0
689
Unicode
ညီမ ရှေ့မှာ ကုတင်ပေါ်ကကိစ္စတွေပါ ချပြတော့မလားဆိုတဲ့ အပေါ်တုံ့ပြန်လိုက်တဲ့ ပိုင်ဖြိုးသု
ပိုင်ဖြိုးသုကတော့ နိုင်ငံကျော် အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်သလို၊ ထူးချွန်ထက်မြက်တဲ့ ပညာတတ် ဆရာဝန်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
ပိုင်ဖြိုးသုက သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိဖူးသလို သူမကိုယ်သူ အကောင်းဆုံးနေပြီး
သူတစ်ပါးအပေါ် စိတ်ကောင်းစေတနာကောင်းသာထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပီပီ ဝေဖန်မှုတွေကို ကြုံတွေ့ရလေ့ရှိတဲ့
ပိုင်ဖြိုးသုက ဒီကနေ့မှာလည်း ညီမလေးနိုင်ဖြိုးဥနဲ့ ပက်သတ်ပြီး ပရိသတ်တစ်ယောက်ရဲ့စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ထိုပရိသတ်က
ကိုယ့်ညီမလေးကို လင်မယားကြား ကန့်လန့်ကန့်လန့်ဖြစ်အောင် အားကျအတုခိုးအောင် လုပ်ပြနေတယ်။ အိပ်ယာပေါ်လုပ်တာကအစ ပြတော့မှာလား မသိဘူး”
ဆိုပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကောမန့်ကို မြင်လျှင်မြင်ချင်းပဲ ပိုင်ဖြိုးသုက ဒေါသနဲ့ တုံ့ပြန်ခြင်းမရှိပဲ လူတွေမှာဖြစ်တတ်တဲ့သဘောသဘာဝကြောင့်
“သနားစရာကောင်းတယ်” လို့ပဲ ပြောခဲ့ပါတယ်။ ပိုင်ဖြိုးသုကတော့ သူမနဲ့ တစ်သက်လုံးအတူတူ သွားအတူ၊ စားအတူရှိခဲ့တဲ့ ညီမလေးကို အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း
အဖော်မမဲ့ရအောင် ကြိုးစားပြီးနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
LEAVE A REPLY
Please enter your comment!
Please enter your name here