LOCAL NEWS
Written by DailyNews
တယ်။
ဆယ်လီကွန်နက်ရှင်
Swelsone News
Unicode
သီတင်းကျွတ်မှာ မုန့်ဖိုးတွေအများကြီးရလို့ပျော်နေတဲ့ သမီးလေးကို အမိအရဓာတ်ပုံရိုက်ပြီး စနောက်လိုက်တဲ့ ခိုင်သင်းကြည်
သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ပြက္ခဒိန်ကြော်ငြာတွေရိုက်ကူးရင်းနဲ့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိ
ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကလည်း ရွှေကြိုမယ်လေးတစ်ယောက်အဖြစ် ပါဝင်
ဆောင်ရွက်ခဲ့ပြီးနောက် အခုဆိုရင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ
ကလည်း ညီအစ်မတွေလို ချစ်စရာကောင်းလွန်းတဲ့ ခိုင်သင်းကြည်နဲ့ စံထိပ်ထားဦးတို့သားအမိကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲ ဖြစ်ပါ
တယ်။
မနေ့က သီတင်းကျွတ်လပြည့်နေ့လေးမှာတော့ ခိုင်သင်းကြည်တို့ မိသားစုကတော့ ကြီးစဉ်ငယ်လိုက်ကန်တော့ရင်း ပျော်ရွှင်စွာ
ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးကလည်း သီတင်းကျွတ်လပြည့်နေ့မှာ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတွေဆီက မုန့်ဖိုးတွေ
အများကြီးရရှိခဲ့ပြီး ခိုင်သင်းကြည်က “မုန့်ဖိုးရလို့ဖြစ်နေတဲ့ရုပ်😆😘 ” ဆိုပြီး မုန့်ဖိုးတွေအများကြီးရလို့ပျော်နေတဲ့ ထိပ်ထိပ်လေးကို အမိ
အရဓာတ်ပုံလေးရိုက်ပြီး စနောက်ခဲ့ပါတယ်။
စံထိပ်ထားဦးလေးကတော့ သူမကိုယ်တိုင်လည်း လူကြီးမိဘတွေကို ကိုယ်ပိုင်မုန့်ဖိုးလေးနဲ့ ကန်တော့ခဲ့သလို သီတင်းကျွတ်မုန့်ဖိုး
တွေလည်း အများကြီးရရှိခဲ့တာ ပျော်စရာကြီးနော်။ ပရိသတ်ကြီးလည်း မုန့်ဖိုးရလို့ ပျော်နေရှာတဲ့ ထိပ်ထပ်လေးကိုကြည့်ပြီး သဘောကျ
နေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။
ဆယ်လီကွန်နက်ရှင်
Swelsone News
About the author
DailyNews