

 

 

 


 

 


 

 


 

 

 


 

 

 


Crd

Unicode

ခင်ပွန်းဖြစ်သူနှင့် နေ့တိုင်းလိုလိုရန်ဖြစ်ပြီး တစ်ချိန်လုံးငိုနေရသော်လည်း ခင်ပွန်းသည်မှာ အရမ်းချောမောနေတာကြောင့် မကွာရှင်းနိုင်ဖြစ်နေသည့် မိန်းကလေး

တရုတ်နိုင်ငံမှ အသက်၂၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ရုပ်ရည်အသွင်အပြင် ချောမောသော ကောင်လေးတစ်ဦးကို စားသောက်ဆိုင်တစ်ခုမှာတွေ့ခဲ့ရင်း မြင်မြင်ချင်းပဲချစ်မိသွားခဲ့ရာ Wechatအကောင့်တောင်းပြီးနောက် ၂လကြာသည်ထိ နေ့တိုင်း စကားတွေပြောဖြစ်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် ၂လအတွင်းကို ချစ်သူရည်းစားတွေ ဖြစ်သွားပြီး တစ်ယောက်အကြောင်းတစ်ယောက် သေချာပင်မသိရသေးပဲ လျင်မြန်စွာ လက်ထပ်ခဲ့ကြရာ မျှော်လင့်ထားသည့်အတိုင်း မပျော်ရပဲ သည်းခံခြင်းမရှိကြ၍ စကားခဏခဏများကာ အမြဲလိုလိုငိုနေခဲ့ရသည်။

မိန်းကလေးသည် ခင်ပွန်းဖြစ်သူနဲ့ တစ်ခါရန်ဖြစ်တိုင်း မျက်ရည်များစွာနဲ့ မိဘအိမ်သို့ ပြန်ခဲ့ပြီး ခင်ပွန်းဖြစ်သူမှ တစ်ရက်လောက်အကြာတွင် တောင်းပန်ပြီး ပြန်လာချော့နေတာကြောင့် မခွဲနိုင်ပဲ ပြန်လိုက်ပါသွားခဲ့သည်။

မိန်းကလေးသည် ခင်ပွန်းဖြစ်သူမှာ သူမရဲ့အချစ်ဦးဖြစ်နေတာကြောင့် မျက်စိအောက်ကအပျောက်မခံနိုင်ဖြစ်ရကာ စိတ်မချခြင်းတွေနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့ဖုန်းထဲတွင် တည်နေရာခြေရာခံသည့်ဆော့ဝဲလ်ကိုပါ ထည့်သွင်းထားတာကြောင့် ခင်ပွန်းသည်မှ မလွတ်လပ်၍ ဆူဆဲဆိုခဲ့သည်။

ထိုအဖြစ်ကြောင့် မိဘနှစ်ပါးမှ မိန်းကလေးအား ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းရန်ပြောဆိုခဲ့ရာ အရမ်းချောနေတာကြောင့် သူမရှိပဲမနေနိုင်ပူးဟုဆိုကာ ငြင်းဆန်ခဲ့သည်။

Crd