
0
281






Source : Wint Yamone Naing’s

Zawgyi

အသက်အန္တရာယ်ဆိုးကိုရင်ဆိုင်ကာ သူမကိုမွေးဖွားပေးခဲ့တဲ့ မိခင်ရဲ့ အဖြစ်ကိုပြောပြရင်း ကျေးဇူးတင်စကားဆိုလာတဲ့ “ဝင့်ယမုံနိုင်”

ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံခြင်းကို ရရှိခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင် အိုက်တင်တွေကြောင့်လည်း တစ်ကားထက်တစ်ကား ပိုမိုအောင်မြင်မှုတွေ ရရှိလာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။

သူမဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ မိုမိုဟာ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲလိုလို ဝေမျှတင်ဆက်ပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဝင့်ယမုံနိုင်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။

သမီးအတွက်ကမွေးနေ့ဆိုပေမယ့် အမေ့အတွက်ကတော့ သမီးကိုမွေးတဲ့အချိန်မှာ အင်မတန်ဆိုးရွားတဲ့အဖြစ်အပျက်ကြီးကို စရင်ဆိုင်ခဲ့ရတဲ့နေ့ပါ …သေမင်းနဲ့စစ်ခင်းပြီး အသက်အန္တရာယ်ကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ …ဆေးရုံမှာရက်လများစွာနေရပြီး ဆိုးရွားလွန်းခဲ့တဲ့အခြေအနေတွေကို ကြံ့ကြံ့ခံခဲ့ပေးတာတွေ …ရက်ပေါင်းများစွာ မျှော်လင့်ချက်မဲ့နေခဲ့တာတွေ …

အဆိုးဆုံးအခြေအနေထိဖြစ်ပြီးမှ ကံကောင်းထောက်မစွာနဲ့ ပြန်ကျန်းမာလာပေးလို့ ကျေးဇူးတင်ပါတယ်မေမေ..အသက်အန္တရာယ်ကိုအံတုပြီး ယမုံ့ကိုလူလားမြောက်အောင်မွေးဖွားပေးခဲ့တဲ့အတွက် ဦးခိုက်ကန်တော့ပါတယ် မေမေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source : Wint Yamone Naing’

LEAVE A REPLY

Please enter your comment!
Please enter your name here