LOCAL NEWS

ေဆးလိပ္ အရက္ မေသာက္တာေတာင္ ကိုဗစ္ေရာဂါဆိုးႀကီးအား အလူးအလဲခံလိုက္ရသူမွ ေျပာျပလာတဲ့ကိုယ္ေတြ႕ အေတြ႕အၾကဳံ

Written by DailyNews

ေဆးလိပ္ အရက္ မေသာက္တာေတာင္ ကိုဗစ္ေရာဂါဆိုးႀကီးအား အလူးအလဲခံလိုက္ရသူမွ ေျပာျပလာတဲ့ကိုယ္ေတြ႕ အေတြ႕အၾကဳံ

ကိုဗစ္စစစ္တဲ့ေန႔ကေန စၿပီး အစစအရာရာ ဂ႐ုစိုက္ေပးခဲ့ေသာ ဧရာဝတီစင္တာမွဆရာဝန္၊ ဆရာမမ်ား၊ သူနာျပဳမ်ား ၊ေဗာ္လန္တီယာ

မ်ား ႏွင့္ ဧရာဝတီစင္တာမွကိုဗစ္လူနာေဗာ္လန္တီယာမ်ား အားလုံးကိုလွိုက္လွိုက္လွဲလွဲ ေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္။

ကၽြန္ေတာ့္အတြက္ လိုအပ္တာပံ့ပိုးကူညီေပးခဲ့ၾကတဲ့ ဟာနာကုမၸဏီ၊ ငွက္သိုက္ေတြတကူးတက ပို႔ေပးတဲ့ Happy Agency မွ ရာဇာနဲ႔

မသိရီ၊ သူ႔အေဖအတြက္ အစားေသာက္ေတြပို႔ေပးရင္း ကၽြန္ေတာ့္အတြက္ပါထည့္ပို႔ေပးတဲ့ မိုက္ကယ္ႀကီး ကိုလည္း ေက်းဇူးတင္ပါတယ္။

ေနာက္ဆုံး ေက်းဇူးတင္ရမွာက ကၽြန္ေတာ္ေနျပန္ေကာင္းလာေအာင္ စိတ္ဓာတ္ခြန္အားေပးတဲ့ ခ်စ္ရတဲ့မိသားစုနဲ႔ ပုက်ဳေလးပါပဲ။

ကၽြန္ေတာ္ အိမ္မွာ ေနမေကာင္းျဖစ္ၿပီး အသက္ရႉမဝျဖစ္လာတာနဲ႔ ကၽြန္ေတာ္တို႔ လင္မယား ၂ေယာက္ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ ဧရာဝတီစင္တာမွာ

ေအာက္တိုဘာလ ၂၀ ရက္ေန႔က သြားစစ္ခဲ့ပါတယ္။ ကိုဆန္းလင္းနဲ႔ ကိုမိုးေဝတို႔ အစစရာရာ ဝိုင္းဝန္းကူညီေပးခဲ့ၾကလို႔လဲ အဆင္ေျပခဲ့

တာပါ။ ေန႔လည္ပိုင္းကိုေဖေဖနဲ႔ ေမေမပါ စစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ လင္မယား ၂ေယာက္က positive အေျဖထြက္ၿပီး ကံေကာင္းစြာပဲ

ေမေမနဲ႔ ေဖေဖက Negative အေျဖထြက္ခဲ့ပါတယ္။ စသြားကတည္းက အထုပ္ပိုးေတြယူသြားခဲ့တာမို႔ တခါတည္းဧရာဝတီစင္တာ ၂

မွာ ေနခဲ့ရပါေတာ့တယ္။ ပထမ တညက ပုက်ဳနဲ႔ ကၽြန္ေတာ္ အေဆာင္တူ အခန္းတူေနရေပမယ့္ ကၽြန္ေတာ့္ အေျခအေနက ညဘက္အဖ်ားေတြတက္

