အစိုးရေပးတဲ့ ကိုဗစ္ေထာက္ပံ့ေၾကးကို ျဖတ္စားတဲ့ ေက်း႐ြာအုပ္ႀကီးကို ဖမ္းလိုက္ၿပီ

0
2148

နိုင်ငံတော်ကပုံမှန်ဝင်ငွေမရှိတဲ့အိမ်ထောင်စုတွေကိုထောက်ပံ့တဲ့ ငွေကျပ်သိန်း၅၀ကျော်ကို ပြည်သူတွေထံမပေးဘဲအလွဲသုံးစားပြုလုပ်ခဲ့တဲ့မြောင်းမြမြို့နယ်၊ကံဘဲ့လေး‌ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကိုမြောင်းမြမြို့မရဲ့စခန်းမှာဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်

ကံဘဲ့လေးကျေးရွာအုပ်စုရှိအိမ်ထောင်စု၂၇၃စုအတွက်တအိမ်ထောင်ကို၂သောင်းကျပ်စီနဲ့နိုင်ငံတော်ကထောက်ပံ့ငွေ၅၄ သိန်း၆သောင်းကျပ်ကိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်မောင်ဝင်းကပြည်သူကိုမပေးဘဲကိုယ်ကျိုးအတွက်သုံးစွဲခဲ့ကြောင်း စစ်‌ဆေးပေါ်ပေါက်ခဲ့လို့မြောင်းမြမြို့နယ်ဒုအုပ်ချုပ်ရေးမှုးဦးမျိုးခိုင်ကတရားလိုပြုလုပ်တိုင်တန်းခဲ့တာပါ။

မြောင်းမြမြို့မရဲစခန်းကတာဝန်ရှိသူကဦးတင်မောင်ဝင်းကို စစ်ဆေးတဲ့အခါမှာငွေ၃သောင်းပဲသူ့မှာကျန်တော့တယ်၊၄၉သိန်းကိုဓာတ်မြေဩဇာဖိုးပေးချေတယ်၊၅သိန်း၃သောင်းကိုသုံးစွဲတယ်လို့ပေါ်ပေါက်ခဲ့တယ်။ပြည်သူတွေကိုထောက်ပံ့ငွေမပေးဘဲ ကိုယ်ကျိုးသုံးခဲ့လို့မြောင်းမြမြို့မရဲစခန်းမှာကံဘဲ့လေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်မောင်ဝင်းကိုဖမ်းဆီးစစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။

ကံဘဲ့လေးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးဦးတင်မောင်ဝင်းကို မြောင်းမြို့မရဲစခန်းမှာရာဇသတ်ကြီးဥပဒေပုဒ်မ၄၀၉နဲ့ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတာဖြစ်ပါတယ်။မြောင်းမြမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း၁၁၄အုပ်စုရှိပြီးပုံမှန်ဝင်ငွေမရှိတဲ့အခြေခံလူတန်းစားတွေကိုတအိမ်ထောင်ငွေကျပ်၂သောင်းကျပ်နှုန်းနဲ့ အိမ်ထောင်စုပေါင်း၂၉၃၅၁ စုအတွက်နိုင်ငံတော်ကဒုတိယ အကြိမ်ထောက်ပံ့ငွေစုစုပေါင်း ၅၈၇,၀၂၀,၀၀၀ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့တာလို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ စုံစမ်းသိရှိရပါတယ်။

ဧရာဝတီတိုင်းအတွင်းနိုင်ငံတော်မှပုံမှန်ဝင်ငွေမရှိတဲ့အိမ်ထောင်စုတွေကိုထောက်ပံ့တဲ့ငွေတွေကို ပြည်သူတွေမပေးဘဲအလွဲသုံးစားပြုလုပ်မှုနဲ့ဖမ်းဆီးအရေးယူခဲ့တာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

source : မင်းထက်မုန်း (ပုသိမ်)

