ဇနီးေဟာင္းက ေတာင္တက္ရင္း မေတာ္တဆေသဆုံးသြားခဲ့ၿပီးေနာက္ ဇနီးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္လက္ထပ္လိုက္ၿပီး လက္ရွိဇနီးရဲ႕သံသယျဖစ္ဖြယ္ ဒိုင္ယာရီစာအုပ္ကို ေတြ႕ရွိခဲ့တဲ့ ခင္ပြန္း

ဇနီးေဟာင္းက ေတာင္တက္ရင္း မေတာ္တဆေသဆုံးသြားခဲ့ၿပီးေနာက္ ဇနီးရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္လက္ထပ္လိုက္ၿပီး လက္ရွိဇနီးရဲ႕သံသယျဖစ္ဖြယ္ ဒိုင္ယာရီစာအုပ္ကို ေတြ႕ရွိခဲ့တဲ့ ခင္ပြန္း

 

 

 

မစၥတာလီ အမည္ရွိ အမ်ိဳးသားတစ္ဦးဟာ ေကာလိပ္ရွိ အမ်ိဳးသမီးတစ္ဦး ႏွင့္ ေတြ႕ဆုံခဲ့ပါတယ္။ ၎တို႔ႏွစ္ဦးက ေကာလိပ္ေက်ာင္းတက္စဥ္ကာလတစ္ေလွ်ာက္မွာ ေကာင္းမြန္တဲ့အခ်စ္ေရးတစ္ခုကို တည္ေဆာက္ခဲ့ၾကပါတယ္။ ၎တို႔ႏွစ္ဦးဟာ ဘြဲ႕ရၿပီးေနာက္ မၾကာခင္မွာ လက္ထပ္ခဲ့ၾကကာ ၎တို႔ရဲ႕အိမ္ေထာင္ေရးဟာလည္း ခိုင္မာၿပီး အလြန္ေကာင္းမြန္ေနခဲ့ပါတယ္။ မစၥတာလီတို႔ၾကင္စဦးဇနီးေမာင္ႏွံဟာ ဇနီးျဖစ္သူရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကိုလည္း မိသားစုအျဖစ္ ေပါင္းသင္းဆက္ဆံခဲ့ၾကၿပီး ၎တို႔သုံးဦးဟာ ဘယ္အရာမ်ိဳးနဲ႔မဆို အတူတကြေပ်ာ္ေမြ႕ခဲ့ၾကပါတယ္။ တစ္ေန႔ မစၥတာလီ ႏိုင္ငံျခားမွာ အလုပ္သြားလုပ္ရတဲ့ အခ်ိန္ေရာက္လာေတာ့ သူ႔ဇနီးက အခ်ိန္ျပည့္ အိမ္အလုပ္နဲ႔သာ ေအးေဆးေနေနရတာေၾကာင့္ သူမရဲ႕သူငယ္ခ်င္းမ်ားႏွင့္ အတန္းေဖာ္ေဟာင္းမ်ားက သူမရဲ႕ေနထိုင္မႈပုံစံကို မနာလိုျဖစ္ေနခဲ့ၾကပါတယ္။

 

 

သိပ္မၾကာခင္မွာေတာ့ ၎တို႔ဇနီးေမာင္ႏွံရဲ႕ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးက အိပ္မက္ဆိုးႀကီးတစ္ခုလို ေျပာင္းလဲသြားခဲ့ပါတယ္။ အေၾကာင္းက တစ္ေန႔မွာ ဇနီးျဖစ္သူဟာ သူမရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းနဲ႔အတူ ေတာင္တက္ရင္း မေမွ်ာ္လင့္ဘဲ မေတာ္တဆ ေသဆုံးသြားခဲ့ပါတယ္။

 

 