ေမာဟိုက္လာတာမို႔ ေနာက္တေန႔မနက္ ECG ရိုက္ရတယ္။ လက္ကိုလည္းေဆးေတြထိုးပါတယ္။ဒါနဲ႔ ၂၁ ရက္ေန႔ မနက္ပိုင္းကၽြန္

ေတာ့္ကိုဧရာဝတီ စင္တာ ၁ ကို ေအာက္ဆီဂ်င္တပ္ထားလ်က္နဲ႔ ေရႊ႕ရပါေတာ့တယ္။ ဘဝမွာ စိတ္မေကာင္းဆုံး အခိုက္အတန္႔ကို ၾကဳံရတာပါပဲ

ကိုယ္တိုင္ကလဲ ေမာဟိုက္ေန၊ ပုက်ဳေလးကလဲ ငိုေနရွာတာ ကၽြန္ေတာ့္လာေခၚတဲ့ ေဆး႐ုံကားထြက္သြားတဲ့အထိစင္တာ ၁ မွာ ေငး

က်န္ခဲ့ရွာပါေတာ့တယ္။ အတိုခ်ဳံးေျပာရရင္ ပထမပိုင္းရက္ေတြ ညပိုင္း အဖ်ားေတြတက္ပါတယ္။ အိမ္သာလမ္းေလၽွာက္သြားေတာင္တလွပ္လွပ္နဲ႔ေမာပါတယ္။

ေအာက္ဆီဂ်င္ level ေတြလဲက်ပါတယ္။ ဒါ က်ေနာ္ ေဆးလိပ္မေသာက္၊ အရက္မေသာက္ (အရက္ဘီယာ မေသာက္တာ ၇ လ

ေက်ာ္ခဲ့ပါၿပီ) တာေတာင္ ေတာ္ေတာ္ခံရပါတယ္။ ေအာက္ဆီဂ်င္ level ျပန္တက္လာေအာင္ ေန႔ေန႔ ညည ေအာက္ဆီဂ်င္အိုးနဲ႔ ရႉခဲ့ရ

ပါတယ္။

ပုက်ဳကေတာ့ ပထမ ၁ရက္သာ ဖ်ားၿပီးေနေကာင္းတာေၾကာင့္ စင္တာ ၁ မွာ ေဗာ္လန္တီယာ အျဖစ္ ကူညီၿပီးဆင္းတဲ့အထိ က်န္း

က်န္းမာမာပါပဲ။ ကၽြန္ေတာ္ကေတာ့ စင္တာ ၂ ေရာက္ၿပီး ၄ ရက္ေလာက္ေနမွေနျပန္ေကာင္းလာတယ္၊ ေအာက္ဆီဂ်င္ level ျပန္တက္လာတယ္။

ကၽြန္ေတာ္ေရာ ပုက်ဳေရာ ဧရာဝတီစင္တာမွာစုစုေပါင္း ၁၀ ရက္ေန႔ခဲ့ရၿပီး ေဆး႐ုံက ျပန္ဆင္းလို႔ ဒီေန႔ ပဲ အိမ္ျပန္ေရာက္ပါတယ္။ (အိမ္

ျပန္ေရာက္လို႔ ေနလည္း ေကာင္းေနပါၿပီ အားလုံးစိတ္ပူေနၾကမွာစိုးလို႔ ေနျပန္ေကာင္းၿပီးအိမ္ေရာက္မွ တင္တာပါ။ ကၽြန္ေတာ္ ေနေကာင္းပါတယ္

ေက်းဇူးတင္ပါတယ္) ကိုဗစ္ ဘယ္ကကူးလဲေတာ့ မေမးပါနဲ႔ ကၽြန္ေတာ္တို႔ လင္မယား ၂ေယာက္လုံးလဲ ဘယ္သြားသြား ျပန္လာရင္

