LOCAL NEWS

သူမရဲ့ အႏုပညာလမ္းေၾကာင္းမွာ အကယ္ဒမီဆုေတြနဲ႔ ပရိသတ္ အားေပးမႈကသာ ခြန္အားေတြ ျဖစ္ခဲ့ရတယ္ဆိုတဲ့ ထက္ထက္မိုးဦး

Written by DailyNews

သူမရဲ့ အႏုပညာလမ္းေၾကာင္းမွာ အကယ္ဒမီဆုေတြနဲ႔ ပရိသတ္ အားေပးမႈကသာ ခြန္အားေတြ ျဖစ္ခဲ့ရတယ္ဆိုတဲ့ ထက္ထက္မိုးဦး

သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးက ေအာက္တိုဘာလ (၂၄) ရက္ေန႔တုန္းက Live တစ္ခုမွာ ပရိသတ္ေတြကို ႏႈတ္ဆက္စကားေျပာေနခ်ိန္ စိတ္မထိန္းနိုင္ဘဲ ႐ုတ္တရက္ ငိုမိ

ခဲ့တာေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ သူမရဲ့ခ်စ္ပရိသတ္ေတြကို သူမရဲ့ ခံစားခ်က္အခ်ိဳ႕ ေဝမၽွလာရင္း ေနာက္ထပ္မငိုေတာ့ဘူးလို႔ ကတိေပးခဲ့တာ ျဖစ္ပါတယ္။

“ ထက္မငိုေတာ့ဘူးေနာ္။ ပရိသတ္ေတြက ထက္ကို မငိုပါနဲ႔ေတာ့တဲ့။ ခ်စ္စရာေကာင္းၿပီး ျပဳံးျပဳံးေလးေနရမယ္ေနာ္တဲ့ ။ ထက္လည္း ဘယ္ငိုခ်င္ပါ့မလဲ။

ဒါေပမယ့္ ထက္ရဲ့ ဘဝမွာ အခ်ိဳးအေကြ႕ေတြမ်ားလြန္းတယ္၊ ငိုတစ္ခါ ရယ္တလွည့္နဲ႔ တစ္ခါတေလ ကိုယ့္ဘဝဇာတ္လမ္း ကိုယ္ျပန္

ၾကည့္ေနရသလိုပဲ” ဆိုၿပီးေတာ့ ေအာက္တိုဘာလ (၂၉) ရက္ေန႔ မနက္ (၉) နာရီခြဲေက်ာ္က သူ႔ရဲ့ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

ထက္ထက္မိုးဦးဟာ ၁၉၉၁ ခုႏွစ္ဝန္းက်င္ကတည္းက အႏုပညာေလာကမွာ ဒိတ္ဒိတ္ၾကဲ ေအာင္ျမင္ခဲ့တဲ့ မင္းသမီးတစ္ေယာက္ပါ။

အကယ္ဒမီဆု (၂) ဆုလည္း ရရွိခဲ့ၿပီးပါၿပီ။ ဒီ ဆု ႏွစ္ခုဟာ သူမရဲ့ အႏုပညာလမ္းေၾကာင္းေပၚမွာ ခြန္အားေတြ အမ်ားႀကီးျဖစ္ခဲ့ရတဲ့ ဆုေတြပါလို႔လည္း သူက ဆိုပါတယ္။

“ ဒီအကယ္ဒမီ႐ုပ္ေလး ၂႐ုပ္ ျပန္ၾကည့္မိတိုင္း အကယ္ဒမီ ထက္ထက္မိုးဦး ရဲ့ပရိသတ္ေတြ အမ်ားႀကီး ရွိတယ္ဆိုၿပီးေတြးလိုက္ရင္

အားေတြရွိသြားေရာ။ အႏုပညာသက္တမ္းႏွစ္ ၃၀ ေက်ာ္လုံး ထက္ေဘးမွာ အျမဲတမ္းရွိေနေပးခဲ့တာ အကယ္ဒမီ႐ုပ္ ၂႐ုပ္ နဲ႔ ထက္

ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ အခ်ိန္တိုင္းလက္ခံေပးေနတဲ့ ပရိသတ္ပဲ။

ထက္မွာ ဘာမွပိုင္ဆိုင္မႈေတြ မရွိေတာ့ရင္ေတာင္ ထက္ပရိတ္သတ္ေတြ ရွိေနတယ္ေလေနာ္…. ဒါကဘုရားေပးတဲ့ ဆုလာဘ္တခုေပါ့

။ ထက္လည္း ခုထက္ ပိုႀကိဳးစားမယ္ေနာ္။ ထက္ကိုလည္း ပိုခ်စ္ေပးၾကပါ။ထက္ေၾကာ္ျငာတာေတြကို လည္းအားေပးၾကပါလို႔ ေနာ္…..

