ကိုဗစ္ ၁၉ ကူးစက္ခံရသူနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ WHO အႀကီးအကဲ ကြာရန္တင္းဝင္ေန

ကိုဗစ္ ၁၉ ကူးစက္ခံရသူနဲ႔ ထိေတြ႕မႈရွိခဲ့တဲ့ WHO အႀကီးအကဲ ကြာရန္တင္းဝင္ေန

က်န္းမာေရးလမ္းၫႊန္ခ်က္ေတြကို လိုက္နာၾကရန္ အလြန္အေရးႀကီးေၾကာင္း WHO အႀကီးအကဲက အေလးအနက္ ေျပာပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း (World Health Organization – WHO) အႀကီးအကဲက ၎ဟာ COVID-19 ကူးစက္ခံထားရသူတစ္

ဦးနဲ႔ ထိေတြ႕မႈရွိခဲ့ၿပီးေနာက္ ကိုယ္တိုင္ အသြားအလာကန႔္သတ္ (ကြာရန္တင္း) ေနထိုင္လ်က္ရွိေၾကာင္း ႏိုဝင္ဘာ ၁ ရက္ေန႔ ေႏွာင္းပိုင္း

မွာ ထုတ္ေဖာ္ေျပာပါတယ္။

သို႔ေသာ္ ၎ထံမွာ COVID-19 လကၡဏာမ်ား မရွိခဲ့ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ဆိုပါတယ္။

“ကြၽန္ေတာ္က COVID-19 ရွိသူတစ္ေယာက္နဲ႔ ထိေတြ႕ခဲ့ေၾကာင္း သိရွိခဲ့ရပါတယ္” လို႔ Tedros က Twitter မွာ ေျပာထားပါတယ္။

“ကြၽန္ေတာ္ ေနေကာင္းပါတယ္၊ ေရာဂါလကၡဏာ မရွိပါဘူး၊ ဒါေပမဲ့ လာမယ့္ ရက္ေတြမွာ WHO စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ကြာရန္

တင္းေနထိုင္သြားၿပီး အိမ္ကေန အလုပ္လုပ္ပါမယ္” လို႔ WHO အႀကီးအကဲက ဆိုပါတယ္။ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြကို လိုက္နာေ

ဆာင္႐ြက္ၾကရန္ အလြန္အေရးႀကီးေၾကာင္း WHO အႀကီးအကဲ Tedros က အေလးအနက္ ေျပာပါတယ္။

Tedros ဟာ COVID-19 ကပ္ေရာဂါတိုက္ဖ်က္ေရး WHO ရဲ႕ အားထုတ္ေဆာင္႐ြက္မႈေတြမွာ ေရွ႕ဆုံးကေန ဦးေဆာင္ေနသူ ျဖစ္ပါတယ္။

ယမန္ႏွစ္ ဒီဇင္ဘာလကုန္က တ႐ုတ္ႏိုင္ငံမွာ စတင္ေတြ႕ရွိခဲ့ရတဲ့ COVID-19 ကပ္ေရာဂါ ကူးစက္ခံရသူဦးေရဟာ လက္ရွိမွာ ကမာၻတစ္ဝ

န္း ၄၆ သန္းေက်ာ္ရွိခဲ့ၿပီး လူဦးေရ ၁.၂ သန္းေက်ာ္ ေသဆုံးခဲ့ပါတယ္။

ကြၽန္ေတာ္ ေနေကာင္းပါတယ္၊ ေရာဂါလကၡဏာ မရွိပါဘူး၊ ဒါေပမဲ့ လာမယ့္ ရက္ေတြမွာ WHO စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ ကြာရန္

တင္းေနထိုင္သြားၿပီး အိမ္ကေန အလုပ္လုပ္ပါမယ္

လတ္တေလာမွာ ဥေရာပေဒသတြင္း ကူးစက္မႈေတြ တစ္ေက်ာ့ျပန္ ျမင့္တက္ျဖစ္ပြားမႈ ဆိုး႐ြားေနပါတယ္။ ၿပီးခဲ့တဲ့ သီတင္းငါးပတ္အတြင္း

ဥေရာပတစ္ဝန္း ကူးစက္မႈအသစ္မ်ား ႏွစ္ဆျဖစ္လာခဲ့ၿပီး ယခုအခါ ေဒသတြင္း ကူစက္ခံရသူ စုစုေပါင္း ၁၀ သန္းျပည့္သြားၿပီလို႔ Reuters

စာရင္းက ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ လအတြင္းမွာပင္ လက္တင္အေမရိကနဲ႔ အာရွ ေဒသတို႔မွာလည္း COVID-19 ကူးစက္ခံရသူ ၁၀ သန္းေက်ာ္လြန္ခဲ့တာ ျဖစ္ပါတ

ယ္။ ကမာၻတစ္ဝန္း ကူးစက္မႈနဲ႔ ေသဆုံးမႈ အမ်ားဆုံးျဖစ္တဲ့ အေမရိကန္တစ္ႏိုင္ငံတည္းမွာပင္ ကူးစက္ခံရသူ ၉ သန္းေက်ာ္ ေတြ႕ရွိထားပါ

တယ္။ ဥေရာပမွာ ကူးစက္ခံရသူ ပထမဆုံး ၅ သန္းျပည့္ရန္ ကိုးလနီးပါး ၾကာျမင့္ခဲ့ေပမဲ့ ေနာက္ထပ္ ကူးစက္ခံရသူ ၅ သန္းကေတာ့ တစ္

