

 

 


 

 


 

 


 

 


Crd

Unicode

သမီးလိုပင်ချစ်ခင်ရသော ချွေးမဖြစ်သူကို နောက်အိမ်ထောင်ပြုရန် ကိုယ်တိုင် ခွင့်ပြုခဲ့သော်လည်း ခွဲခွာရချိန်မှာတော့ ဝမ်းနည်းလွန်းလို့ ငိုကြွေးနေခဲ့တဲ့ ယောက္ခမ

 

 

တရုတ်နိုင်ငံ Hubeiပြည်နယ်တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲရှိ ချွေးမနှင့် ယောက္ခမဖြစ်သူတို့ဧ။် ပုံရိပ်လေးသည် လူတိုင်းရဲ့ရင်ထဲကို ထိမိစေခဲ့သည်။

 

 

အကြောင်းမှာ ချွေးမလေးသည် ကံဆိုးစွာဖြင့် သူမဧ။်ခင်ပွန်းသည်မှာ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသြားခဲ့ရာ ငယ်ငယ်ရွယ်ရွယ်နှင့် ကလေးတစ်ယောက်နှင့်အတူ မုဆိုးမဘဝကို ရောက်ရှိခဲ့သည်။

 

 

ထိုစဉ် ယောက္ခမဖြစ်သူသည် သားဖြစ်သူဆုံးပါးသွားသော်လည်း ချွေးမလေးကို သမီးရင်းချာတစ်ယောက်လို ပြုမူဆက်ဆံပေးပြီး ဂရုစိုက်ချစ်ပေးခဲ့ရာ အသက်ကလည်း အငယ်လေးရှိသေးတာကြောင့် ၅နှစ်အကြာတွင် နောက်အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့သည်။

 

 

မိန်းကလေးလည်း ယောက္ခမဖြစ်သူ စိတ်ချမ်းသာအောင်ဆိုပြီး စကားနားထောင်သည့်အနေဖြင့် သဘောကျပေးစားတဲ့သူနှင့် မငြင်းဆန်ပဲ လက်ထပ်ခဲ့လိုက်ပြီး ခင်ပွန်းသစ်နောက်လိုက်ပါသွားချိန်မှာတော့ ယောက္ခမဖြစ်သူမှာ ဝမ်းနည်းငိုကြွေးရင်း နှုတ်ဆက်ခဲ့သည်။

Crd