

 

 

 



 

 



 

 

 



Crd

Unicode

တော်လှန်ရေး နောက်တဆင့်တက်မည်ဖြစ်၍ စားနပ်ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းကြရန် NUG ဝန်ကြီး တိုက်တွန်းနှိုးဆော်

နွေဦးတော်လှန်ရေးကို နောက်တဆင့်တက်တော့မည်ဖြစ်၍ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ဝယ်ယူစုဆောင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ယနေ့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

NUG အစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကတော်လှန်ရေးနောက်တဆင့်တက်တော့မယ်။ စားနပ်ရိက္ခာနဲ့ စုဆောင်းကြပါ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးများ ဖြန့်ဖြူးကြပါ။

ဆေးကုမ္ပဏီများ၊ ဆေးရုံ၊ ဆေးခန်းများ၊ အလှူရှင်များ၊ ဆေးပညာရှင်များ တော်လှန်ရေး ဆေးတပ်ဖွဲ့အတွက် လျှို့ဝှက်ပါဝင်ကြပါ။ လျှို့ဝှက်လှူဒါန်းကြပါ။ ပြည်သူမှာ ပြည်သူပဲရှိတယ်ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ မေကြး၊ ရှမ်းပြည်နယ်စသည့် ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့်

PDF တပ္မ်ားက အာဏာသိမ်း စစ်ကောင်စီတပ်အား ခုခံတော်လှန်တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီဘက်မှ ထိခိုက္က်ဆုံးမွု များပြားနေကြောင်း သိရသည်။

#ဒေါက်တာဇော်ဝေစိုး #NUG #Ayeyarwaddy_Times

Crd