ဂ႐ုစိုက္ၾကတဲ့သူေတြပါ အိမ္မွာပဲ အမ်ားအားျဖင့္ေနပါတယ္ သြားတာဆိုလို႔ လမ္းထိပ္ စီးတီးမတ္နဲ႔ ATM သာရွိပါတယ္။ Work from

home လုပ္ေနတာလဲ

ၾကာပါၿပီ။ အိမ္မွာ လူႀကီးေတြရွိလို႔ အရမ္းဂ႐ုစိုက္ေနတဲ့ ၾကားကျဖစ္တာပါ။ ဆိုေတာ့ ဘယ္ကကူးတာလဲ ဆိုတာထက္ မိတ္ေဆြတို႔လဲ မ

ေပါ့ပါနဲ႔ အဓိကကကိုယ္ခံအားေကာင္းေအာင္ မွန္မွန္အိပ္ မွန္မွန္စားပါ။ ကိုဗစ္က ေနရာစုံက ကူးနိုင္ပါတယ္။ စင္တာမွာ အသက္ႀကီး

ပိုင္းေတြ

ေတာ္ေတာ္႐ုန္းကန္ေနၾကရပါတယ္။ တေန႔ တေန႔ ေရာက္လာတဲ့ လူနာေတြအမ်ားႀကီးပါပဲ။ ဧရာဝတီစင္တာမွာ ေန႔စဥ္လူေပါင္းမ်ား

စြာကို ေကၽြးေမြး ကုသေပးေနရတာမလြယ္ကူလွပါဘူး။ အလႉရွင္ ဧရာဝတီေဖာင္ေဒးရွင္းေၾကာင့္သာ လူနာေတြ သက္ေသာင့္သက္သာ ကုသနိုင္တာပါ။

အဲ့ဒီေတာ့ မိတ္ေဆြတို႔လည္း တတ္နိုင္သေလာက္ ဧရာဝတီစင္တာကိုဝိုင္းဝန္း လႉဒါန္းေပးၾကဖို႔လည္း တိုက္တြန္းလိုပါတယ္။

ကၽြန္ေတာ္တို႔ေတာ့ ကိုဗစ္နဲ႔ ၾကဳံႀကိဳက္ၿပီးသြားၿပီ ထပ္ၿပီး ကူးစက္မခံရေအာင္ ဒိထက္ပိုဂ႐ုစိုက္ဖို႔ပဲ ရွိေတာ့တယ္။ ကိုဗစ္ဖိစီးမႈေၾကာင့္ဝိတ္လဲ

၁၂ ေပါင္ေလာက္ က်ၿပီး လူပါ ေခ်ာင္လည္လည္ျဖစ္သြားခဲ့ၿပီးၿပီ။ အားလုံးပဲကိုဗစ္ကင္းစင္ ေနေကာင္းၾကပါေစ။ လူစုလူေဝး တတ္နိုင္

သေလာက္ေရွာင္ၿပီး က်န္းမာေရးလမ္းညႊန္ခ်က္မ်ား အတိုင္းေနထိုင္ၾကပါ။ ကိုဗစ္ကို မေပါ့ၾကပါနဲ႔လို႔ပဲ ေျပာခ်င္ပါတယ္။

Unicode

ဆေးလိပ် အရက် မသောက်တာတောင် ကိုဗစ်ရောဂါဆိုးကြီးအား အလူးအလဲခံလိုက်ရသူမှ ပြောပြလာတဲ့ကိုယ်တွေ့ အတွေ့အကြုံ

ကိုဗစ်စစစ်တဲ့နေ့ကနေ စပြီး အစစအရာရာ ဂရုစိုက်ပေးခဲ့သော ဧရာဝတီစင်တာမှဆရာဝန်၊ ဆရာမများ၊ သူနာပြုများ ၊ဗော်လန်တီယာ

များ နှင့် ဧရာဝတီစင်တာမှကိုဗစ်လူနာဗော်လန်တီယာများ အားလုံးကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အတွက် လိုအပ်တာပံ့ပိုးကူညီပေးခဲ့ကြတဲ့ ဟာနာကုမ္ပဏီ၊ ငှက်သိုက်တွေတကူးတက ပို့ပေးတဲ့ Happy Agency မှ ရာဇာနဲ့