ထိုစဥ္မွာ မစၥတာလီရဲ႕ဘဝက လုံးလုံး ၿပိဳပ်က္သြားခဲ့ၿပီး ဇနီးျဖစ္သူရဲ႕ ႐ုတ္တရက္ေသဆုံးမႈကို လက္မခံႏိုင္ခဲ့ပါဘူး။ ေနာက္ပိုင္း မစၥတာလီဟာ ဇနီးကို ႏွစ္ေပါင္းမ်ားစြာ အရမ္းခ်စ္ခဲ့တာေၾကာင့္ သူမကို အလြန္လြမ္းဆြတ္မိၿပီး သူ႔ရဲ႕ေန႔ရက္အမ်ားစုကို အရက္မူးရင္း ဝမ္းနည္းျခင္းမ်ားျဖင့္ နစ္ျမႇဳပ္ထားခဲ့ပါတယ္။ ဇနီးျဖစ္သူရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းကလည္း ဝမ္းနည္းေနတဲ့ မစၥတာလီကို ေျဖသိမ့္ေပးဖို႔ ႀကိဳးစားရင္း မစၥတာလီနဲ႔ အခ်စ္ဆုံးသူငယ္ခ်င္းက တစ္ညတာမွားသြားခဲ့ၾကပါတယ္။

 

 

မစၥတာလီက တာဝန္သိတတ္သူတစ္ဦးျဖစ္တာေၾကာင့္ ၎ရဲ႕အျပစ္ကိုခံယူကာ ဇနီးေဟာင္းရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္ လက္ထပ္ခဲ့ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္မွာ မစၥတာလီက လက္ရွိဇနီးဟာ ဂ႐ုစိုက္တတ္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အေဖာ္ေကာင္းတစ္ဦးျဖစ္ေၾကာင္း သိလိုက္ရပါတယ္။

 

 

သူမက သူ႔ရဲ႕ဒုကၡမ်ားကို ေက်ာ္လႊားရန္ ကူညီေပးရင္း ၎တို႔ဟာ အိမ္ေထာင္ေရးေကာင္းၿပီး ႀကီးက်ယ္တဲ့ဘဝေတြနဲ႔ အတူတူေနထိုင္ခဲ့ၾကသလို မစၥတာလီက သူ႔႐ုံးခန္းကိုသြားစဥ္ ဇနီးသည္ကလည္း အိမ္ရွိအလုပ္ကိုသာ အခ်ိန္ျပည့္လုပ္ကိုင္ေနခဲ့ပါတယ္။

 

 

တစ္ေန႔မွာ မစၥတာလီဟာ အိမၠ ပစၥည္းတစ္ခုကို လိုက္ရွာေနရင္းနဲ႔ မထင္မွတ္ဘဲ သူ႔လက္ရွိဇနီးရဲ႕ ဒိုင္ယာရီကိုေတြ႕လိုက္ကာ စူးစမ္းခ်င္စိတ္နဲ႔ဖတ္ၾကည့္ခဲ့ပါတယ္။ စာအုပ္ထဲမွာ သူ႔ရဲ႕ဇနီးေဟာင္းနာမည္ကို အႀကိမ္ေပါင္းမ်ားစြာေရးထားခဲ့တာကိုျမင္ရတဲ့အျပင္ သူ႔ရဲ႕လက္ရွိဇနီးက သူ႔ကို အခ်ိန္အေတာ္ၾကာေအာင္ တိတ္တဆိတ္ခ်စ္ေနခဲ့ၿပီး သူ႔ႏွင့္သူ႔ရဲ႕ဇနီးေဟာင္းတို႔ရဲ႕ခ်စ္ျခင္းကို မနာလိုျဖစ္ေနခဲ့ေၾကာင္းကို ဖတ္ခဲ့ရပါတယ္။

 

 

သူမရဲ႕မနာလိုစိတ္ျဖင့္ ေဒါသတႀကီးျဖစ္ကာ တစ္ေန႔ေန႔မွာ မစၥတာလီကို အရယူမယ္လို႔ ကတိျပဳခဲ့တဲ့စာကိုလည္း ဖတ္ခဲ့ရပါတယ္။ သံသယျဖစ္ဖြယ္ ဒိုင္ယာရီကို ဖတ္လိုက္ရၿပီးေနာက္ မစၥတာလီဟာ လက္ရွိဇနီးကို နာနာက်ည္းက်ည္းနဲ႔ စစ္ေဆးေမးျမန္းရန္ႏွင့္ ဇနီးေဟာင္းရဲ႕အမႈျပန္လိုက္ရန္ ရဲစခန္းသို႔ တိုင္ၾကားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ မစၥတာလီဟာ စစ္ေဆးေမးျမန္းခံေနရတဲ့ ဇနီးႏွင့္ တရားဝင္ကြာရွင္းလိုက္ၿပီး ျဖစ္ပ်က္ခဲ့သမွ် အမွန္တရားေပၚေပါက္လာဖို႔ကို ဆက္လက္ေစာင့္ဆိုင္းေနလ်က္ရွိသလို ၎အမႈကိစၥအေၾကာင္းကိုလည္း အတိအက္မသိေရသးပါဘူး။