လေက်ာ္အတြင္းမွာပင္ တိုးလာခဲ့တာျဖစ္ေၾကာင္း Reuters သတင္းဌာနရဲ႕ ေလ့လာဆန္းစစ္မႈအရ သိရွိရပါတယ္။

ကူးစက္မႈေတြ တစ္ဟုန္ထိုး ျမင့္တက္ေနတာေၾကာင့္ ဥေရာပေဒသရွိ စပိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ၿဗိတိန္၊ ဘယ္လ္ဂ်ီယံ အပါအဝင္ ႏို

င္ငံအမ်ားအျပားမွာ လနဲ႔ခ်ီၾကာျမင့္မယ့္ lockdown စီမံေဆာင္႐ြက္မႈမ်ား၊ အေရးေပၚအေျခအေနမ်ား၊ ညမထြက္ရအမိန႔္မ်ားကဲ့သို႔ စည္းမ်

ဥ္းကန႔္သတ္ခ်က္ေတြ ထုတ္ျပန္ေၾကညာၿပီး ကူးစက္မႈထိန္းခ်ဳပ္ေရး ႀကိဳးပမ္းေနၾကပါတယ္။

(Unicode)

COVID-19 ကူးစက်ခံရသူနဲ့ ထိတွေ့မှုရှိခဲ့တဲ့ WHO အကြီးအကဲ ကွာရန်တင်းဝင်နေ

ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာကြရန် အလွန်အရေးကြီးကြောင်း WHO အကြီးအကဲက အလေးအနက် ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) အကြီးအကဲက ၎င်းဟာ COVID-19 ကူးစက်ခံထားရ

သူတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့ပြီးနောက် ကိုယ်တိုင် အသွားအလာကန့်သတ် (ကွာရန်တင်း) နေထိုင်လျက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ဖော်ပြောပါတယ်။

သို့သော် ၎င်းထံမှာ COVID-19 လက္ခဏာများ မရှိခဲ့ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဆိုပါ

တယ်။ “ကျွန်တော်က COVID-19 ရှိသူတစ်ယောက်နဲ့ ထိတွေ့ခဲ့ကြောင်း သိရှိခဲ့ရပါတယ်” လို့ Tedros က Twitter မှာ ပြောထားပါ

တယ်။

“ကျွန်တော် နေကောင်းပါတယ်၊ ရောဂါလက္ခဏာ မရှိပါဘူး၊ ဒါပေမဲ့ လာမယ့် ရက်တွေမှာ WHO စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ

ကွာရန်တင်းနေထိုင်သွားပြီး အိမ်ကနေ အလုပ်လုပ်ပါမယ်” လို့ WHO အကြီးအကဲက ဆိုပါတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေကို

လိုက်နာဆောင်ရွက်ကြရန် အလွန်အရေးကြီးကြောင်း WHO အကြီးအကဲ Tedros က အလေးအနက် ပြောပါတယ်။

Tedros ဟာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး WHO ရဲ့ အားထုတ်ဆောင်ရွက်မှုတွေမှာ ရှေ့ဆုံးကနေ ဦးဆောင်နေသူ ဖြစ်ပါ

တယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကပ်ရောဂါ ကူးစက်ခံရသူဦးရေဟာ လက်ရှိမှ

ာ ကမ္ဘာတစ်ဝန်း ၄၆ သန်းကျော်ရှိခဲ့ပြီး လူဦးရေ ၁.၂ သန်းကျော် သေဆုံးခဲ့ပါတယ်။

ကျွန်တော် နေကောင်းပါတယ်၊ ရောဂါလက္ခဏာ မရှိပါဘူး၊ ဒါပေမဲ့ လာမယ့် ရက်တွေမှာ WHO စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ

ကွာရန်တင်းနေထိုင်သွားပြီး အိမ်ကနေ အလုပ်လုပ်ပါမယ်

လတ်တလောမှာ ဥရောပဒေသတွင်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်ဖြစ်ပွားမှု ဆိုးရွားနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းငါးပတ်

အတွင်း ဥရောပတစ်ဝန်း ကူးစက်မှုအသစ်များ နှစ်ဆဖြစ်လာခဲ့ပြီး ယခုအခါ ဒေသတွင်း ကူစက်ခံရသူ စုစုပေါင်း ၁၀ သန်းပြည့်သွားပြီ

လို့ Reuters စာရင်းက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာပင် လက်တင်အမေရိကနဲ့ အာရှ ဒေသတို့မှာလည်း COVID-19 ကူးစက်ခံရသူ ၁၀ သန်းကျော်လွန်ခဲ့တာ ဖြစ်ပါ

တယ်။ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်တစ်နိုင်ငံတည်းမှာပင် ကူးစက်ခံရသူ ၉ သန်းကျော်

တွေ့ရှိထားပါတယ်။ ဥရောပမှာ ကူးစက်ခံရသူ ပထမဆုံး ၅ သန်းပြည့်ရန် ကိုးလနီးပါး ကြာမြင့်ခဲ့ပေမဲ့ နောက်ထပ် ကူးစက်ခံရသူ ၅

သန်းကတော့ တစ်လကျော်အတွင်းမှာပင် တိုးလာခဲ့တာဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုအရ သိရှိရပါတယ်။

ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်နေတာကြောင့် ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ

အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်

များကဲ့သို့ စည်းမျဉ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။

 

Duwun