Zawgyi

နိုင္ငံေတာ္ကပုံမွန္ဝင္ေငြမရွိတဲ့အိမ္ေထာင္စုေတြကိုေထာက္ပံ့တဲ့ ေငြက်ပ္သိန္း၅၀ေက်ာ္ကို ျပည္သူေတြထံမေပးဘဲအလြဲသုံးစားျပဳလုပ္ခဲ့တဲ့ေျမာင္းျမၿမိဳ႕နယ္၊ကံဘဲ့ေလး‌ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးကိုေျမာင္းျမၿမိဳ႕မရဲ့စခန္းမွာဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲတပ္ဖြဲ႕ကေျပာပါတယ္

ကံဘဲ့ေလးေက်းရြာအုပ္စုရွိအိမ္ေထာင္စု၂၇၃စုအတြက္တအိမ္ေထာင္ကို၂ေသာင္းက်ပ္စီနဲ႔နိုင္ငံေတာ္ကေထာက္ပံ့ေငြ၅၄ သိန္း၆ေသာင္းက်ပ္ကိုေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးဦးတင္ေမာင္ဝင္းကျပည္သူကိုမေပးဘဲကိုယ္က်ိဳးအတြက္သုံးစြဲခဲ့ေၾကာင္း စစ္‌ေဆးေပၚေပါက္ခဲ့လို႔ေျမာင္းျမၿမိဳ႕နယ္ဒုအုပ္ခ်ဳပ္ေရးမႈးဦးမ်ိဳးခိုင္ကတရားလိုျပဳလုပ္တိုင္တန္းခဲ့တာပါ။

ေျမာင္းျမၿမိဳ႕မရဲစခန္းကတာဝန္ရွိသူကဦးတင္ေမာင္ဝင္းကို စစ္ေဆးတဲ့အခါမွာေငြ၃ေသာင္းပဲသူ႔မွာက်န္ေတာ့တယ္၊၄၉သိန္းကိုဓာတ္ေျမဩဇာဖိုးေပးေခ်တယ္၊၅သိန္း၃ေသာင္းကိုသုံးစြဲတယ္လို႔ေပၚေပါက္ခဲ့တယ္။ျပည္သူေတြကိုေထာက္ပံ့ေငြမေပးဘဲ ကိုယ္က်ိဳးသုံးခဲ့လို႔ေျမာင္းျမၿမိဳ႕မရဲစခန္းမွာကံဘဲ့ေလးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးဦးတင္ေမာင္ဝင္းကိုဖမ္းဆီးစစ္ေဆးေနပါတယ္”လို႔ ေျပာပါတယ္။

ကံဘဲ့ေလးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမႈးဦးတင္ေမာင္ဝင္းကို ေျမာင္းၿမိဳ႕မရဲစခန္းမွာရာဇသတ္ႀကီးဥပေဒပုဒ္မ၄၀၉နဲ႔ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနတာျဖစ္ပါတယ္။ေျမာင္းျမၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စုေပါင္း၁၁၄အုပ္စုရွိၿပီးပုံမွန္ဝင္ေငြမရွိတဲ့အေျခခံလူတန္းစားေတြကိုတအိမ္ေထာင္ေငြက်ပ္၂ေသာင္းက်ပ္ႏႈန္းနဲ႔ အိမ္ေထာင္စုေပါင္း၂၉၃၅၁ စုအတြက္နိုင္ငံေတာ္ကဒုတိယ အႀကိမ္ေထာက္ပံ့ေငြစုစုေပါင္း ၅၈၇,၀၂၀,၀၀၀က်ပ္ကို ေထာက္ပံ့ေပးအပ္ခဲ့တာလို႔အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကေန စုံစမ္းသိရွိရပါတယ္။

ဧရာဝတီတိုင္းအတြင္းနိုင္ငံေတာ္မွပုံမွန္ဝင္ေငြမရွိတဲ့အိမ္ေထာင္စုေတြကိုေထာက္ပံ့တဲ့ေငြေတြကို ျပည္သူေတြမေပးဘဲအလြဲသုံးစားျပဳလုပ္မႈနဲ႔ဖမ္းဆီးအေရးယူခဲ့တာ ပထမဆုံးအႀကိမ္လည္းျဖစ္ပါတယ္။

source : မင္းထက္မုန္း (ပုသိမ္)

LEAVE A REPLY

Please enter your comment!
Please enter your name here