သမီးျဖစ္သူ ခင္ခင္ခ က ဦးဇင္းေနာက္ဆုံးေရးသြားတဲ့ စာအုပ္ႏွစ္အုပ္ကို ျမန္မာျပည္က ပရိသတ္ေတြလက္ထဲ ထည့္ေပးသြားမည္

0
58

သမီးျဖစ္သူ ခင္ခင္ခ က ဦးဇင္းေနာက္ဆုံးေရးသြားတဲ့ စာအုပ္ႏွစ္အုပ္ကို ျမန္မာျပည္က ပရိသတ္ေတြလက္ထဲ ထည့္ေပးသြားမည္

ဦးဇင္းမရွိေတာ့ျခင္းက မိသားစုဝင္ေတြအတြက္သာမက ပရိသတ္ေတြအတြက္ပါ တသသျဖစ္ေစခဲ့သလို ဦးဇင္း မင္းသားဘဝက အႏုပညာလက္ရာေတြကိုလည္း လူမႈကြန္ရက္မွာ မၽွေဝရင္း ေျဖမဆည္နိုင္ျဖစ္ခဲ့ၾကပါတယ္။ တခ်ိန္တုန္းက ျမန္မာနိုင္ငံမွာ သၽွ မ္းသၽွမ္းေတာက္ေအာင္ျမင္မႈေတြနဲ႔ သိမ္းပို က္ခဲ့တဲ့ သဘာမင္းသားႀကီးဦးေက်ာ္ဟိန္းကေတာ့ လြန္ခဲ့တဲ့ရက္ပိုင္းက ဦးဇင္းကိတၳိသာရအေနနဲ႔ ပ်ံလြန္ေတာ္မူခဲ့ၿပီ ျဖစ္ပါတယ္။

” အားလုံး အားလုံး အေဖ ဦးဇင္းအတြက္ ဝိုင္းၿပီး ဆုေတာင္း သာဓုေခၚေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္။ ဒီစာေရးတာေတာ္ေတာ္ေတာ့ ေနာက္က်ေနတယ္။ ဘယ္လိုမွေျပာျပလို႔ မရတဲ့ ခံစားမႈေတြ ရင္ထဲ ေခါင္းထဲ ျပည့္လြန္းလို႔ လၽွံထြက္ေနတယ္။ ေလာကရဲ့ အမွန္တရားအစစ္ေတြကို ခုမွ လက္ေတြ႕ ခံစားဖူးတာပါ။ ဦးဇင္းေျပာေနၾက စကားအတိုင္းပါပဲ ဘယ္ဟာမွအၾကာႀကီး မဟုတ္ပါဘူး။ ဦးဇင္းရဲ့ အလုပ္ေတြ ခင္ခ ဆက္လုပ္ေနပါတယ္။ COVID ႀကီးေအးေအးေဆးေဆး ျဖစ္သြားရင္ ခင္ခ ကိုယ္တိုင္ ျပန္လာၿပီး ဦးဇင္းေနာက္ဆုံးေရးခဲ့တဲ့ စာအုပ္ (၂) အုပ္ကို ကိုChan Myae Win နဲ႔ ထုတ္လုပ္ဖို႔ရွိပါတယ္။ စာအုပ္ နာမည္ေတြက ‘အေျဖ’ နဲ႔ ‘ ေက်ာ္ဟိန္း အတၳဳပၸတၱိ’ ပါ” ဆိုၿပီး ဦးဇင္းသမီးျဖစ္သူ ခင္ခင္ခက သူမရဲ့စာမ်က္ႏွာမွာေရး သားခဲ့ပါတယ္။

ကိုဗစ္ကပ္ေရာဂါၿငိမ္သက္သြားရင္ေတာ့ ဦးဇင္းရဲ့ေနာက္ဆုံးအခ်ိန္ေတြမွာေရးသားခဲ့တဲ့ စာအုပ္ႏွစ္အုပ္ကို ပရိသတ္ေတြ ထိေတြ႕ခြင့္ရမွာျဖစ္ၿပီး ဦးဇင္းေဟာခဲ့တဲ့ တရားေတြ နဲ႔ စာေတြကိုလည္း U Keikti Thara pageကေန တင္ေပးသြားမယ္ ဆိုတဲ့အေၾကာင္း သမီးျဖစ္သူ ခင္ခင္ခ ကမၽွေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ။ ဦးဇင္းကိတၳိသာရကေတာ့ မင္းသားဘဝတုန္းကလည္း အႏုပညာနယ္ပယ္စုံမွာ က်င္လည္ခဲ့သလို ဦးဇင္းဘဝမွာလည္း စာအုပ္ေတြေရးခဲ့႐ုံမက သူ႔ဘဝရဲ့ေနာက္ဆုံးအခ်ိန္ေတြမွာပါ စာေတြေရးရင္း ျဖတ္သန္းခဲ့သူပါ။

