

 

 

 



 

 

ထို့ကြောင့်ပဲ သူတို့ညီအစ်ကိုနှစ်ဦးမှာ ခွဲစိတ်၍မရပဲ တစ်သက္လုံး လုပ်ဆောင်ချက်အတူတူတွေနဲ့ နေထိုင်သွားရမှာဖြစ်ပြီး တစ်ကယ်တမ်းခွဲစိတ်လိုပါကလည်း အန္တရာယ်များလှပြီး တစ်ဦးတည်းသာ အသက်ရှင်နိုင်ကြောင်း ဆရာဝန်မှ ပြောကြားခဲ့သည်။


 

 


Crd

 

 

Unicode

၂လသားအရွယ်၌ မိဘနှစ်ပါးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း ၁၉နှစ်အကြာတွင် သူတို့နှစ်ဦးရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည့် အမွှာညီအစ်ကို

 

 

 

အိန္ဒိယနိုင်ငံမှ အသက်၁၉နှစ်အရွယ် အမွှာညီအစ်ကိုနှစ်ဦးသည် ၂လသားအရွယ်လေးတည်းက မိဘနှစ်ပါးရဲ့ စွန့်ပစ်ခြင်းကို ခံရကာ မိဘမဲ့ဂေဟာမှ အရွယ်ရောက်သည်ထိ ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပြီး လက်ရှိတွင် လူအများအထင်ကြီး လေးစားစရာကောင်းသည့် ကိုယ်ပိုင်အလုပ်အကိုင်ပင် ရရှိနေပြီဖြစ်သည်။

သူတို့ညီအစ်ကိုနှစ်ဦးသည် နှလုံး၊ ကျောက်ကပ်နှင့် လက်နှစ်ဖက်တို့မှာ သီးခြားကိုယ်စီရှိသော်လည်း သည်းခြေအိတ်၊သရက်ရွက်နှင့် ခြေထောက်တို့မှာတော့ တစ်ခုသာရှိခဲ့သည်။

 

 

ထို့ကြောင့်ပဲ သူတို့ညီအစ်ကိုနှစ်ဦးမှာ ခွဲစိတ်၍မရပဲ တစ္သက္လုံး လုပ်ဆောင်ချက်အတူတူတွေနဲ့ နေထိုင်သွားရမှာဖြစ်ပြီး တစ်ကယ်တမ်းခွဲစိတ်လိုပါကလည်း အန္တရာယ်များလှပြီး တစ်ဦးတည်းသာ အသက်ရှင်နိုင်ကြောင်း ဆရာဝန်မှ ပြောကြားခဲ့သည်။

သူတို့ညီအစ်ကိုနှစ်ဦးသည် ငယ်စဉ်လေးတည်းက လျှပ်စစ်နဲ့ပက်သက်ပြီး ဝါသနာပါခဲ့ရာ ကျောင်းတွင်လည်း စက်ချို့ယွင်းပြီး မီးမလာသည့်အခါ သူတို့ညီအစ်ကိုနှစ်ဦးကို ယုံယုံကြည်ကြည်နဲ့ ပြုပြင်ခိုင်းခဲ့သည်။

 

 

ညီအစ်ကိုနှစ်ဦးသည် သူတို့ရဲ့အရည်အချင်းကြောင့်ပဲ လျှပ်စစ်အင်ဂျင်နီယာဒီပလိုမာဘွဲ့ကို ရရွိကာ အလုပ်လျှောက်ခဲ့စဉ် ကံကောင်းစွာဖြင့် PSPCL ကုမ္ပဏီမှ အလုပ်ခန့်ခဲ့ပြီး တစ္လကို ရူပီး၁၀၀၀၀ ဝင်ငွေရရှိခဲ့ရာ အခြားသော မသန်စွမ်းသူများအတွက်လည်း စံပြပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

Crd