Crd
Unicode
တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေချိန် နေပြည်တော်က စစ်သည်ဗိမာန်မှာ ဂါရဝပြုခဲ့ပြီးအပျော်ကြီးပျော်နေ တဲ့ အဓမ္မဘက်တော်သား ရွှေရူပါဦး
တပ်ချစ်သူတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ရွှေရူပါဦးကတော့ သူမကိုယ္သူမ အဓမ္မဘက်မှာရပ်တည်နေတာကို အသိတရားမရနိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်
း ပြင်းပြင်းထန်ထန်ရရှိခဲ့တဲ့ ရွှေရူပါဦးဟာ ဒီကနေ့မှာလည်း သူမကို ဆိုရှယ်မီဒီယာမှာဝိုင်းဆဲနေကြတဲ့လူတွေကို စကားကြီးစကားကျယ်တွေပြောပြီး တရားဟောလိုက်ပြန်တာကို အခုလိုပဲတွေ့ရပါတယ်။
အမ်ားက ဝိုင်းပြီးရှုံချနေတာတောင် မတရားတဲ့အဓမ္မဘက်မှာ ရပ်မြဲရပ်ဆဲဖြစ်တဲ့ ရွှေရူပါဦးဟာ ဒီကနေ့ ဒီဇင်ဘာလ (၅) ရက်နေ့ ကြည့်မြင်တိုင်သပိတ်စစ်ကြောင်းက ကလေးတွေ မတရားသဖြင့်ကျဆုံးသွားခဲ့တာတောင် နေပြည်တော်က စစ်သည်ဗိမ္မာန်ကို သွားရောက်ဂါရဝပြုခဲ့တယ်လို့ ဆိုပါတယ်။
ရွှေရူပါဦးက ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်ခဲ့ရတဲ့ကျဆုံးစစ်သည်များအတွက် လွမ်းဆွတ်သတိရ ဂုဏ်ပြုဂါရဝပြုအခမ်းအနားတက်ရောက် ၄နှစ်ဆက်တိုက် ၄ ကြိမ်မြောက် တက်ရောက်ဂါရဝပြုခြင်းပါ။ သူရဲကောင်း စစ်သည်ဗိမာန်(နေပြည်တော်) ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ရွှေရူပါဦးကတော့ သူမရဲ့လုပ်ရပ်တွေမှာ မွန္လား၊ မှားလားဆိုတာတောင် ဝေခွဲလို့မရနိုင်ပဲ စစ်တပ်ရဲ့ဝါဒဖြန့်မှိုင်းတွေမိနေတယ်ဆိုတာ သူမရဲ့လုပ်ရပ်တွေက သက်သေပါပဲ
Crd