Crd
Unicode
အသက်ရှည်ခြင်း၏လျှို့ဝှက်ချက်မှာ လိင်ဆက်ဆံမှုမရှိခြင်းကြောင့် ဟု သက်တော်ရှည်ဟိန္ဒူဘုန်းကြီးတစ်ပါးမှ မိန့်ကြား
လူအများစုကတော့အသက်ရှည်ခြင်းရဲ့အကြောင်းအရင်းဟာလေ့ကျင့်ခန်းလုပ်ခြင်း၊ကျန်းမာတဲ့အစားအသောက်များစားခြင်းလို့ယူဆထားပါတယ်။ဒါပေမယ့်အသက်၁၂၀ရှိပြီဖြစ်တဲ့ဟိန္ဒူဘုန်းကြီးတစ်ပါးကတော့သူအသက်ရှည်ခြင်းရဲ့အဓိကလျှို့ဝှက်ချက်ကလိင်ဆက်ဆံမှုမရှိခြင်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမစားခြင်းလို့ဆိုလာပါတယ်။
သူရဲ့PassportအရSwamiSivanandaဟာ8August1896မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူဟာ၁၈ရာစု၊၁၉ရာစု၊နဲ့၂၀ရာစုကိုဖြတ်ကျော်ပြီးတဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ သူ့ရဲ့အသက်ဟာ၁၂၀ဖြစ်ပေမယ့်သူဟာကျန်းမာပြီးနေ့စဉ်ယောဂကိုနာရီနဲ့ချီပြီးလေ့ကျင့်နေနိုင်ပါသေးတယ်။
Swamiဟာဆင်းရဲတဲ့ပတ်ဝန်းကျင်မှာမွေးဖွားခဲ့ပြီးသူ၆နှစ်သားမှာသူ့ရဲ့မိဘတွေသေဆုံးခဲ့ပါတယ်။သူ့ရဲ့ဆွေမျိုးတွေကသူ့ကိုအိန္ဒိယတစ်ခွင်လှည့်လည်နေတဲ့ ဘိုးတော်တစ်ယောက်ဆီ စွန့်လွှတ်ခဲ့ပါတယ်။ နောက်တော့သူဟာ ဟိန္ဒူဘုန်းကြီး တစ်ပါးဖြစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘုန်းဘုန်းက ရိုရှင်းပြီး စည်းကမ်းရှိတဲ့ဘဝကိုပဲနေပါတယ်။စားရင်လည်းရိုးရိုးပဲစားပါတယ်။ဆီနဲ့ဟင်းခတ်အမွှေးအကြိုင်တွေမပါဝင်ပါဘူး။ ထမင်းနဲ့ Daal (အိန္ဒိယဟင်းတစ်မျိုး)ကိုပဲ စားဖွဈပါတယျ။ငရုတျသီးစိမျးတောင့ျလေး၂တောင့ျလောကျနဲ့ပေါ့။ငယျငယျုတျးကဆိုထမငျးမစားပဲ အိပ်ခဲ့ရတာများပါတယ်။လို့ ဆိုခဲ့ပါတယ်။
သူ့အနေနဲ့သစ်သီးနဲ့နို့ကိုရှောင်ကြောင်းလည်းသိရပါတယ်။၅ပေ၂လက်မရှည်တဲ့Swamiဟာအိပ်ရင်လည်းကြမ်းပေါ်မှာအခင်းခင်းပြီးအိပ်ပါတယ်။ခေါင်းအုံးကလည်းသစ်သားခေါင်းအုံးပါ။လတ်တလောမှာအသက်အရှည်ဆုံးလူသားအဖြစ်ဂင်းနစ်မှတ်တမ်းတင်ဖို့ကြိုးစားနေကြောင်းလည်း သိရပါတယ်။ လောလောဆယ် မှတ်တမ်းတင်ထားသူက ၂၀၁၃ခုနှစ်က သေဆုံးသွားတယ် အသက်၁၁၆နှစ်အရွယ် JiroemonKimura ဖြစ်ခဲ့ပါတယ်။
သူဟာ နည်းပညာကိုလည်း သုံးစွဲခြင်းမရှိပါဘူး။ အရင်ခေတ်ကလူတွေဟာ နည်းနည်းပဲရှိပေမယ့် ပိုပျော်ကြပြီး ဒီခေတ်လူတွေကတော့ မပျော်မရွှင်၊ မကျန်းမမာ၊ မရိုးမသားဖြစ်လာတယ်လို့ သူကဆိုပါတယ်။
Crd