

တချိန်က မင်းသမီးတစ်လက် ဇီးထုပ်ကြော်ငြာရင်း ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာ ပြောကြတော့ ငွေမျက်နှာမကြည့်ဘဲ ကြော်ငြာကို ဖျက်ပေးခဲ့တယ်။ ဘယ်လောက်ပဲ

အချစ်တွေများများ သူ့အလုပ်သူလေးစားခဲ့တော့ မထက်ကို အခုထိ လူတွေလက်ခံတုန်းပဲ။ ပိုက်ဆံရတိုင်း သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးဆို ဒါမျိုးရအံ့မထင်။ အထင်ကြီးစရာမှမရှိတာ

လေးဖြူဘာဆိုဆို အောင်မြင်တယ်ဆိုတာ သူ့သီချင်းတွေကိုကြည့်လိုက်… ဖြစ်သလိုဆိုထားတာ တစ်ခုမှမရှိဘူး။ သံစဉ်၊ စာသား၊ ဖန်တီးမှု၊ ကာလာ၊ တုန်း အပေါစားတွေ

မဟုတ်ဘူး။ ပေါချောင်ကောင်းနဲ့ သီချင်းတစ်ပုဒ်လောက် ထပေါက်တဲ့အဆိုတော်အမည်ခံတွေနဲ့တော့ ယှဉ်လို့ရအံ့မထင်။ လေးစားစရာမှမရှိတာ

ဆရာတက္ကသိုလ်ဘုန်းနိုင်တို့လို ပုဂ္ဂိုလ်တွေကို အခုထက်ထိ သတိတရရှိနေတာဟာ သူတို့ဖန်တီးခဲ့တဲ့ စာပေအရည်အသွေးတွေကြောင့်… အပေါ့အသွမ်း စာဖြစ်ရင်ပြီး

ရောနဲ့ ရောချတဲ့စာရေးဆရာတွေဆို ဒီအချိန်ထိ အမှတ်ရနေမှာမဟုတ်ဘူးဗျ။ အတုယူစရာမှမရှိတာ

ပါချုပ်ဆရာတော်ကြီးကို လူတွေချွင်းချက်မရှိ ကိုးကွယ်တယ်ဆိုတာ ဘာသာရေးနဲ့ပတ်သက်တာပဲ ဆုံးမဟောကြားတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မနွယ်ဘူး။ ပေါ်ပင်

တရားဟောဆရာတွေလို တွေ့ကရာ လျှောက်မပွားဘူး။ ပညာတတ်တွေက အဲ့လိုစောင်းမြောင်းဟောတဲ့ ပေါ်ပင်ဆရာတွေကို လှည့်တောင်မကြည့်ဘူးဗျ။ ကြည်ညိုစရာမှမရှိတာ

အမေစုကို လူတွေချစ်တယ်ဆိုတာ သူ့ရဲ့နိုင်ငံ့ချစ်စိတ်၊ သူ့သမိုင်းကြောင့်… နိုင်ငံအတွက် သူ့ရဲ့သည်းခံနိုင်စွမ်းဟာ သူမတူအောင် ကြီးမားတယ်။ မနေ့တနေ့ကမှ ထိုင်ဖေါင်း

ထုပြီး အော်နေကြတဲ့ အညံ့စားနိုင်ငံရေးသမားတွေနဲ့တော့ အိမ်မက်တောင်ယှဉ်မမက်နဲ့ဗျို့။ အရည်အချင်းက ဆီနဲ့ရေလို တခြားစီ။ မြန်မာတွေ နိုင်ငံရပ်ခြားမှာ အမေစုနာမည်

ကို ရင်ကော့ပြီးထုတ်ပြောသလို သူတို့ကို ဂုဏ်ယူရဲစရာမှမရှိတာ

“လူဆိုတာ သမိုင်းရှိတယ်ဗျ… ကိုယ်ဘာတွေလုပ်ခဲ့လုပ်ခဲ့ ကိုယ်အထူးပြုတဲ့အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်နေဖို့လိုတယ်”

ချစ်ခြင်းအားဖြင့် အောင်ပို

unicode

လေယာဥ်မှူးကြီးတဦး ပြောပြတဲ့ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦး အကြောင်း

ထက်ထက်မိုးဦးရဲ့ live ကိုကြည့်ပြီး တချို့က စန်းထတယ်လို့ ပြောကြတယ်။ ကျနော်ကတော့ ကိုယ်လုပ်နေတဲ့အရာပေါ်မှာ Professional ဆန်တယ်လို့ ပြောချင်ပါတယ် ။ ဘယ်အချက်တွေနဲ့ ပြောတာလဲ။

