Crd
Unicode
Game ကိုရူးသွပ်စွဲလမ်းစွာ ဆော့တတ်သူများရဲ့ နောက် ၁၀ နှစ်အကြာမှာ ဖြစ်ပေါ်လာနိုင်သော ပုံရိပ်များကို ဖော်ထုတ်ပြသလာတဲ့ သိပ္ပံပညာရှင်များ
ယနေ့ခေတ်ဟာ နည်းပညာများတဟုန်တိုး တိုးတက်လာသည်နှင့်အမျှ လူမှု့ဘဝ အဆင်ပြေအောင် သက်တောင့်သက်သာ ရှိအောင် အမျိုးမျိုးတီထွင်ကြံဆလာကြတာ ပရိတ်သတ်ကြီး အသိဖြစ်ပါတယ်။
ဒီအထဲမွာ လူကြီးလူငယ်မရွေး အသုံးပြုလာကြတဲ့ ဖုန်းများလည်း ပါဝင်ကြပါတယ် ။ ဟိုအရင်က Computer မှာလောက်ပဲ game တွေကို ဆော့ကစားကြပေမယ့် ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးထဲမှာ နည်းပညာကုမ္မဏီတွေဟာ သူ့ထက်ငါ အပြိုင်အဆိုင် mobile phone တွေပေါ်မှာပါ game တွေ ဆော့ကစားနိုင်စေရန် တီထွင်ဖန်တီးလာကြပါတယ်။
အဆိုပါ gameတွေဟာ တစ်ဦးတစ်ယောက်တည်း ကစားနိုင်သလို အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ပါ သိုက်သိုက်ဝန်းဝန်း ကစားနိုင်တာကြောင့်လည်း လူကြီးလူငယ်မရွေး နှစ်ခြိုက်ကြပါတယ်။
ယနေ့ နံမည်ကျော် mobile game တွေဖြစ်ကြတဲ့ PUBG, Mobile Legand အစရှိသော gameတွေကို ကမ်ဘာတဝန်းလူငယ်တွေ နေ့စဉ်ဆော့ကစားနေကြပါတယ် ။အခြားကျွန်တော်တို့ လက်လှမ်းမမှီတဲ့ game တွေလည်း ရှိဦးမှာပါ ။
ယနေ့လူငယ်တွေဟာ game ကစားခြင်းကို အလွန်အမင်း စွဲလမ်းကုန်ကြပါပြီ တနေ့ကို ၂၄ နာရီရှိသော်ငြား တချို့လူငယ်တွေဟာ ၁၆ နာရီလောက်ကို ထိုင်ရာမထ game ကစားနေကြပါပြီ ။
ဒါ့ကြောင့် game တွေအား ရူးသွပ်စွဲလမ်းစွာ ဆော့ကစားနေသူတွေအတွက် ဖြစ်လာနိုင်သော ပုံရိပ်တွေကို ဖော်ပြပေးလိုက်ရပါတယ် ။ဖတ်ရှု့ပေးသော ပရိတ်သတ်ကြီးလည်း ကျန်းမာရွှင်လန်းပါစေ ခင်ဗျာ။
Crd