Source.Khin K Kha

Unicode

သမီးဖြစ်သူ ခင်ခင်ခ က ဦးဇင်းနောက်ဆုံးရေးသွားတဲ့ စာအုပ်နှစ်အုပ်ကို မြန်မာပြည်က ပရိသတ်တွေလက်ထဲ ထည့်ပေးသွားမည်

ဦးဇင်းမရှိတော့ခြင်းက မိသားစုဝင်တွေအတွက်သာမက ပရိသတ်တွေအတွက်ပါ တသသဖြစ်စေခဲ့သလို ဦးဇင်း မင်းသားဘဝက အနုပညာလက်ရာတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေရင်း ဖြေမဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။ တချိန်တုန်းက မြန်မာနိုင်ငံမှာ သျှ မ်းသျှမ်းတောက်အောင်မြင်မှုတွေနဲ့ သိမ်းပို က်ခဲ့တဲ့ သဘာမင်းသားကြီးဦးကျော်ဟိန်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဦးဇင်းကိတ္ထိသာရအနေနဲ့ ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။

” အားလုံး အားလုံး အဖေ ဦးဇင်းအတွက် ဝိုင်းပြီး ဆုတောင်း သာဓုခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီစာရေးတာတော်တော်တော့ နောက်ကျနေတယ်။ ဘယ်လိုမှပြောပြလို့ မရတဲ့ ခံစားမှုတွေ ရင်ထဲ ခေါင်းထဲ ပြည့်လွန်းလို့ လျှံထွက်နေတယ်။ လောကရဲ့ အမှန်တရားအစစ်တွေကို ခုမှ လက်တွေ့ ခံစားဖူးတာပါ။ ဦးဇင်းပြောနေကြ စကားအတိုင်းပါပဲ ဘယ်ဟာမှအကြာကြီး မဟုတ်ပါဘူး။ ဦးဇင်းရဲ့ အလုပ်တွေ ခင်ခ ဆက်လုပ်နေပါတယ်။ COVID ကြီးအေးအေးဆေးဆေး ဖြစ်သွားရင် ခင်ခ ကိုယ်တိုင် ပြန်လာပြီး ဦးဇင်းနောက်ဆုံးရေးခဲ့တဲ့ စာအုပ် (၂) အုပ်ကို ကိုChan Myae Win နဲ့ ထုတ်လုပ်ဖို့ရှိပါတယ်။ စာအုပ် နာမည်တွေက ‘အဖြေ’ နဲ့ ‘ ကျော်ဟိန်း အတ္ထုပ္ပတ္တိ’ ပါ” ဆိုပြီး ဦးဇင်းသမီးဖြစ်သူ ခင်ခင်ခက သူမရဲ့စာမျက်နှာမှာရေး သားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါငြိမ်သက်သွားရင်တော့ ဦးဇင်းရဲ့နောက်ဆုံးအချိန်တွေမှာရေးသားခဲ့တဲ့ စာအုပ်နှစ်အုပ်ကို ပရိသတ်တွေ ထိတွေ့ခွင့်ရမှာဖြစ်ပြီး ဦးဇင်းဟောခဲ့တဲ့ တရားတွေ နဲ့ စာတွေကိုလည်း U Keikti Thara pageကနေ တင်ပေးသွားမယ် ဆိုတဲ့အကြောင်း သမီးဖြစ်သူ ခင်ခင်ခ ကမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ။ ဦးဇင်းကိတ္ထိသာရကတော့ မင်းသားဘဝတုန်းကလည်း အနုပညာနယ်ပယ်စုံမှာ ကျင်လည်ခဲ့သလို ဦးဇင်းဘဝမှာလည်း စာအုပ်တွေရေးခဲ့ရုံမက သူ့ဘဝရဲ့နောက်ဆုံးအချိန်တွေမှာပါ စာတွေရေးရင်း ဖြတ်သန်းခဲ့သူပါ။

Source.Khin K Kha

LEAVE A REPLY

Please enter your comment!
Please enter your name here