7 ေပအရွည္ရွိတဲ့မိေက်ာင္းနဲ႕အတူ 39 ႏွစ္ခန႔္ တစ္အိမ္ထဲအတူေနထိုင္ခဲ့ၾကတဲ့ မိသားစု(႐ုပ္သံ)

7 ေပအရွည္ရွိတဲ့မိေက်ာင္းနဲ႕အတူ 39 ႏွစ္ခန႔္ တစ္အိမ္ထဲအတူေနထိုင္ခဲ့ၾကတဲ့ မိသားစု(႐ုပ္သံ)

 

 

ဂ်ပန္နိုင္ငံ ၊ Kure ၿမိဳ႕မွာ ေနထိုင္လ်က္ရွိတဲ့ Nobumitsu Murabayashi အမည္ရွိတဲ့ အမ်ိဳးသားဟာ သားငယ္ေလးရဲ႕ ပူဆာမႈေၾကာင့္ အိမ္ေမြးတိရစ္ဆာန္အေရာင္းဆိုင္မွ မိေက်ာင္းတစ္ေကာင္ကို ဝယ္ယူခဲ့ပါတယ္ ။

 

 

ယခုအခ်ိန္မွာေတာ့ အဆိုပါမိေက်ာင္းဟာ ၎တို႔နဲ႕အတူ ေနထိုင္ခဲ့တာ ႏွစ္ေပါင္း 40 ခန႔္ရွိေနပါၿပီ ။ အဆိုပါမိေက်ာင္းမွာ အရွည္ 7 ေပခန႔္ (6 ေပ 8 လက္မ) ရွိၿပီး ၊ ကိုယ္အေလးခ်ိန္ 45kg ခန႔္ရွိကာ သိမ္ေမြ႕ညင္သာကာ မည္သူ႕ကိုမွ ထိခိုက္နာက်င္ေစခဲ့ျခင္းမရွိပါဘူး ။ Caiman-san အမည္ရွိတဲ့အဆိုပါမိေက်ာင္းဟာ သခင္ျဖစ္သူနဲ႕အတူ အျပင္လမ္းေလွ်ာက္ထြက္ေလ့ရွိၿပီး ၊ ကေလးငယ္မ်ား ထိေတြ႕ျခင္းမ်ိဳး ခြင့္ျပဳေပးတဲ့အျပင္ ၊ ကိုယ္ေပၚ တက္စီးခြင့္လည္း ေပးထားပါတယ္ ။

 

 

သို႔ေပမဲ့လည္း မိေက်ာင္းကို အျပင္ေခၚသြားခြင့္ရဖို႔ အစိုးရထံကေန ခြင့္ျပဳခ်က္ရယူထားရေၾကာင္း ႏွင့္ တစ္စုံတစ္ခုျဖစ္ပ်က္ပါက သခင္ျဖစ္သူက တာဝန္ယူ ရမွာျဖစ္ေၾကာင္း ကတိေရးထိုးခဲ့ရေၾကာင္း သိရွိရပါတယ္ ။

 

 

သခင္ျဖစ္သူရဲ႕ေျပာျပခ်က္အရ သူဒီေလာက္ႀကီးလာမယ္လို႔ ကြၽန္ေတာ္မထင္ထားဘူး ၊ကြၽန္ေတာ္သူ႕ကို ရခဲ့တာ 34 ႏွစ္ရွိပါၿပီ ၊ သူ႕ကို ေျခဟန္လက္ဟန္ေတြနဲ႕ ေျပာဆိုဆက္ဆံနိုင္ေအာင္ႀကိဳးစားပါတယ္ ၊ သြားတိုက္ေပးသလိုေပါ့ ၊ ကြၽန္ေတာ့္ဇနီးက ေန႕တိုင္း ကြၽန္ေတာ္နဲ႕အတူေနရတာ စိတ္ကုန္လြန္းလို႔ ကြၽန္ေတာ္ မိေက်ာင္းနဲ႕အေနမ်ားပါတယ္ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

 

 