Crd

Unicode

ဇနီးဟောင်းက တောင်တက်ရင်း မတော်တဆသေဆုံးသွားခဲ့ပြီးနောက် ဇနီးရဲ့အချစ်ဆုံးသူငယ်ချင်းနှင့်လက်ထပ်လိုက်ပြီး လက်ရှိဇနီးရဲ့သံသယဖြစ်ဖွယ် ဒိုင်ယာရီစာအုပ်ကို တွေ့ရှိခဲ့တဲ့ ခင်ပွန်း

မစ္စတာလီ အမည်ရှိ အမျိုးသားတစ်ဦးဟာ ကောလိပ်ရှိ အမျိုးသမီးတစ်ဦး နှင့် တွေ့ဆုံခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးက ကောလိပ်ကျောင်းတက်စဉ်ကာလတစ်လျှောက်မှာ ကောင်းမွန်တဲ့အချစ်ရေးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဘွဲ့ရပြီးနောက် မကြာခင်မှာ လက်ထပ်ခဲ့ကြကာ ၎င်းတို့ရဲ့အိမ်ထောင်ရေးဟာလည်း ခိုင်မာပြီး အလွန်ကောင်းမွန်နေခဲ့ပါတယ်။ မစ္စတာလီတို့ကြင်စဦးဇနီးမောင်နှံဟာ ဇနီးဖြစ်သူရဲ့အချစ်ဆုံးသူငယ်ချင်းကိုလည်း မိသားစုအဖြစ် ပေါင်းသင်းဆက်ဆံခဲ့ကြပြီး ၎င်းတို့သုံးဦးဟာ ဘယ်အရာမျိုးနဲ့မဆို အတူတကွပျော်မွေ့ခဲ့ကြပါတယ်။ တစ်နေ့ မစ္စတာလီ နိုင်ငံခြားမှာ အလုပ်သွားလုပ်ရတဲ့ အချိန်ရောက်လာတော့ သူ့ဇနီးက အချိန်ပြည့် အိမ်အလုပ်နဲ့သာ အေးဆေးနေနေရတာကြောင့် သူမရဲ့သူငယ်ချင်းများနှင့် အတန်းဖော်ဟောင်းများက သူမရဲ့နေထိုင်မှုပုံစံကို မနာလိုဖြစ်နေခဲ့ကြပါတယ်။

သိပ်မကြာခင်မှာတော့ ၎င်းတို့ဇနီးမောင်နှံရဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရေးက အိပ်မက်ဆိုးကြီးတစ်ခုလို ပြောင်းလဲသွားခဲ့ပါတယ်။ အကြောင်းက တစ်နေ့မှာ ဇနီးဖြစ်သူဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့အတူ တောင်တက်ရင်း မမျှော်လင့်ဘဲ မတော်တဆ သေဆုံးသွားခဲ့ပါတယ်။

ထိုစဉ်မှာ မစ္စတာလီရဲ့ဘဝက လုံးလုံး ပြိုပျက်သွားခဲ့ပြီး ဇနီးဖြစ်သူရဲ့ ရုတ်တရက်သေဆုံးမှုကို လက်မခံနိုင်ခဲ့ပါဘူး။ နောက်ပိုင်း မစ္စတာလီဟာ ဇနီးကို နှစ်ပေါင်းများစွာ အရမ်းချစ်ခဲ့တာကြောင့် သူမကို အလွန်လွမ်းဆွတ်မိပြီး သူ့ရဲ့နေ့ရက်အများစုကို အရက်မူးရင်း ဝမ်းနည်းခြင်းများဖြင့် နစ်မြှုပ်ထားခဲ့ပါတယ်။ ဇနီးဖြစ်သူရဲ့အချစ်ဆုံးသူငယ်ချင်းကလည်း ဝမ်းနည်းနေတဲ့ မစ္စတာလီကို ဖြေသိမ့်ပေးဖို့ ကြိုးစားရင်း မစ္စတာလီနဲ့ အချစ်ဆုံးသူငယ်ချင်းက တစ်ညတာမှားသွားခဲ့ကြပါတယ်။

