LOCAL NEWS

ေနျပည္ေတာ္ ကုတင္ ၃၀၀ ေဆး႐ုံမွ ကိုဗစ္လူနာ အခ်ဳပ္သားတစ္ဦး ထြက္ေျပးလြတ္ေျမာက္

Written by DailyNews

ေနျပည္ေတာ္ ကုတင္ ၃၀၀ ေဆး႐ုံမွ ကိုဗစ္လူနာ အခ်ဳပ္သားတစ္ဦး ထြက္ေျပးလြတ္ေျမာက္

ေအာက္တိုဘာ ၃၁ ရက္ေန႔က ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ကုတင္ ၃၀၀ ေဆး႐ုံတြင္ ေဆးကုသမွုခံယူခဲ့သည့္ ကိုဗစ္အတည္ျပဳလူနာ

အခ်ဴပ္သားတစ္ဦးသည္ ေဆး႐ုံမွဆင္းခြင့္ရသည့္အခ်ိန္ လုံၿခံဳေရးမ်ားအၾကားမွ ထြက္ေျပးသြားေၾကာင္း ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရး

ဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမွူးခ်ဴပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။ “သူက မေန႔က ခုတင္ ၃၀၀ မွာ အခ်ဳပ္သားေတြ ေဆး႐ုံဆ

င္းၾကတာေပါ့ေလ။ ေဆး႐ုံဆင္းၾကေတာ့ ေဆး႐ုံက ျပန္လႊတ္တဲ့အခ်ိန္မွာ ရဲနဲ႔လႊဲေျပာင္းစဥ္မွာ ေပ်ာက္သြားတာပါ။ အခ်ဳပ္သားအလႊဲအေျပာင္းမွာ

ထြက္ေျပးသြားတာပါ။ လုံၿခံဳေရးအေစာင့္အေရွာက္နဲ႔ ရဲေတြလည္းရွိၿပီး ေဆး႐ုံနဲ႔ ကားေစာင့္ေနရင္း ေပ်ာက္သြားတယ္လို႔ သိရပါတယ္”

ဟု ေဒါက္တာျမတ္ဝဏၰစိုး ကေျပာပါတယ္။ ထြက္ေျပးလြတ္ေျမာက္သြားသည့္ အခ်ဳပ္သားသည္ ကိုဗစ္ေရာဂါပိုးကင္းရွင္း၍ ေဆး႐ုံမွဆင္းခြင့္ရထားၿပီး

ျဖစ္ေသာေၾကာင့္ ၎မွတဆင့္ ထပ္မံကူးစက္ျပန႔္ပြားနိုင္မႈမရွိေၾကာင္း ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။ “အဲဒီအခ်ဳပ္သား လြတ္ေျ

မာက္သြားတဲ့အေျခအေနမွာ ဒီအခ်ဳပ္သားက ေဆးကုသမႈၿပီးသြားၿပီျဖစ္တဲ့အတြက္ ေဆး႐ုံကဆင္းေပးတဲ့လူနာ ျဖစ္ပါတယ္။ သူ႔ဆီကေန ေရာဂါပိုး

ထပ္ၿပီးေတာ့ ကူးစက္နိုင္ဖို႔ အခြင့္အလမ္း အင္မတန္နည္းပါတယ္။ အဲဒီတစ္ခုေတာ့ ျပည္သူေတြမေၾကာက္ဖို႔ ကၽြန္ေတာ္အေနနဲ႔ ေျပာခ်င္

ပါတယ္”ဟု ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။ ပ်ဥ္းမနားၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းအခ်ဴပ္ေထာင္တြင္ အခ်ဳပ္သားတစ္ဦး ကိုဗစ္ေရာဂါပိုး

ေတြ႕ရွိခဲ့ၿပီး ၎မွတဆင့္ အခ်ဳပ္ခန္းအတြင္းရွိ အခ်ဳပ္သား၊ အခ်ဴပ္သူမ်ားႏွင့္ တာဝန္က်ရဲအမႈထမ္းမ်ား ကူးစက္ခံခဲ့ရၿပီးေနာက္ လက္ရွိအ

ခ်ိန္တြင္ အဆိုပါ အခ်ဴပ္သားမ်ားအားလုံးသည္ ကိုဗစ္ေရာဂါပိုး ကင္းစင္ေနၿပီျဖစ္ေၾကာင္း ေနျပည္ေတာ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ

