LOCAL NEWS

ဒရုန်း ၉ စီးကိုပစ်ချပြလိုက်ပြိး အဇာဘိုင်ဂျန်ကို သတိပေး ပညာပေးဆုံးမလိုက်တဲ့ ရုရှား

Written by DailyNews

ဒရုန်း ၉ စီးကိုပစ်ချပြလိုက်ပြိး အဇာဘိုင်ဂျန်ကို သတိပေး ပညာပေးဆုံးမလိုက်တဲ့ ရုရှား

အီရန်နိုင်ငံ က Nagorno-Karabakh ၌ စစ်ဖြစ်နေသည့်နိုင်ငံနှစ်ခုအား အစ္စလာမ်မစ်သမ္မတနိုင်ငံလေကြောင်းနယ်ပယ်ကို ချိုးဖောက်ပါက လလက်တုံ့ပြန်လိမ့်မည်ဟုသတိပေး

ခဲ့ပြီးနောက် ရုရှားသည်လည်း တူရကီ – အာမေးနီးယားနယ်စပ်အနီးရှိ ရုရှားစစ်အခြေစိုက်စခန်း၌ အလားတူတုံ့ပြန်မှုမျိုးကို ထုတ်ပြန်ထားခြင်းမရှိဘဲ ပြုလုပ်ခဲ့ပြီဖြစ်သည်။

ရုရှားတပ်မတော်အနေဖြင့် ၄၈ နာရီအတွင်းတွင် ၎င်းတို့၏ စစ်အခြေစိုက်စခန်းအနီး ပျံသန်းနေသောတူရကီ Bayraktar TB-2 မောင်းသူမဲ့လေယာဉ် ၉ စင်းအားပစ်ခတ်ခဲ့ကြော

င်း Avia Pro က အစီရင်ခံဖော်ပြခဲ့ပါသည်။ Avia.pro မှ ရုရှားသတင်းထောက်များ၏အဆိုအရ ရုရှားတပ်မတော်အနေဖြင့် ၎င်းတို့၏ အီလက်ထရောနစ်စစ်ပွဲလက်နက်စနစ်တစ်

ခုဖြစ်သည့် Krasukha စနစ်သစ်တစ်ခုကို အဆိုပါဒေသ၌ တပ်ဖြန့်အသုံးပြုနေသည်ဟုဆိုသည်။

ရုရှားအနေဖြင့် အဆိုပါ Krasukha စနစ်ကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် စမ်းသပ်မှုအတော်များများပြုလုပ်ပြီးသည့်နောက် ကြည်းတပ်တွင် ၂၀၁၄ ခုနှစ်ကစတင်တပ်ဖြန့်အ

သုံးပြုလာခဲ့ခြင်းဖြစ်သည်။ ၎င်းစနစ်သည် အသေးစားဒရုန်းများနှင့် တိုက်ခိုက်ရေးဒရုန်းများကို ၂၅၀ ကီလိုမီတာအထိထောက်လှမ်းနိုင်သည်ဟု သိရှိရသည်။ လက်ရှိအချိန်၌

Krasukha စနစ်ကို အယ်လ်ဂျီးရီးယား၊ အီရန်နှင့် လစ်ဗျားတို့ကလည်း အသုံးပြုလျက်ရှိကြပါသည်။

ရုရှားကြည်းတပ်အနေဖြင့် အာမေးနီးယန်းရှိ ၎င်း၏ Gyumri စစ်အခြေစိုက်စခန်းအနီးတွင် ပျံဝဲနေသည့် အဇာဘိုင်ဂျန်တို့၏ Bayraktar ဒရုန်း ၉ စီးကို ပစ်ချလိုက်ခြင်းလည်းဖြစ်

သည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနအဆိုအရ Nagorno-Karabakh ၌ရန်လိုတိုက်ခိုက်မှုများစတင်ချိန် မှစ၍ ရုရှားအီလက်ထရောနစ်စစ်ဆင်ရေးစနစ်များသည် စစ်ရေးအသ

င့်တိုက်ခိုက်မှုအတွက် အဆင်သင့်ဖြစ်စေခဲ့သည်ဟုဆိုသော်လည်းယခုအချိန်တွင်သာအသုံးပြုခြင်းမရှိသေးပါဟုလည်း Bulgaria Military.com ကအစီရင်ခံဖော်ပြေထားပေ

သည်။သို့သော် ပစ်ချခဲ့ရသည့် ဒရုန်းများ၏ ဓါတ်ပုံများသည် တူရကီကြည်းတပ်၊သို့မဟုတ် အဇာဘိုင်ဂျန်တပ်မတော်၌ အသုံးပြုသည့် ဒရုန်းများဖြစ်သည်ကိုတော့ ဝေခွဲ၍မရေ

သးပေ။ သေချာသည်ကာ ရုရှားအနေဖြင့် ၎င်းတို့၏ စနစ်ကိုအသုံးပြုခဲ့သည်ဆိုပါက တူရကီနှင့်အဇာဘိုင်ဂျန်တို့၏ ဒရုန်းစနစ်များအတွက် ကန့်သတ်ချက်များကို ဖြစ်စေခဲ့ပြီလ

ည်းဖြစ်သည်။

၎င်းတို့ အနေဖြင့် ဆက်လက်ဆုံးရှုံးဖို့ရာ ရှိမည့် အလားအလာပဲရှိတော့မည်လည်းဖြစ်သည်။ စက်တင်ဘာ ၂၇ ရက်တွင် Nagorno-Karabakh ဒေသ၌ အခြေအနေပိုမိုဆိုးရွား

လာခဲ့ပြီး အငြင်းပွားနေသောနယ်မြေတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ အဇာဘိုင်ဂျန်နှင့်အာမေးနီးယားတွင်စစ်အုပ်ချုပ်ရေးကိုစတင်ကျင့်သုံးခဲ့ပြီးစည်းရုံးခြင်းကိုကြေညာခဲ့ပါသည်။

စစ်ပွဲတွင် နှစ်ဖက်စလုံးက အရပ်သားများလည်း သေဆုံးနေရဆဲဖြစ်သည်

About the author

DailyNews

Leave a Comment