

 

 

 


 

 


 

 


 

 


Crd

Unicode

ဆယ်တန်းကို ဂုဏ္ထူး ၄ ဘာသာဖြင့်အောင်မြင်ခဲ့သော်လည်း ခေတ်စနစ်ဆိုးကြီးအောက်မှာ ကျောင်းမတက်ချင်လို့ ဈေးသည်ဘဝကို ရွေးချယ်လိုက်တဲ့ ကောင်မလေး

သျှီသာဆိုတဲ့ကောင်မလေးဟာ ဆယ်တန်းမှာ ဂုဏ္ထူး ၄ ဘာသာနဲ့ထူးချွန်စွာအောင်မြင်ခဲ့ပြီး တက္ကသိုလ်ကောင်းကောင်းကို တတ်ခွင့်ရခဲ့ပေမယ့် ခေတ်စနစ်ဆိုးကြီးအောက်မှာ တက္ကသိုလ်ဆက်ပြီး မတတ်ချင်တာကြောင့် လမ်းဘေးမှာ ဈေးရောင်းနေတာဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း လမ်းဘေးမှာ ဈေးရောင်းရတာဟာ ရှက်စရာမဟုတ်တာကြောင့် အခုလို ရဲရဲဝံ့ဝံ့လေး ရောင်းချနေတာဖြစ်ကြောင်းသိရပါတယ်။

သျှီသာဟာ စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူလေးဖြစ်ပြီး လှည်းတန်း အင်းစိန်လမ်းမပေါ်မှာ ဘေထုတ် အထည်လေးတွေ ရောင်းချနေတာပဲဖြစ်ပါတယ်။ သျှီသာလက်ရှိရောင်းနေတဲ့အတည်လေးတွေက အများကြီး မရောင်းရသေးပေမယ့် တစ်ရက်ကို ၇ ထည်နှုန်းတော့ ပုံမှန်လေး ရောင်းရတယ်လို့ သိရပါတယ်။ မတ်လောက်စရာမဟုတ်ပေမယ့် ထပ်ပြီးကြိုးစားသွားဦးမယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာလေးပေါ်မှာ ရေးတင်ထားပါတယ်။

ဒီတိုင်းနေရင်ကို တတ်လမ်းတွေ အများကြီးရှိတဲ့ လူငယ်လေးတစ်ယောက်က ကြိုးစားထားတာတွေကို စွန့်လွှတ်ပြီး အခုလို ခက်ခက်ခဲခဲ အစကနေပြန် ကြိုးစားနေတာဟာ တကယ္ကို ချီးကျူးဖို့ကောင်းလှပါတယ်။ သျှီသာလိုပဲ ခံယူချက်ခိုင်မာပြီး လေးစားဖို့ကောင်းတဲ့ သူလေးတွေလည်း အများကြီးရှိပါတယ်။

သျှီသာရဲ့ ဆိုင်လေးက လှည်းတန်း ၊ အင်းစိန်လမ်းမ ၊ ခိုင်ရွှေဝါလမ်းထိပ် ၊ ကွမ်းယာဆိုင်ဘေးလို့ သိရပါတယ်။ အများကြီး စွန့်လွှတ်ထားတဲ့သူဖြစ်တာကြောင့် သူမ ဆိုင်လေး ရောင်းကောင်းလာအောင် ဝိုင်းဝန်း အားပေးကြရအောင်နော် .. သျှီသာရဲ့ ဆိုင်လေးရှေ့ကို ရောက်ခဲ့ရင် အထည်လေးတွေ အားပေးလို့ရအောင် ဝေမျှပေးလိုက်ပါတယ် ။

Crd