မသိရီ၊ သူ့အဖေအတွက် အစားသောက်တွေပို့ပေးရင်း ကျွန်တော့်အတွက်ပါထည့်ပို့ပေးတဲ့ မိုက်ကယ်ကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံး ကျေးဇူးတင်ရမှာက ကျွန်တော်နေပြန်ကောင်းလာအောင် စိတ်ဓာတ်ခွန်အားပေးတဲ့ ချစ်ရတဲ့မိသားစုနဲ့ ပုကျုလေးပါပဲ။

ကျွန်တော် အိမ်မှာ နေမကောင်းဖြစ်ပြီး အသက်ရှူမဝဖြစ်လာတာနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဧရာဝတီစင်တာမှာ

အောက်တိုဘာလ ၂၀ ရက်နေ့က သွားစစ်ခဲ့ပါတယ်။ ကိုဆန်းလင်းနဲ့ ကိုမိုးဝေတို့ အစစရာရာ ဝိုင်းဝန်းကူညီပေးခဲ့ကြလို့လဲ အဆင်ပြေခဲ့

တာပါ။ နေ့လည်ပိုင်းကိုဖေဖေနဲ့ မေမေပါ စစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လင်မယား ၂ယောက်က positive အဖြေထွက်ပြီး ကံကောင်းစွာပဲ

မေမေနဲ့ ဖေဖေက Negative အဖြေထွက်ခဲ့ပါတယ်။ စသွားကတည်းက အထုပ်ပိုးတွေယူသွားခဲ့တာမို့ တခါတည်းဧရာဝတီစင်တာ ၂

မှာ နေခဲ့ရပါတော့တယ်။ ပထမ တညက ပုကျုနဲ့ ကျွန်တော် အဆောင်တူ အခန်းတူနေရပေမယ့် ကျွန်တော့် အခြေအနေက ညဘက်အဖျားတွေတက်

မောဟိုက်လာတာမို့ နောက်တနေ့မနက် ECG ရိုက်ရတယ်။ လက်ကိုလည်းဆေးတွေထိုးပါတယ်။ဒါနဲ့ ၂၁ ရက်နေ့ မနက်ပိုင်းကျွန်

တော့်ကိုဧရာဝတီ စင်တာ ၁ ကို အောက်ဆီဂျင်တပ်ထားလျက်နဲ့ ရွှေ့ရပါတော့တယ်။ ဘဝမှာ စိတ်မကောင်းဆုံး အခိုက်အတန့်ကို ကြုံရတာပါပဲ

ကိုယ်တိုင်ကလဲ မောဟိုက်နေ၊ ပုကျုလေးကလဲ ငိုနေရှာတာ ကျွန်တော့်လာခေါ်တဲ့ ဆေးရုံကားထွက်သွားတဲ့အထိစင်တာ ၁ မှာ ငေး

ကျန်ခဲ့ရှာပါတော့တယ်။ အတိုချုံးပြောရရင် ပထမပိုင်းရက်တွေ ညပိုင်း အဖျားတွေတက်ပါတယ်။ အိမ်သာလမ်းလျှောက်သွားတောင်တလှပ်လှပ်နဲ့မောပါတယ်။

အောက်ဆီဂျင် level တွေလဲကျပါတယ်။ ဒါ ကျနော် ဆေးလိပ်မသောက်၊ အရက်မသောက် (အရက်ဘီယာ မသောက်တာ ၇ လ

ကျော်ခဲ့ပါပြီ) တာတောင် တော်တော်ခံရပါတယ်။ အောက်ဆီဂျင် level ပြန်တက်လာအောင် နေ့နေ့ ညည အောက်ဆီဂျင်အိုးနဲ့ ရှူခဲ့ရ

ပါတယ်။

ပုကျုကတော့ ပထမ ၁ရက်သာ ဖျားပြီးနေကောင်းတာကြောင့် စင်တာ ၁ မှာ ဗော်လန်တီယာ အဖြစ် ကူညီပြီးဆင်းတဲ့အထိ ကျန်း

