ဖိနပ္ေလးေတာင္မစီးရဘဲ ေျခေထာက္မ်ားကို ပိတ္စနဲ႕ ပတ္ထားေပမဲ့ ေျပးခုန္ပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ ၃ ခု ရရွိခဲ့တဲ့ ၁၂ႏွစ္အ႐ြယ္ မိန္းကေလးငယ္

ဖိနပ္ေလးေတာင္မစီးရဘဲ ေျခေထာက္မ်ားကို ပိတ္စနဲ႕ ပတ္ထားေပမဲ့ ေျပးခုန္ပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ ၃ ခု ရရွိခဲ့တဲ့ ၁၂ႏွစ္အ႐ြယ္ မိန္းကေလးငယ္

 

 

ကိုယ္ပိုင္အရည္အခ်င္းရွိသူမ်ားအတြက္ မည္သို႔ပင္ဆိုေစကာမူ မိမိတို႔ရဲ႕ကိုယ္ပိုင္အရည္အခ်င္းမ်ားနဲ႕ အျပည့္အဝေရာက္ရွိနိုင္ပါတယ္ ။ ယခုေဖာ္ျပေပးမဲ့ မိန္းကေလးဟာလည္း အျခားလူေတြလို အေျပးဖိနပ္ေကာင္းေကာင္းမစီးနိုင္ေပမဲ့ ေ႐ႊတံဆိပ္ဆြတ္ခူးနိုင္ခဲ့ပါတယ္ ။ အဆိုပါမိန္းကေလးကို ဖိလစ္ပိုင္နိုင္ငံမွ အသက္ 12 ႏွစ္အ႐ြယ္ မိန္းကေလး Rhea Bullos လို႔ေခၚပါတယ္ ။ မိသားစုမွာ ခ်မ္းသာႂကြယ္ဝမႈ သိပ္မရွိတာေၾကာင့္ အေျပးဖိနပ္ေကာင္းေကာင္း မဝယ္စီးနိုင္ပါ ။ အေျပးၿပိဳင္ပြဲမ်ားအတြက္ အသုံးျပဳရန္ သူမရဲ႕ေျခဖဝါးကိုဖုံးရန္ ဖိနပ္အစား ပိတ္စေလးပတ္တီး အသုံးျပဳခဲ့ပါတယ္ ။

 

 

 

အဆိုပါၿပိဳင္ပြဲက ေက်ာင္းမ်ားၾကား ေျပးခုန္ပစ္ၿပိဳင္ပြဲျဖစ္ပါတယ္ ။ အေျပးဖိနပ္အစား ပတ္တီးနဲ႕ ေျပးနိုင္ခဲ့ၿပီး မီတာ ၄၀၀၊ မီတာ ၈၀၀ နဲ႕ ၁၅၀၀ မီတာတို႔မွာ ေက်ာင္းအတြက္ ေ႐ႊတံဆိပ္ ၃ ခု ရရွိခဲ့ပါတယ္ ။ ထို႔ထက္ ပိုအေရးႀကီးသည္မွာ သူမက ၿပိဳင္ပြဲမစမီ ေျပးလႊားအားေပးရန္အတြက္ ဖိနပ္ေပၚမွာ Nike တံဆိပ္ကိုလည္း ေရးဆြဲခဲ့ပါတယ္ ။ သူမရဲ႕ အျဖစ္အပ်က္ေလးကို အြန္လိုင္းမွာ လႊင့္တင္ၿပီးေနာက္ လ်င္ျမန္စြာ ပ်ံ့ႏွံ႕သြားၿပီး လူေတြက သူတို႔ရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုၾကၿပီး မိန္းကေလးရဲ႕ အရည္အခ်င္းကို အရမ္းသေဘာက်ၾကပါတယ္ ။ Nike ဆိုတဲ့ နာႀကီးကုမၸဏီပိုင္ရွင္က သူမကို ဖိနပ္တစ္ရံေပးသင့္တယ္လို႔လည္း အႀကံျပဳခဲ့ပါတယ္။

Crd

Unicode

ဖိနပ်လေးတောင်မစီးရဘဲ ခြေထောက်များကို ပိတ်စနဲ့ ပတ်ထားပေမဲ့ ပြေးခုန်ပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခု ရရှိခဲ့တဲ့ ၁၂နှစ်အရွယ် မိန်းကလေးငယ်

 

 

ကိုယ်ပိုင်အရည်အချင်းရှိသူများအတွက် မည်သို့ပင်ဆိုစေကာမူ မိမိတို့ရဲ့ကိုယ်ပိုင်အရည်အချင်းများနဲ့ အပြည့်အဝရောက်ရှိနိုင်ပါတယ် ။ ယခုဖော်ပြပေးမဲ့ မိန်းကလေးဟာလည်း အခြားလူတွေလို အပြေးဖိနပ်ကောင်းကောင်းမစီးနိုင်ပေမဲ့ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ အဆိုပါမိန်းကလေးကို ဖိလစ်ပိုင်နိုင်ငံမှ အသက် 12 နှစ်အရွယ် မိန်းကလေး Rhea Bullos လို့ခေါ်ပါတယ် ။ မိသားစုမှာ ချမ်းသာကြွယ်ဝမှု သိပ်မရှိတာကြောင့် အပြေးဖိနပ်ကောင်းကောင်း မဝယ်စီးနိုင်ပါ ။ အပြေးပြိုင်ပွဲများအတွက် အသုံးပြုရန် သူမရဲ့ခြေဖဝါးကိုဖုံးရန် ဖိနပ်အစား ပိတ်စလေးပတ်တီး အသုံးပြုခဲ့ပါတယ် ။

 

 

 

အဆိုပါပြိုင်ပွဲက ကျောင်းများကြား ပြေးခုန်ပစ်ပြိုင်ပွဲဖြစ်ပါတယ် ။ အပြေးဖိနပ်အစား ပတ်တီးနဲ့ ပြေးနိုင်ခဲ့ပြီး မီတာ ၄၀၀၊ မီတာ ၈၀၀ နဲ့ ၁၅၀၀ မီတာတို့မှာ ကျောင်းအတွက် ရွှေတံဆိပ် ၃ ခု ရရှိခဲ့ပါတယ် ။ ထို့ထက် ပိုအရေးကြီးသည်မှာ သူမက ပြိုင်ပွဲမစမီ ပြေးလွှားအားပေးရန်အတွက် ဖိနပ်ပေါ်မှာ Nike တံဆိပ်ကိုလည်း ရေးဆွဲခဲ့ပါတယ် ။ သူမရဲ့ အဖြစ်အပျက်လေးကို အွန်လိုင်းမှာ လွှင့်တင်ပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတွေက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုကြပြီး မိန်းကလေးရဲ့ အရည်အချင်းကို အရမ်းသဘောကျကြပါတယ် ။ Nike ဆိုတဲ့ နာကြီးကုမ္ပဏီပိုင်ရှင်က သူမကို ဖိနပ်တစ်ရံပေးသင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

Crd