

 

 

 


 

 


 

 


Crd

Unicode

ကောင်ချောလေးတစ်ယောက်နဲ့ Netflix Series တစ္ခု ရိုက်ကူးတော့မည်ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ မင်းသမီးSong Hye Kyo( အွန်စော )

 

 

 

လက်ရှိမှာ နာမည်ကြီးရေပန်းစားနေတဲ့ Now we are breaking up ဇာတ်လမ်းတွဲထဲက မင်းသမီး Song Hye Kyo ဟာ နောက်ထပ် အသစ်ထပ်မံရိုက်ကူးမယ့် Netflix Series တစ်ခုမှာပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ထိုဇာတ်လမ်းတွဲကို The Glory လို့ အမည်ပေးထားတာဖြစ်ပြီး The Glory ဟာ Netflix Series အဖြစ်ရိုက်ကူးသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

 

 

ဒီဇာတ်လမ်းကိုတော့ Youth Of May ဇာတ်လမ်းတွဲမှာ ပရိတ်သတ်တွေအရမ်းကိုသဘောကျခဲ့ရတဲ့ မင်းသား Lee Do Hyun နဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Song Hye Kyo တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်လမ်းအနေနဲ့ကတော့ လက်စားချေမှု အကြောင်း အသားပေးရိုက်ကူးထားမယ့် ဒရမ်မာမျိုးဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

လာမယ့် January (၂၀၂၂)ခုနှစ် မွာ ရိုက်ကူးရေးတွေ စဖို့မျှော်လင့်ထားကြပြီး (၂၀၂၂) ခုနှစ်ထဲမှာပဲပြသသွားမယ်လို့လည်း သိရပါတယ်။ပရိတ်သတ်တွေကလည်း မင်းသမီး Song Hye Kyo အနေနဲ့ မင်းသားငယ်လေးတွေနဲ့ချည်းတွဲရိုက်ရတာကြောင့် အားကျတယ်လို့ ဝေဖန်သုံးသပ်နေကြတာပဲဖြစ်ပါတယ်။

Crd