LOCAL NEWS

မှတ်ပုံတင်ခြင်း မရှိသော ဆင်းကဒ် ၃၄ သန်းကျော်ကို ပိတ်လိုက်ခြင်းကြောင့်ဖြည့်သွင်းထားသော လက်ကျန်ငွေ များကို COVID ကာကွယ်၊ ကုသရေး အတွက် ပြန်လည် လှူဒါန်း

Written by DailyNews


















သည်။




zawgyi

မှတ်ပုံတင်ခြင်း မရှိသော ဆင်းကဒ် ၃၄ သန်းကျော်ကို ပိတ်လိုက်ခြင်းကြောင့် အဆိုပါ ဆင်းကဒ်များတွင် ဖြည့်သွင်းထားသော လက်ကျန်ငွေ များကို COVID ကာကွယ်၊

ကုသရေး အတွက် ပြန်လည် လှူဒါန်း

မှတ်ပုံတင်ခြင်း မရှိသော ဆင်းကဒ် ၃၄ သန်းကျော်ကို ပိတ်လိုက်ခြင်းကြောင့် အဆိုပါ ဆင်းကဒ်များတွင် ဖြည့်သွင်းထားသော လက်ကျန်ငွေ များကို COVID ကာကွယ်၊

ကုသရေး အတွက် ပြန်လည် လှူဒါန်း

မှတ်ပုံတင်ခြင်း မရှိသော ဆင်းကဒ် ၃၄ သန်းကျော်ကို ပိတ်လိုက်ခြင်းကြောင့် အဆိုပါ ဆင်းကဒ်များတွင် ဖြည့်သွင်းထားသော လက်ကျန်ငွေ ကျပ်သန်းပေါင်း ၁၇၂၂ ကို

COVID ကာကွယ်၊ ကုသရေး အတွက် ပြန်လည် လှူဒါန်းကြောင်း ကို ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က

အောက်တိုဘာလ ၁၉ ရက်တွင် ပြုလုပ်သည့် လှူဒါန်းပွဲတွင် ပြောသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်

များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့သည်။

ကြေညာချက်၊ ညွှန်ကြားချက်များနှင့်အညီ ဇွန်လ ၆ ရက် အထိ ပြန်လည် မှတ်ပုံတင်ခြင်းမရှိသော SIM Card များနှင့် ဖေဖော်ဝါရီလ ၂၂ ရက် နောက်ပိုင်း အချက်အလက်

များ မှန်ကန်စွာ မှတ်ပုံတင်ခြင်း မရှိသည့် SIM Card များ စုစုပေါင်း (၃၄.၄၉) သန်း ကျော်ကို ပိတ်သိမ်းခဲ့ပြီး၊ အဆိုပါ ပိတ်သိမ်း SIM Card များတွင် လက်ကျန်ငွေ

စုစုပေါင်းကျပ် (၁,၇၂၂) သန်းကျော် ကျန်ရှိခဲ့ကြောင်း၊ မှတ်ပုံတင်ခြင်း မရှိသော SIM Card (၃၄.၄၉) သန်းကျော်အား ပိတ်သိမ်းခဲ့ခြင်းကြောင့် တယ်လီဖုန်းသုံးစွဲသူ လူမျိုး၊

ဘာသာ ပေါင်းစုံတို့ကဖြည့်သွင်းထားခဲ့သည့် Top Up ငွေများ၏ လက်ကျန်ငွေ ကျပ်သန်းပေါင်း (၁,၇၂၂) သန်းကျော်ကို သုံးစွဲသူ အများပြည်သူများ ကိုယ်စား နိုင်ငံအကျိုး

အတွက် ယခုကဲ့သို့ Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ကြောင်း

ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က အဆိုပါ အခမ်းအနားတွင် ပြောသည်။

ယခင် ဇန်နဝါရီလ ၃၁ ရက် တွင်လည်း မှတ်ပုံတင်ခြင်း မရှိသော SIM Card (၆.၅၅) သန်းကျော် ပိတ်သိမ်းခဲ့ရာ၌ ကျန်ရှိသော လက်ကျန်ငွေ (၁,၅၇၃) သန်းကျော်ကို

သုံးစွဲသူ အများပြည်သူကိုယ်စား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေသို့ လှူဒါန်းခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ၏ ပြောကြားချက်အရ သိရ

သည်။

အဆိုပါ အခမ်းများတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမီတက်၊ နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats

Campaign နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များ နှင့် သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် တို့က အလှူငွေ

များ လှူဒါန်းခဲ့ကြသည်။ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန

About the author

DailyNews

Leave a Comment