🥰” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားထားပါေသးတယ္။

ေၾကာ္ျငာဘုရင္မအျဖစ္ တစ္ေခတ္တစ္ခါက အရမ္းေအာင္ျမင္ခဲ့တဲ့ သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးဟာ ယခုလို ကိုဗစ္ကာလမွာ

ရတနာပစၥည္းေတြအပါအဝင္ ဇိမ္ခံပစၥ

ည္းအခ်ိဳ႕ကို အြန္လိုင္းကေန Live လႊင့္ၿပီး ကူညီေရာင္းခ်ေပးတာျဖစ္ပါတယ္။ သူမရဲ့ Live ေတြမွာ ဝယ္ယူသူေတြအျပင္ သူမကိုခ်စ္ခင္

တဲ့ ပရိသတ္ေတြနဲ႔ အျမဲတမ္း စည္ကားေနေလ့ရွိပါတယ္။

ထက္ထက္မိုးဦးဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုခန႔္က ေၾကာ္ျငာေလာကမွာ အေအာင္ျမင္ဆုံးသူျဖစ္ခဲ့ၿပီး ကေလးေရာ၊ လူႀကီးပါ မက်န္

အားေပးမႈကို ရခဲ့သူျဖစ္ပါတယ္။

Source : Htet Htet Moe Oo

Unicode

သူမရဲ့ အနုပညာလမ်းကြောင်းမှာ အကယ်ဒမီဆုတွေနဲ့ ပရိသတ် အားပေးမှုကသာ ခွန်အားတွေ ဖြစ်ခဲ့ရတယ်ဆိုတဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးက အောက်တိုဘာလ (၂၄) ရက်နေ့တုန်းက Live တစ်ခုမှာ ပရိသတ်တွေကို နှုတ်ဆက်စကားပြောနေချိန် စိတ်မထိန်းနိုင်ဘဲ ရုတ်တရက် ငိုမိ

ခဲ့တာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သူမရဲ့ချစ်ပရိသတ်တွေကို သူမရဲ့ ခံစားချက်အချို့ ဝေမျှလာရင်း နောက်ထပ်မငိုတော့ဘူးလို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။

“ ထက်မငိုတော့ဘူးနော်။ ပရိသတ်တွေက ထက်ကို မငိုပါနဲ့တော့တဲ့။ ချစ်စရာကောင်းပြီး ပြုံးပြုံးလေးနေရမယ်နော်တဲ့ ။ ထက်လည်း ဘယ်ငိုချင်ပါ့မလဲ။

ဒါပေမယ့် ထက်ရဲ့ ဘဝမှာ အချိုးအကွေ့တွေများလွန်းတယ်၊ ငိုတစ်ခါ ရယ်တလှည့်နဲ့ တစ်ခါတလေ ကိုယ့်ဘဝဇာတ်လမ်း ကိုယ်ပြန်

ကြည့်နေရသလိုပဲ” ဆိုပြီးတော့ အောက်တိုဘာလ (၂၉) ရက်နေ့ မနက် (၉) နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ထက်ထက်မိုးဦးဟာ ၁၉၉၁ ခုနှစ်ဝန်းကျင်ကတည်းက အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်ပါ။

အကယ်ဒမီဆု (၂) ဆုလည်း ရရှိခဲ့ပြီးပါပြီ။ ဒီ ဆု နှစ်ခုဟာ သူမရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ခွန်အားတွေ အများကြီးဖြစ်ခဲ့ရတဲ့ ဆုတွေပါလို့လည်း သူက ဆိုပါတယ်။

“ ဒီအကယ်ဒမီရုပ်လေး ၂ရုပ် ပြန်ကြည့်မိတိုင်း အကယ်ဒမီ ထက်ထက်မိုးဦး ရဲ့ပရိသတ်တွေ အများကြီး ရှိတယ်ဆိုပြီးတွေးလိုက်ရင်

အားတွေရှိသွားရော။ အနုပညာသက်တမ်းနှစ် ၃၀ ကျော်လုံး ထက်ဘေးမှာ အမြဲတမ်းရှိနေပေးခဲ့တာ အကယ်ဒမီရုပ် ၂ရုပ် နဲ့ ထက်

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အချိန်တိုင်းလက်ခံပေးနေတဲ့ ပရိသတ်ပဲ။

ထက်မှာ ဘာမှပိုင်ဆိုင်မှုတွေ မရှိတော့ရင်တောင် ထက်ပရိတ်သတ်တွေ ရှိနေတယ်လေနော်…. ဒါကဘုရားပေးတဲ့ ဆုလာဘ်တခုပေါ့

။ ထက်လည်း ခုထက် ပိုကြိုးစားမယ်နော်။ ထက်ကိုလည်း ပိုချစ်ပေးကြပါ။ထက်ကြော်ငြာတာတွေကို လည်းအားပေးကြပါလို့ နော်…..

🥰” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။

ကြော်ငြာဘုရင်မအဖြစ် တစ်ခေတ်တစ်ခါက အရမ်းအောင်မြင်ခဲ့တဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ယခုလို ကိုဗစ်ကာလမှာ

ရတနာပစ္စည်းတွေအပါအဝင် ဇိမ်ခံပစ္စ

ည်းအချို့ကို အွန်လိုင်းကနေ Live လွှင့်ပြီး ကူညီရောင်းချပေးတာဖြစ်ပါတယ်။ သူမရဲ့ Live တွေမှာ ဝယ်ယူသူတွေအပြင် သူမကိုချစ်ခင်

တဲ့ ပရိသတ်တွေနဲ့ အမြဲတမ်း စည်ကားနေလေ့ရှိပါတယ်။

ထက်ထက်မိုးဦးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုခန့်က ကြော်ငြာလောကမှာ အအောင်မြင်ဆုံးသူဖြစ်ခဲ့ပြီး ကလေးရော၊ လူကြီးပါ မကျန်

အားပေးမှုကို ရခဲ့သူဖြစ်ပါတယ်။

Source : Htet Htet Moe Oo

About the author

DailyNews