ်လမ်းမ ပုလဲ၃လမ်းနဲ့ ၄လမ်းကြား ဌ ရပ်ကွက် တွင်

ရွှေဘိုသူ တန်ဖိုးနည်း ထမင်းဆိုင်မှ အဝစား တစ္ပြဲ ၅၀၀ ကျပ်ဖြင့် ရောင်းချပေးနေပါတယ်။နံနက် ၁၁နာရီမွ နေ့လည် ၁ နာရီအတွင်း ရောင်းချနေတာပဲဖြစ်ပါတယ်။ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်

ရန်ကုန် မြောက်ဥက္ကလာပမှ ရွှေဘိုသူ အဝစား ၅၀၀ ကျပ် ဆိုင်မှ ဆိုင်ရှင်ရဲ့ ပီတိ
နေ့တိုင်းကျေွးမှာလား သမီးရယ်တဲ့လေ ကျေွးမှာပေါ့ အဘိုးရယ်ဆိုတော့

၁ နာရီလည်းထိုးရော ဟင်းလည်းကုန် ထမင်းလည်းကုန်ဘဲ အိမ်ကလူတွေ မျှတ စားလိုက်ရတယ်အိမ်ချက်ဟင်းလက်ရာလေးမို့ စားလို့လည်းကောင်းလို့ ကျေးဇူးတင်ပါတယ်တဲ့

သံဃာတပါးဆွမ်းကပ်လိုက်ရတယ်မသန်စွမ်းသူများ အသက်ကြီးသော်လည်း ဆင်းရဲပင်ပန်းစွာ တွန်းလှည်းတွန်းနေတဲ့ အဘိုးမ်ား လာစားတာတွေ့ရတယ်

နေ့တိုင်းကျေွးမှာလား သမီးရယ်တဲ့လေ ကျေွးမှာပေါ့ အဘိုးရယ်ဆိုတော့ ဝမ်းသာနေလေရဲ့ကိုယ်လုပ်တဲ့ အလုပ်အပေါ် ဝမ်းသာပိတိဖြစ်မိတယ်

လုပ်နေတဲ့အချိန် လုပ်နိုင်တဲ့အချိန်မှာ စိတ်ရော ကိုယ်ပါ နှစ်လုပ်ပြီး ကုသိုလ်ယူနေပါတယ်အားဖြည့် လှူကြတဲ့ အလှုရှင်များအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင်

၂၃.၁၁.၂၀၂၁ နေ့မှ စတင်ပြီး နံနက် ၁၁ နာရီမွ နေ့လည် ၁ နာရီအတွင်း ရောင်းချပေးနေပါတယ်။

လိပ္စာက
အမှတ် ၅၂၉/ ၅၃၀ သုနဒ္ဒါပတ်လမ်းမ ပုလဲ (၃) လမ်းနဲ့ (၄) လမ်းကြား (ဌ) ရပ်ကွက် မြောက်ဥက္ကလာပ ကားကြီးဂိတ်မှတ်တိုင် အနီး မီးပွိုင့်နားမှာ ဖြစ်ပါတယ်။

ဒီလိုရောင်းချပေးတာကြောင့် ခက်ခဲနေသူတွေ ခဏာတာလောက် ဖြစ်ဖြစ် အဆင်ပြေသွားကြရင်ကို ကြည်နူး ပီတိဖြစ်စရာပဲ မဟုတ္လား ။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း ပြည်သူအားလုံး အခက်အခဲတိုင်းကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

Crd