ပုဇြန္ေတာင္ၿမိဳ့နယ္၊ ေရေက်ာ္လမ္းရွိ ဖုန္းအေရာင္းဆိုင္အတြင္းမွ ေငြက်ပ္သိန္း(၁၇၀)ႏွင့္ ဖုန္းေငြျဖည့္ကတ္ မ်ား ခိုးယူသူကို အခ်ိန္တိုအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိ

0
247

ပုဇြန္ေတာင္ၿမိဳ့နယ္၊ ေရေက်ာ္လမ္းရွိ ဖုန္းအေရာင္းဆိုင္အတြင္းမွ ေငြက်ပ္သိန္း(၁၇၀)ႏွင့္ ဖုန္းေငြျဖည့္ကတ္ မ်ား ခိုးယူသူကို အခ်ိန္တိုအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိ

ရန္ကုန္၊ ဩဂုတ္ ၁

အမွုမွာ ၃၀.၇.၂၀၂၀ ရက္ေန႔ နံနက္ (၁၀) နာရီအခ်ိန္ခန႔္တြင္ ပုဇြန္ေတာင္ၿမိဳ့နယ္၊ ေရေက်ာ္လမ္းရွိ AQUARIUS

LIQUOR ဖုန္းအေရာင္းဆိုင္ မန္ေနဂ်ာ မ—–သည္ ဆိုင္တံခါးအား ဖြင့္ၿပီး ဆိုင္အတြင္းရွိ ေကာင္တာႏွင့္ စားပြဲမ်ားအား

လိုက္လံၾကည့္ရွုစစ္ေဆးရာ ႐ုံးခန္းအတြင္းရွိ အံဆြဲအတြင္းမွ ေငြက်ပ္သိန္း (၁၇၀)ႏွင့္ ဖုန္းေငြျဖည့္ကတ္(၁၈)ကတ္၊ တန္

ဖိုးေငြ(၂၄,၀၀၀)က်ပ္တို့မွာ ေပ်ာက္ဆုံးေနေၾကာင္း စစ္ေဆး ေတြ႕ရွိရသျဖင့္ ခိုးယူသြားသူကို အေရးယူေပးပါရန္ ပုဇြန္ေ

တာင္ၿမိဳ့မရဲစခန္းသို့ အမွုဖြင့္ တိုင္တန္းမွုျဖစ္ပါသည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွူး၏ ညႊန္ၾကားခ်က္အရ အေရွ႕ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွူး ဒုရဲမွူးႀကီး လွသိန္း က အနီးကပ္ႀကီးၾ

ကပ္၍ ပုဇြန္ေတာင္ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး ယာယီရဲမွူး ေမာင္ေမာင္သန္း၊ ၿမိဳ့မရဲစခန္းမွူး ဒုရဲမွူး ေဇာ္ေဇာ္ထြဋ္ ဦးစီးအဖြဲ႕က သ

တင္းရလၽွင္ရခ်င္း အခင္းျဖစ္ရပ္သို့ သြားေရာက္ ၾကည့္ရွုစစ္ေဆးျခင္း၊ ဆိုင္ဝန္ထမ္းမ်ားႏွင့္ပတ္သက္၍ စစ္ေဆးေမးျမန္းျခ

င္းတို့ ေဆာင္ရြက္ခဲ့ရာ ဆိုင္အေရာင္းဝန္ထမ္းျဖစ္သူ လင္းခန႔္ကိုကို၊ (၂၁)ႏွစ္၊ (ဘ)ဦးသန႔္ဇင္၊ ဗမာ/ဗုဒၶ ၊ အမွတ္(၈၄၆)၊

ထူပါ႐ုံ (၁၄)လမ္း၊ (၁)ရပ္ကြက္၊ သာေကတၿမိဳ့နယ္ ေနသူမွ က်ဴးလြန္ခဲ့ေၾကာင္းႏွင့္ သက္ေသခံပစၥည္း ေငြႏွင့္ ဖုန္းေငြျဖ

ည့္ကတ္တို့အား ေနအိမ္၌သိမ္းဆည္းထားေၾကာင္း စစ္ေဆးေပၚေပါက္ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ သက္ေသခံပစၥည္း ေငြက်ပ္သိန္း(၁၇၀)ႏွင့္ ဖုန္းေငြျဖည့္ကတ္တို့အား ျပန္လည္သိမ္းဆည္း ရ

ရွိၿပီးျဖစ္၍ ခိုးမွုက်ဴးလြန္သူ လင္းခန႔္ကိုကို ကို ဥပေဒႏွင့္အညီ အျမန္တရားစြဲ တင္ပို့နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း

သတင္းရရွိပါသည္။

Yangon Police

Unicode

ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ ဖုန်းအရောင်းဆိုင်အတွင်းမှ ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ် များ ခိုးယူသူကို အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁

အမှုမှာ ၃၀.၇.၂၀၂၀ ရက်နေ့ နံနက် (၁၀) နာရီအချိန်ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ AQUARIUS

LIQUOR ဖုန်းအရောင်းဆိုင် မန်နေဂျာ မ—–သည် ဆိုင်တံခါးအား ဖွင့်ပြီး ဆိုင်အတွင်းရှိ ကောင်တာနှင့် စားပွဲများအား

လိုက်လံကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်းရှိ အံဆွဲအတွင်းမှ ငွေကျပ်သိန်း (၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်(၁၈)ကတ်၊ တန်

ဖိုးငွေ(၂၄,၀၀၀)ကျပ်တို့မှာ ပျောက်ဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ခိုးယူသွားသူကို အရေးယူပေးပါရန် ပုဇွန်ေ

တာင်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမှုဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှသိန်း က အနီးကပ်ကြီးြ

ကပ်၍ ပုဇွန်တောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မောင်မောင်သန်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်ဇော်ထွဋ် ဦးစီးအဖွဲ့က သ

တင်းရလျှင်ရချင်း အခင်းဖြစ်ရပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း၊ ဆိုင်ဝန်ထမ်းများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြ

င်းတို့ ဆောင်ရွက်ခဲ့ရာ ဆိုင်အရောင်းဝန်ထမ်းဖြစ်သူ လင်းခန့်ကိုကို၊ (၂၁)နှစ်၊ (ဘ)ဦးသန့်ဇင်၊ ဗမာ/ဗုဒ္ဓ ၊ အမှတ်(၈၄၆)၊

ထူပါရုံ (၁၄)လမ်း၊ (၁)ရပ်ကွက်၊ သာကေတမြို့နယ် နေသူမှ ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံပစ္စည်း ငွေနှင့် ဖုန်းငွေဖြ

ည့်ကတ်တို့အား နေအိမ်၌သိမ်းဆည်းထားကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်း ငွေကျပ်သိန်း(၁၇၀)နှင့် ဖုန်းငွေဖြည့်ကတ်တို့အား ပြန်လည်သိမ်းဆည်း ရ

ရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ လင်းခန့်ကိုကို ကို ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း

သတင်းရရှိပါသည်။

Yangon Police

LEAVE A REPLY

Please enter your comment!
Please enter your name here