သိရပါတယ္။ ေအာက္တိုဘာလ (၃၁)ရက္၊ည (၈)နာရီ ေနျပည္ေတာ္ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြ

င္း ကိုဗစ္အတည္ျပဳလူနာ (၃၂၀) ဦးရွိၿပီး ေဆး႐ုံဆင္းခြင့္ရသူ (၂၇၄) ဦး၊ ေဆး႐ုံတက္လူနာ (၄၂) ဦးသာ က်န္ရွိေၾကာင္းသိရပါတယ္။

Unicode

အောက်တိုဘာ ၃၁ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ကုတင် ၃၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သည့် ကိုဗစ်အတည်ပြု

လူနာ အချူပ်သားတစ်ဦးသည် ဆေးရုံမှဆင်းခွင့်ရသည့်အချိန် လုံခြုံရေးများအကြားမှ ထွက်ပြေးသွားကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး

ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “သူက မနေ့က ခုတင် ၃၀၀ မှာ အချုပ်သားတွေ

ဆေးရုံဆင်းကြတာပေါ့လေ။ ဆေးရုံဆင်းကြတော့ ဆေးရုံက ပြန်လွှတ်တဲ့အချိန်မှာ ရဲနဲ့လွှဲပြောင်းစဉ်မှာ ပျောက်သွားတာပါ။ အချုပ်သားအလွှဲအပြောင်းမှာ

ထွက်ပြေးသွားတာပါ။ လုံခြုံရေးအစောင့်အရှောက်နဲ့ ရဲတွေလည်းရှိပြီး ဆေးရုံနဲ့ ကားစောင့်နေရင်း ပျောက်သွားတယ်လို့ သိရပါတယ်”

ဟု ဒေါက်တာမြတ်ဝဏ္ဏစိုး ကပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားသည် ကိုဗစ်ရောဂါပိုးကင်းရှင်း၍ ဆေးရုံမှဆင်းခွင့်ရထားပြီး

ဖြစ်သောကြောင့် ၎င်းမှတဆင့် ထပ်မံကူးစက်ပြန့်ပွားနိုင်မှုမရှိကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “အဲဒီအချုပ်သား

လွတ်မြောက်သွားတဲ့အခြေအနေမှာ ဒီအချုပ်သားက ဆေးကုသမှုပြီးသွားပြီဖြစ်တဲ့အတွက် ဆေးရုံကဆင်းပေးတဲ့လူနာ ဖြစ်ပါတယ်။ သူ့ဆီကနေ ရောဂါပိုး

ထပ်ပြီးတော့ ကူးစက်နိုင်ဖို့ အခွင့်အလမ်း အင်မတန်နည်းပါတယ်။ အဲဒီတစ်ခုတော့ ပြည်သူတွေမကြောက်ဖို့ ကျွန်တော်အနေနဲ့ ပြော

ချင်ပါတယ်”ဟု ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ပျဉ်းမနားမြို့နယ်၊ မြို့မရဲစခန်းအချူပ်ထောင်တွင် အချုပ်သားတစ်ဦး ကိုဗစ်ရောဂါပိုး

တွေ့ရှိခဲ့ပြီး ၎င်းမှတဆင့် အချုပ်ခန်းအတွင်းရှိ အချုပ်သား၊ အချူပ်သူများနှင့် တာဝန်ကျရဲအမှုထမ်းများ ကူးစက်ခံခဲ့ရပြီးနောက်

လက်ရှိအချိန်တွင် အဆိုပါ အချူပ်သားများအားလုံးသည် ကိုဗစ်ရောဂါပိုး ကင်းစင်နေပြီဖြစ်ကြောင်း နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ

သိရပါတယ်။ အောက်တိုဘာလ (၃၁)ရက်၊ည (၈)နာရီ နေပြည်တော်ကောင်စီ၏ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေ

အတွင်း ကိုဗစ်အတည်ပြုလူနာ (၃၂၀) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၇၄) ဦး၊ ဆေးရုံတက်လူနာ (၄၂) ဦးသာ ကျန်ရှိကြောင်းသိရပါတယ်။

About the author

DailyNews