၁။ Audience ကို လေးစားတယ်။ ထက်ထက်မိုးဦးဆိုတာ အရင်က လျှမ်းလျှမ်းတောက် ၊ မသိသူမရှိတဲ့ အောင်မြင်တဲ့ ကြော်ငြာမင်းသမီး၊ ခုနောက်ပိုင်း ခြေနေအရ Live

လွင့်ရောင်းရတဲ့အခါမှာလဲ Live ကြည့်တဲ့ Audience အပေါ်မှာ လေး‌လေးစားစား ဆက်ဆံတယ်။

၂။ မာနမရှိ ငါ မင်းသမီးပဲ။ ငါ ရောင်းပေးတဲ့ Live တွေမှာ အရောင်း အများကြီးရတယ်။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ ဆိုပြီး မဆက်ဆံဘူး။ မာန မထားတတ်ဘူး။ ပရိတ်သတ်

ချစ်ခြင်းကို အဲ့တချက်နဲ့ အပိုင်သိမ်းလိုက်တာပဲ။

၃။ အမြဲ ပြုံးနေတယ်။ သူ့အသက်အရွယ်နဲ့ မင်းသမီး ဂုဏ်နဲ့ ဈေးရောင်းရတာ ပင်ပန်းတယ်။ ဒါပေမယ့် အမြဲ ပြုံးနေတယ်။ အဲ့ဒါကလဲ အရောင်းရခြင်းရဲ့ အသက်။

၄။ အာရုံစူးစိုက်မှု ထက်ထက်လှလားဟင်။ ဘာညာမပေးဘူး။ ကိုယ်ရောင်းရမယ့် ပစ္စည်းကို သေချာ အာရုံစိုက်ပြီး ရောင်းတယ်။

၅။ Product အကြောင်း မင်းသမီးက Product အကြောင်း ဘယ်လိုအကုန်သိနိုင်မှာလဲ။ ဒါပေမယ့် သူအတတ်နိုင်ဆုံး ရောင်းသူဆီက မေးပြီး ပြန်ပြောပေးတယ်။ စိတ်ရှည်

တယ်။ လုပ်နေတဲ့အလုပ်ကို ပြီးအောင်လုပ်နိုင်တယ်။

၆။ Negotiation ရောင်းသူနဲ့ ဝယ်သူကြား အဆင်ပြေအောင် ညှိနှိုင်းနိုင်တယ်။

၇။ Sales Closing အရောင်းတခု ဖြစ်မြောက်ဖို့ Sales Closing လိုတယ်။ အရေးကြီးတဲ့ အချက်လဲ ဖြစ်တယ်။ အဲ့အချက်‌ကို သေချာ နားလည်တယ်။ Online က ပိုဆိုးတယ်

။ ခုဝယ်မယ်ပြောပြီး နောက်ဖုန်းဆက်ရင် အရူးကွက်နင်းတာမျိုးတွေက ပိုများတယ်။ အဲ့အပိုင်းကို သေချာ ပိုင်နိုင်တယ်။ Sales Closing သေချာလုပ်တယ်။ စရံ လွှဲဖို့ ကိစ္စ

တွေကအစ ငွေလွှဲပြီးတဲ့အထိ Sales Closing ကို ကောင်းကောင်းလုပ်သွားနိုင်တယ်။

၈။ Customer Service ခု ကားlive လွင့်ရောင်းတော့ သူကိုယ်တိုင် မောင်းပို့ပေးမယ်တဲ့။ အိမ်အရောက်။ ဘယ်လောက် ကောင်းလိုက်တဲ့ Service လဲ။

၉။ IT နည်းပညာ အပြောင်းအလဲကို လိုက်နိုင်တယ်။ သူ့အသက်အရွယ် တချို့ မင်းသမီးတွေ IT ကိုမလုပ်တတ်တဲ့အချိန်မှာ နည်းပညာနဲ့ အကျွမ်းတဝင် ဖြစ်‌နေတယ်။

ခုအချက်တွေကြောင့် ထက်ထက်မိုးဦး စန်းထပြီး အောင်မြင်တာ မဟုတ်ပဲ အလုပ်ကို Professional ပီသစွာ လုပ်လို့ အောင်မြင်တယ်လို့ ယူဆမိပါတယ်။ သေချာတာ

ကတော့ နောက်မျိုးဆက်တဆက်စာ ထက်ထက်မိုးဦးကို ကြော်ငြာ ဘုရင်မဆိုတာ ဒုတိယံမိ ထပ်သိစေမယ်လို့ ယုံကြည်မိပါတယ်

Credit