ဒလန္သတင္းေပးမွု့ေၾကာင့္ ဗိုလၷဂါးကို ရဟတ္ယာဥ္ ၄စီး သုံးၿပီးလုပ္ႀကံေပမယ့္ ကံေကာင္းစြာနဲ႔ လႊတ္ေျမာက္သြားေၾကာင္း

ဒလန္သတင္းေပးမွု့ေၾကာင့္ ဗိုလၷဂါးကို ရဟတ္ယာဥ္ ၄စီး သုံးၿပီးလုပ္ႀကံေပမယ့္ ကံေကာင္းစြာနဲ႔ လႊတ္ေျမာက္သြားေၾကာင္း

 

 

 

ဗိုလ္နဂါးအဖြဲ႕ အစည္းအေဝးျပဳလုပ္စဥ္ စစ္ေကာင္စီတပ္က ရဟတ္ယာဥ္ ၄ စီးျဖင့္ ဝိုင္းသတ္ဖို့ ျပဳလုပ္

RNA_ဇႏၷဝါရီ ၁၀ ရက္၊ ၂၀၂၂ ခုႏွစ္။

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ့နယ္၊ ဦးေႏွာက္ေက်းရြာတြင္ ဗိုလ္နဂါးအဖြဲ႕ အစည္းအေဝးျပဳလုပ္ေနစဥ္ ယေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္ဝန္းက်င္က စစ္ေကာင္စီတပ္က စစ္ရဟတ္ယာဥ္ ၄ စီးျဖင့္ တပ္သားမ်ားခ်ကာ ရြာကိုဝိုင္းထားၿပီး ဗိုလ္နဂါးအဖြဲ႕ကို တိုက္ခိုက္သတ္ျဖတ္ဖို့ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ဦးေႏွာက္ေက်းရြာအေပၚကေန ရဟတ္ယာဥ္ ေလးစီး ဝဲၿပီး တပ္သားေတြခ်တာ ဗိုလ္နဂါးအဖြဲ႕အစည္းအေဝးလုပ္တာ ေပါက္သြားတယ္၊ ဒလန္သတင္းေပးတာေပါ့၊

 

 

အဲဒါလဲၾကား စေခၾတကို ေလယာဥ္နဲ႔ ခ်ေတာ့ အ်ခား PDF ေတြက ဒီေကာင္ေတြကို ခ်ဖို့ျပင္ၾကတာ အခုက ဗိုလၷဂါးတို႔က လြတ္သြားၿပီ အဝိုင္းခံရတာကေန ထြက္နိုင္သြားၿပီ ဘာဆက္ျဖစ္မလဲေတာ့ မသိေသးဘူး နာရီဝက္ေလာက္ပဲ ရွိေသးတယ္ ျဖစ္သြားတာ ဟု ပုလဲၿမိဳ့ ေဒသခံ တဦးက ေျပာသည္။

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခရိုင္၊ ပုလဲၿမိဳ့နယ္အေျခစိုက္ ဗိုလ္နဂါးအဖြဲသည့္ အင္အားႀကီးမားလာၿပီး စစ္ေကာင္စီတပ္အထိနာေအာင္ လုပ္ေနသည့္အဖြဲ႕ျဖစ္ေၾကာင္း၊ စစ္ကိုင္းတိုင္းအတြင္းရွိ PDF မ်ားသည္ စစ္ေကာင္စီတပ္ကို အထိနာေအာင္ ျပဳလုပ္ေနသည့္အတြက္ စစ္ေကာင္စီက အၿငိဳးအေတးထားကာ ေလေၾကာင္းျဖင့္ ပစ္ခတ္မွုမ်ားစြာျပဳလုပ္ၿပီး ေဒသခံျပည္သူမ်ား၏ ေနအိမ္မ်ားမီးရွို့ခံရသလို အသတ္ခံရသည့္ ျပည္သူမ်ားရွိေၾကာင္း သိရသည္။

#RedNewsAgency

Crd

Unicode

ဒလန်သတင်းပေးမှု့ကြောင့် ဗိုလ္နဂါးကို ရဟတ်ယာဉ် ၄စီး သုံးပြီးလုပ်ကြံပေမယ့် ကံကောင်းစွာနဲ့ လွှတ်မြောက်သွားကြောင်း

 

 

 

ဗိုလ်နဂါးအဖွဲ့ အစည်းအဝေးပြုလုပ်စဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ဝိုင်းသတ်ဖို့ ပြုလုပ်

RNA_ဇန္နဝါရီ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာတွင် ဗိုလ်နဂါးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၄ စီးဖြင့် တပ်သားများချကာ ရွာကိုဝိုင်းထားပြီး ဗိုလ်နဂါးအဖွဲ့ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးနှောက်ကျေးရွာအပေါ်ကနေ ရဟတ်ယာဉ် လေးစီး ဝဲပြီး တပ်သားတွေချတာ ဗိုလ်နဂါးအဖွဲ့အစည်းအဝေးလုပ်တာ ပေါက်သွားတယ်၊ ဒလန်သတင်းပေးတာပေါ့၊

 

 

အဲဒါလဲကြား စခေတြကို လေယာဉ်နဲ့ ချတော့ အျခား PDF တွေက ဒီကောင်တွေကို ချဖို့ပြင်ကြတာ အခုက ဗိုလ္နဂါးတို့က လွတ်သွားပြီ အဝိုင်းခံရတာကနေ ထွက်နိုင်သွားပြီ ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူး နာရီဝက်လောက်ပဲ ရှိသေးတယ် ဖြစ်သွားတာ ဟု ပုလဲမြို့ ဒေသခံ တဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးအဖွဲသည့် အင်အားကြီးမားလာပြီး စစ်ကောင်စီတပ်အထိနာအောင် လုပ်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ PDF များသည် စစ်ကောင်စီတပ်ကို အထိနာအောင် ပြုလုပ်နေသည့်အတွက် စစ်ကောင်စီက အငြိုးအတေးထားကာ လေကြောင်းဖြင့် ပစ်ခတ်မှုများစွာပြုလုပ်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များမီးရှို့ခံရသလို အသတ်ခံရသည့် ပြည်သူများရှိကြောင်း သိရသည်။

#RedNewsAgency

Crd