သခင့္ရဲ႕ ပိုက္ဆံ နဲ႕ မွတ္ပုံတင္ ေတြကိုကိုက္ၿဖဲၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့တဲ့ ေခြးေလး

သခင့္ရဲ႕ ပိုက္ဆံ နဲ႕ မွတ္ပုံတင္ ေတြကိုကိုက္ၿဖဲၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့တဲ့ ေခြးေလး

 

 

 

ေခြးေလးေတြအေတာ္မ်ားမ်ားက ပစၥည္းေတြကို ကိုက္ၿဖဲတတ္တဲ့အက်င့္ေလးေတြ ရွိတတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါပစၥည္းေတြကို ကိုက္ၿဖဲၿပီးရင္ သခင္ျဖစ္သူေတြ စိတ္မဆိုးေအာင္ ၊ ဆူဆဲတာမခံရေအာင္ မ်ိဳးစုံအႀကံထုတ္တတ္ေလ့ရွိၾကပါေသးတယ္ ။

 

 

ဒီတစ္ေခါက္မွာလည္း ထိုင္းနိုင္ငံက ေခြးေလးတစ္ေကာင္ဟာ သခင့္ျဖစ္သူလြယ္အိတ္ကို ဘယ္သူမွမသိေအာင္ ေနအိမ္အျပင္ဖက္သို႔ ဆြဲထုတ္သြားၿပီးေနာက္ ၊ အိတ္ေတြမွာထည့္ထားတဲ့ ပစၥည္းေတြ ၊ ပိုက္ဆံေတြ ၊ မွတ္ပုံတင္ေတြကို ကိုက္ၿဖဲပစ္လိုက္ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို သခင္ျဖစ္သူေတြ႕ရွိသြားၿပီးေနာက္မွာေတာ့ အဆူအဆဲမခံရေအာင္ ေခြးေလးက အိပ္ခ်င္ေယာင္ေဆာင္ေနခဲ့တာပါ ။

 

 

အစပိုင္းမွာေတာ့ သခင္ျဖစ္သူက စိတ္ဆိုးေဒါသထြက္ခဲ့ေပမဲ့လည္း ေနာက္ဆုံးေတာ့ ေခြးေလးရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့အျပဳအမႈကိုေတြ႕ၿပီး ရယ္ရမလို ၊ ငိုရမလိုျဖစ္ခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ကို သခင္ျဖစ္သူက ဓာတ္ပုံရိုက္ထားၿပီး သူကြၽန္ေတာ့္ရဲ႕ ပိုက္ဆံ နဲ႕ မွတ္ပုံတင္ေတြကို ကိုက္ၿဖဲပစ္တယ္ ဆိုတဲ့စာသားေလးနဲ႕ Facebook စာမ်က္ႏွာေပၚ ေဝမွ်ထားခဲ့တာပါ ။

 

 

အခ်ိဳ႕ေသာသူေတြက ေခြးေလးရဲ႕အျပဳအမႈကို သခင္ျဖစ္သူက အစာမဝယ္ေကြၽးေတာ့ လက္စာေခ်ေနတဲ့႐ုပ္နဲ႕ ဆိုၿပီး comment မွာ ထင္ျမင္ခ်က္ ေရးသားခဲ့ၾကပါတယ္ ။

Crd

Unicode

သခင့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေကိုကိုက်ဖြဲပြီး အိပ်ချင်ယောင်ဆောင်နေခဲ့တဲ့ ခွေးလေး

 

 

 

ခွေးလေးတွေအတော်များများက ပစ္စည်းတွေကို ကိုက်ဖြဲတတ်တဲ့အကျင့်လေးတွေ ရှိတတ်ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါပစ္စည်းတွေကို ကိုက်ဖြဲပြီးရင် သခင်ဖြစ်သူတွေ စိတ်မဆိုးအောင် ၊ ဆူဆဲတာမခံရအောင် မျိုးစုံအကြံထုတ်တတ်လေ့ရှိကြပါသေးတယ် ။

 

 

ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်ဟာ သခင့်ဖြစ်သူလွယ်အိတ်ကို ဘယ်သူမှမသိအောင် နေအိမ်အပြင်ဖက်သို့ ဆွဲထုတ်သွားပြီးနောက် ၊ အိတ်တွေမှာထည့်ထားတဲ့ ပစ္စည်းတွေ ၊ ပိုက်ဆံတွေ ၊ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်လိုက်ပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူတွေ့ရှိသွားပြီးနောက်မှာတော့ အဆူအဆဲမခံရအောင် ခွေးလေးက အိပ်ချင်ယောင်ဆောင်နေခဲ့တာပါ ။

 

 

အစပိုင်းမှာတော့ သခင်ဖြစ်သူက စိတ်ဆိုးဒေါသထွက်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ ခွေးလေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုကိုတွေ့ပြီး ရယ်ရမလို ၊ ငိုရမလိုဖြစ်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ထားပြီး သူကျွန်တော့်ရဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင်တွေကို ကိုက်ဖြဲပစ်တယ် ဆိုတဲ့စာသားလေးနဲ့ Facebook စာမျက်နှာပေါ် ဝေမျှထားခဲ့တာပါ ။

 

 

အချို့သောသူတွေက ခွေးလေးရဲ့အပြုအမှုကို သခင်ဖြစ်သူက အစာမဝယ်ကျွေးတော့ လက်စာချေနေတဲ့ရုပ်နဲ့ ဆိုပြီး comment မှာ ထင်မြင်ချက် ရေးသားခဲ့ကြပါတယ် ။

Crd