အဆိုပါမိေက်ာင္းဟာ ငယ္႐ြယ္စဥ္အခ်ိန္က သူ႕ရဲ႕သားကို ကိုက္ဖူးခဲ့ေၾကာင္း ၊ သို႔ေပမဲ့လည္း မိေက်ာင္းကို မစြန႔္လြတ္ခဲ့ပဲ ေနာက္တစ္ႀကိမ္အခြင့္အေရးေပးခဲ့ေၾကာင္း ၊ ယခုအခ်ိန္မွာေတာ့ မိေက်ာင္ဟာ အလြန္တည္ၿငိမ္ၿပီး ကေလးငယ္မ်ားႏွင့္လည္းအတူ ေနထိုင္လ်က္ရွိေၾကာင္း သိရပါတယ္ ။

Crd

Unicode

7 ပေအရှည်ရှိတဲ့မိကျောင်းနဲ့အတူ 39 နှစ်ခန့် တစ်အိမ်ထဲအတူနေထိုင်ခဲ့ကြတဲ့ မိသားစု(ရုပ်သံ)

ဂျပန်နိုင်ငံ ၊ Kure မြို့မှာ နေထိုင်လျက်ရှိတဲ့ Nobumitsu Murabayashi အမည်ရှိတဲ့ အမျိုးသားဟာ သားငယ်လေးရဲ့ ပူဆာမှုကြောင့် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်မှ မိကျောင်းတစ်ကောင်ကို ဝယ်ယူခဲ့ပါတယ် ။

ယခုအချိန်မှာတော့ အဆိုပါမိကျောင်းဟာ ၎င်းတို့နဲ့အတူ နေထိုင်ခဲ့တာ နှစ်ပေါင်း 40 ခန့်ရှိနေပါပြီ ။ အဆိုပါမိကျောင်းမှာ အရှည် 7 ပေခန့် (6 ပေ 8 လက်မ) ရှိပြီး ၊ ကိုယ်အလေးချိန် 45kg ခန့်ရှိကာ သိမ်မွေ့ညင်သာကာ မည်သူ့ကိုမှ ထိခိုက်နာကျင်စေခဲ့ခြင်းမရှိပါဘူး ။ Caiman-san အမည်ရှိတဲ့အဆိုပါမိကျောင်းဟာ သခင်ဖြစ်သူနဲ့အတူ အပြင်လမ်းလျှောက်ထွက်လေ့ရှိပြီး ၊ ကလေးငယ်များ ထိတွေ့ခြင်းမျိုး ခွင့်ပြုပေးတဲ့အပြင် ၊ ကိုယ်ပေါ် တက်စီးခွင့်လည်း ပေးထားပါတယ် ။

သို့ပေမဲ့လည်း မိကျောင်းကို အပြင်ခေါ်သွားခွင့်ရဖို့ အစိုးရထံကနေ ခွင့်ပြုချက်ရယူထားရကြောင်း နှင့် တစ်စုံတစ်ခုဖြစ်ပျက်ပါက သခင်ဖြစ်သူက တာဝန်ယူ ရမှာဖြစ်ကြောင်း ကတိရေးထိုးခဲ့ရကြောင်း သိရှိရပါတယ် ။

သခင်ဖြစ်သူရဲ့ပြောပြချက်အရ သူဒီလောက်ကြီးလာမယ်လို့ ကျွန်တော်မထင်ထားဘူး ၊ကျွန်တော်သူ့ကို ရခဲ့တာ 34 နှစ်ရှိပါပြီ ၊ သူ့ကို ခြေဟန်လက်ဟန်တွေနဲ့ ပြောဆိုဆက်ဆံနိုင်အောင်ကြိုးစားပါတယ် ၊ သွားတိုက်ပေးသလိုပေါ့ ၊ ကျွန်တော့်ဇနီးက နေ့တိုင်း ကျွန်တော်နဲ့အတူနေရတာ စိတ်ကုန်လွန်းလို့ ကျွန်တော် မိကျောင်းနဲ့အနေများပါတယ် ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဆိုပါမိကျောင်းဟာ ငယ်ရွယ်စဉ်အချိန်က သူ့ရဲ့သားကို ကိုက်ဖူးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း မိကျောင်းကို မစွန့်လွတ်ခဲ့ပဲ နောက်တစ်ကြိမ်အခွင့်အရေးပေးခဲ့ကြောင်း ၊ ယခုအချိန်မှာတော့ မိကျောင်ဟာ အလွန်တည်ငြိမ်ပြီး ကလေးငယ်များနှင့်လည်းအတူ နေထိုင်လျက်ရှိကြောင်း သိရပါတယ် ။

Crd