ကျန်းမာမာပါပဲ။ ကျွန်တော်ကတော့ စင်တာ ၂ ရောက်ပြီး ၄ ရက်လောက်နေမှနေပြန်ကောင်းလာတယ်၊ အောက်ဆီဂျင် level ပြန်တက်လာတယ်။

ကျွန်တော်ရော ပုကျုရော ဧရာဝတီစင်တာမှာစုစုပေါင်း ၁၀ ရက်နေ့ခဲ့ရပြီး ဆေးရုံက ပြန်ဆင်းလို့ ဒီနေ့ ပဲ အိမ်ပြန်ရောက်ပါတယ်။ (အိမ်

ပြန်ရောက်လို့ နေလည်း ကောင်းနေပါပြီ အားလုံးစိတ်ပူနေကြမှာစိုးလို့ နေပြန်ကောင်းပြီးအိမ်ရောက်မှ တင်တာပါ။ ကျွန်တော် နေကောင်းပါတယ်

ကျေးဇူးတင်ပါတယ်) ကိုဗစ် ဘယ်ကကူးလဲတော့ မမေးပါနဲ့ ကျွန်တော်တို့ လင်မယား ၂ယောက်လုံးလဲ ဘယ်သွားသွား ပြန်လာရင်

ဂရုစိုက်ကြတဲ့သူတွေပါ အိမ်မှာပဲ အများအားဖြင့်နေပါတယ် သွားတာဆိုလို့ လမ်းထိပ် စီးတီးမတ်နဲ့ ATM သာရှိပါတယ်။ Work from

home လုပ်နေတာလဲ

ကြာပါပြီ။ အိမ်မှာ လူကြီးတွေရှိလို့ အရမ်းဂရုစိုက်နေတဲ့ ကြားကဖြစ်တာပါ။ ဆိုတော့ ဘယ်ကကူးတာလဲ ဆိုတာထက် မိတ်ဆွေတို့လဲ မ

ပေါ့ပါနဲ့ အဓိကကကိုယ်ခံအားကောင်းအောင် မှန်မှန်အိပ် မှန်မှန်စားပါ။ ကိုဗစ်က နေရာစုံက ကူးနိုင်ပါတယ်။ စင်တာမှာ အသက်ကြီး

ပိုင်းတွေ

တော်တော်ရုန်းကန်နေကြရပါတယ်။ တနေ့ တနေ့ ရောက်လာတဲ့ လူနာတွေအများကြီးပါပဲ။ ဧရာဝတီစင်တာမှာ နေ့စဉ်လူပေါင်းများ

စွာကို ကျွေးမွေး ကုသပေးနေရတာမလွယ်ကူလှပါဘူး။ အလှူရှင် ဧရာဝတီဖောင်ဒေးရှင်းကြောင့်သာ လူနာတွေ သက်သောင့်သက်သာ ကုသနိုင်တာပါ။

အဲ့ဒီတော့ မိတ်ဆွေတို့လည်း တတ်နိုင်သလောက် ဧရာဝတီစင်တာကိုဝိုင်းဝန်း လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့တော့ ကိုဗစ်နဲ့ ကြုံကြိုက်ပြီးသွားပြီ ထပ်ပြီး ကူးစက်မခံရအောင် ဒိထက်ပိုဂရုစိုက်ဖို့ပဲ ရှိတော့တယ်။ ကိုဗစ်ဖိစီးမှုကြောင့်ဝိတ်လဲ

၁၂ ပေါင်လောက် ကျပြီး လူပါ ချောင်လည်လည်ဖြစ်သွားခဲ့ပြီးပြီ။ အားလုံးပဲကိုဗစ်ကင်းစင် နေကောင်းကြပါစေ။ လူစုလူဝေး တတ်နိုင်

သလောက်ရှောင်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များ အတိုင်းနေထိုင်ကြပါ။ ကိုဗစ်ကို မပေါ့ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။

About the author

DailyNews