Crd
Unicode
အဖော်ဖြစ်အောင်လို့သာ မွေးစားထားခဲ့ပေမဲ့ ကြွက်အဖမ်းကောင်းလွန်းတဲ့စကေးကြောင့် သခင်ဖြစ်သူကို အံ့ဩထိတ်လန့်သွားစေခဲ့တဲ့ ကြောင်လေး
၎င်းတို့၏ ဖျော်ဖြေမှုနှင့် ရယ်စရာကောင်းသည့် အသွင်အပြင်များအပြင် အိမ်မွေးကြောင်များဟာ များသောအားဖြင့် ၎င်းတို့ရဲ့ ကိုယ်ပိုင် လှုပ်ရှားမှုများ ရှိနေတတ်ပါတယ်။ အိမ်တဝိုက်မှာ ကြွက်ဖမ်းတာက ပြောစရာမလိုတဲ့ ၎င်းတို့ရဲ့ သဘာဝအရဖြစ်ပြီး ၎င်းတို့ဟာ ၎င်းအလုပ်ကို မြန်မြန်ဆန်ဆန် ပြီးမြောက်စေတတ်ပါတယ်။ မကြာသေးမီက ပိုင်ရှင်တစ်ဦးဟာ ၎င်း၏ ကြွက်ဖမ်းခြင်းလုပ်ငန်း ကို ဆောင်ရွက်ရာမှာ အလွန်ထူးခြားပုံပေါက်သည့် သူ့ရဲ့ချစ်လှစွာသောကြောင်လေးအကြောင်း ဇာတ်လမ်းတစ်ခုကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ပထမတော့ ၎င်းပိုင်ရှင်ဖြစ်သူက ကြောင်လေးကို အိမ်မှာ အဖော်ဖြစ်အောင်လို့သာ မွေးစားခဲ့တာပါ။ သူ့ကြောင်ကို ကြွက်ဖမ်းဖို့ ဒါမှမဟုတ် တခြားအရာတွေ လုပ်တတ်အောင် သင်ပေးဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ တစ်နေ့တော့ ရွာက သူ့မိခင်က သူမရဲ့နေအိမ်မှာ ကြွက်ဖမ်းဖို့ သူ့ကြောင်ကို ခေါ်လာခိုင်းလိုက်ပါတယ်။
ပိုင်ရှင်က သူ့အိမ်မွေးကြောင်ကို ဒီလိုညစ်ပတ်တဲ့အလုပ်ကို မလုပ်စေချင်တာကြောင့် အစကတော့ သဘောမတူခဲ့ပါဘူး။ သို့ပေမဲ့ သူ့မိခင်၏ တိုက်တွန်းမှုကို ခံရပြီးနောက် ဝန်လေးစွာ သဘောတူခဲ့ပါတယ်။ ထို့နောက် သူ့ကြောင်လေးကို သူ့မိခင်ရဲ့အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုအချိန်မှာ သူဟာ သူ့ကြောင်က သူ့အမေအလိုရှိသည့်အတိုင်း လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေခဲ့ပါတယ်။
သို့ပေမဲ့ နောက်ဆုံး သူ့ရဲ့ သံသယဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကြောင်လေးဟာ သူ့မိခင်အိမ်မှာ ကြွက်ဖမ်းရာတွင် အလွန်ကျွမ်းကျင်နေခဲ့ပြီး မိခင်ဖြစ်သူကလည်း သူ့ကြောင်လေးရဲ့ အလုပ် ကိုပြသတဲ့ ဓာတ်ပုံတစ်ပုံများကို သူ့ထံ ပို့ပေးလိုက်ပါတယ်။ သူ့ကြောင်လေးက ကြွက်အမြောက်အမြားကို ဖမ်းနိုင်ရုံသာမကဘဲ သူဖမ်းလို့ရခဲ့တဲ့ကြွက်တွေကိုလည်း အစဉ်လိုက်စီပေးထားခဲ့ပါသေးတယ်။
၎င်းကြောင်ဟာ ကြွက်များကို ဖမ်းရာတွင် အလွန်ကောင်းမွန်ပြီး စည်းစနစ်ကျကြောင်း တွေ့ရှိရခဲ့ရပါတယ်။ အရင်က ကြောင်လေးက ပိုင်ရှင်ရဲ့အိမ်မှာ ကြွက်ဖမ်းတဲ့အလုပ်ကို တစ်ခါမှ မလုပ်ဖူးပေမယ့် ရေးကြုံတဲ့အခါ ကြောင်လေးဟာ သူ့အလုပ်ကို ထိထိရောက်ရောက်လုပ်ဆောင်ပေးခဲ့ပါတယ်။ ထို့နောက် ပိုင်ရှင်ဖြစ်သူဟာ သူ့ကြောင်လေးရဲ့အကြောင်းအားပြောပြလို့အပြီးမှာ သူဟာ ဤမျှထူးခြားပြီး ထက်မြက်တဲ့ကြောင်လေးတစ်ကောင်ကို ပိုင်ဆိုင်ထားရတဲ့အတွက် ဂုဏ်ယူပြီး ဝမ်းသာနေမိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ စာဖတ်သူတို့ဆီမှကော ဒီလို ထူးခြားတဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေ ရှိနေလားဗျာ ။
Crd