မစ္စတာလီက တာဝန်သိတတ်သူတစ်ဦးဖြစ်တာကြောင့် ၎င်းရဲ့အပြစ်ကိုခံယူကာ ဇနီးဟောင်းရဲ့အချစ်ဆုံးသူငယ်ချင်းနှင့် လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာ မစ္စတာလီက လက်ရှိဇနီးဟာ ဂရုစိုက်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဖော်ကောင်းတစ်ဦးဖြစ်ကြောင်း သိလိုက်ရပါတယ်။

သူမက သူ့ရဲ့ဒုက္ခများကို ကျော်လွှားရန် ကူညီပေးရင်း ၎င်းတို့ဟာ အိမ်ထောင်ရေးကောင်းပြီး ကြီးကျယ်တဲ့ဘဝတွေနဲ့ အတူတူနေထိုင်ခဲ့ကြသလို မစ္စတာလီက သူ့ရုံးခန်းကိုသွားစဉ် ဇနီးသည်ကလည်း အိမ်ရှိအလုပ်ကိုသာ အချိန်ပြည့်လုပ်ကိုင်နေခဲ့ပါတယ်။

တစ်နေ့မှာ မစ္စတာလီဟာ အိမ္က ပစ္စည်းတစ်ခုကို လိုက်ရှာနေရင်းနဲ့ မထင်မှတ်ဘဲ သူ့လက်ရှိဇနီးရဲ့ ဒိုင်ယာရီကိုတွေ့လိုက်ကာ စူးစမ်းချင်စိတ်နဲ့ဖတ်ကြည့်ခဲ့ပါတယ်။ စာအုပ်ထဲမှာ သူ့ရဲ့ဇနီးဟောင်းနာမည်ကို အကြိမ်ပေါင်းများစွာရေးထားခဲ့တာကိုမြင်ရတဲ့အပြင် သူ့ရဲ့လက်ရှိဇနီးက သူ့ကို အချိန်အတော်ကြာအောင် တိတ်တဆိတ်ချစ်နေခဲ့ပြီး သူ့နှင့်သူ့ရဲ့ဇနီးဟောင်းတို့ရဲ့ချစ်ခြင်းကို မနာလိုဖြစ်နေခဲ့ကြောင်းကို ဖတ်ခဲ့ရပါတယ်။

သူမရဲ့မနာလိုစိတ်ဖြင့် ဒေါသတကြီးဖြစ်ကာ တစ်နေ့နေ့မှာ မစ္စတာလီကို အရယူမယ်လို့ ကတိပြုခဲ့တဲ့စာကိုလည်း ဖတ်ခဲ့ရပါတယ်။ သံသယဖြစ်ဖွယ် ဒိုင်ယာရီကို ဖတ်လိုက်ရပြီးနောက် မစ္စတာလီဟာ လက်ရှိဇနီးကို နာနာကျည်းကျည်းနဲ့ စစ်ဆေးမေးမြန်းရန်နှင့် ဇနီးဟောင်းရဲ့အမှုပြန်လိုက်ရန် ရဲစခန်းသို့ တိုင်ကြားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မစ္စတာလီဟာ စစ်ဆေးမေးမြန်းခံနေရတဲ့ ဇနီးနှင့် တရားဝင်ကွာရှင်းလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အမှန်တရားပေါ်ပေါက်လာဖို့ကို ဆက်လက်စောင့်ဆိုင်းနေလျက်ရှိသလို ၎င်းအမှုကိစ္စအကြောင်းကိုလည်း အတိအက်မသိရေသးပါဘူး။

Crd