

 

 

 


 

 


 

 


Crd

Unicode

ဇနီးနှင့်သားတစ်ဦးပင် ရရှိနေပြီဖြစ်သော်လည်း အတန်းပညာများကို ဆက်လက်ဆည်းပူးနေသည့် ၈တန်းကျောင်းသားလေး

 

 

 

ယခုနောက်ပိုင်းခေတ်ကာလများတွင် လူငယ်အများစုတို့ဟာ အိမ်ထောင်စုတစ်ခုထူထောင်ရန်အတွက် ခက်ခဲမှုတို့ကြောင့် အသက်အရွယ်ကြီးရင့်မှသာ လက်ထပ်လာကြတာတွေ့ရပါတယ်။သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ Chuongဆိုသည့် ၈တန်းကျောင်းသားလေးဟာ လက်ထပ်ယူခဲ့သည့်အပြင် သားတစ်ဦးပင်ရရှိနေပြီဖြစ်ပါတယ်။

 

 

Chuongဆိုသည့်ကောင်လေးဟာ အသက်၁၁နှစ်အရွယ်တည်းက မိဘတို့ကို လက်ထပ်ချင်ကြောင်းပြောဆိုခဲ့သောကြောင့် မိဘတို့ဟာလည်း အသက်၁၆နှစ်အရွယ်ရှိပြီဖြစ်သည့်သူ၏ကောင်မလေးနှင့် မင်္ဂလာပွဲလေးကို ကျင်းပပေးခဲ့ရတာဖြစ်ပါတယ်။

 

 

ယခုအချိန်တွင်ကောင်လေးဟာ ၈တန်းသို့ရောက်ရှိနေပြီဖြစ်ကာ ကျေးရွာတွင် ကျောင်းသားကလည်း၂ဦးတည်းသာရှိသည့်အတွက် စာဆက်သင်နိုင်ရန် ကျောင်းမှခွင့်ပြုပေးထားရတာဖြစ်ပါတယ်။

Crd