

 

 

 


 

 



 

 



 

 


 

 


Crd

Unicode

ဇနီးဖြစ်သူ မီးဖွားနေစဉ်အတွင်း ကေလးထြက္လာတာကို စောင့်ကြည့်နေရင်း သတိလစ်မူးလဲသွားခဲ့သည့် ခင်ပွန်းသည်

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းအပြင် သူမတွေ့ကြုံခံစားခဲ့ရတဲ့ အံ့သြစရာအကောင်းဆုံး အခိုက်အတန့်ကတော့ အံ့သြစရာကောင်းတဲ့ လူတစ်ယောက်အဖြစ်ကြီးပြင်းလာမယ့် အံ့သဩစရာကောင်းတဲ့ကလေးလေးမွေးဖွားခြင်းပါပဲ။ ဤအချိန်ဟာ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးရဲ့ဘဝတွင် ပြီးပြည့်စုံသောအခိုက်အတန့်တစ်ခုဖြစ်နိုင်ပေမဲ့လည်း အချို့သောဖခင်များကတော့ ကလေးမွေးဖွားခြင်းရဲ့ယာယီစိတ်ဒဏ်ရာကို ခံနိုင်ရည်မရှိကြပါဘူး။ သို့ပေမဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးမွေးပြီးသည့်နောက် ပြုံးကာ ဆယ်လ်ဖီရိုက်နိုင်ခဲ့ပါတယ်။ သူမဟာ သူမကလေးမီးဖွားနိုင်ခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာ ခွဲစိတ်ခန်းသုံးဦးထုပ်နှင့် ကလေးမီးဖွားခန်း၀တ်စုံကိုဝတ်ဆင်ထားတဲ့ ကြမ်းပြင်ပေါ်တွင် သတိလစ်သွားသည့်ခင်ပွန်းဖြစ်သူရဲ့ ရယ်မောဖွယ်ဓာတ်ပုံကို ရိုက်ကူးနိုင်ခဲ့ပါတယ်။

ကြည့်ပုံအရ မိခင်ဖြစ်လာမဲ့ဇနီးက ကလေးမွေးဖွားခြင်းဖြစ်စဉ်ရဲ့ခဏတာနာကျင်မှုကို ကျော်လွှားနိုင်ပေမဲ့လည်း သူမရဲ့ခင်ပွန်းကတော့ ထိုအခိုက်အတန့်ကိုတောင် မကြည့်နိုင်ဘဲ ဇနီးသည်ရဲ့အဖြစ်က်ုကြည့်ပြီး သတိလစ်မေ့မြောသွားပုံရပါတယ်။

သူမရဲ့ခင်ပွန်းဟာ အကာအကွယ်ဝတ်စုံအပြည့်ကို ၀တ်ဆင်ထားပြီး ဓာတ်ပုံရဲ့နောက်ခံက ကြမ်းပြင်ပေါ်မှာလဲလျောင်းနေသည်ကို မြင်တွေ့နိုင်ပါတယ်။ ကလေးမီးဖွားပြီးနောက် ဆေးကုသမှုများစွာလိုအပ်တဲ့သူက မိခင်ဖြစ်သူဆိုပေမဲ့ သူနာပြုများက ခင်ပွန်းသည်ကို ပိုပြီးဂရုစိုက်နေကြရပုံရနေပါတယ်။

မွေးကင်းစကလေးကို ချီထားတဲ့ သူနာပြုတောင်မှ ကလေးနဲ့ မိခင်ကို ပြုစုရတာထက် သတိမေ့နေတဲ့ခင်ပွန်းသည်ကို ပိုအလေးထားနေရပုံလည်းပေါက်နေခဲ့ပါတယ်။

၎င်းရယ်စရာကောင်းတဲ့အခိုက်အတန့်ကို Instagram မှာတင်ခဲ့ပြီး တစ်ရက်အတွင်းမှာပဲ အင်တာနက်အသုံးပြုသူတွေရဲ့ ရာနဲ့ချီတဲ့ like နဲ့ comment တွေကို ရရှိခဲ့ပါတယ်။

အင်စတာဂရမ်မှာ တင်ထားတဲ့၎င်းရယ်စရာကောင်းတဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး မှတ်ချက်အချို့ကတော့ ဒါက ကောင်းမွန်တဲ့ အားပေးမှုတွေနဲ့ နောင်နှစ်ပေါင်းများစွာအတွက် အမှတ်တရကောင်းတွေ ပျော်ရွှင်ပါစေ ၊ အဲဒီလူက ဒါကို ဘယ်တော့မှ ဖြတ်သန်းနိုင်မှာ မဟုတ္ဘူး။ ရီစရာကြီးရယ် ၊ အဲ့ဒါကြောင့် မိန်းမတွေက ပိုသန်မာလို့ မိန်းမတွေကဘဲ ကလေးမွေးထုတ်တာပေါ့ ဟူတဲ့မှတ်ချက်မျိုးစုံဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။

ဒါဟာ ၎င်းတို့ဇနီးမောင်နှံရဲ့ ကြီးပြင်းလာမဲ့ကလေးကို ပြန်ပြောပြရမယ့်ပုံပြင်ကောင်းတစ်ခုဖြစ်လာမှာ အသေအချာဘဲပေါ့ဗျာ။

Crd