က်န္းမာေရးမေကာင္းတဲ့မိခင္ကို ျပဳစုရင္း စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရတဲ့ ပါက်ဲ

က်န္းမာေရးမေကာင္းတဲ့မိခင္ကို ျပဳစုရင္း စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရတဲ့ ပါက်ဲ

ပါက်ဲကေတာ့ ကိုဗစ္ေၾကာင့္ အႏုပညာအလုပ္ေတြ မလုပ္ရတဲ့အခ်ိန္မွာ က်န္းမာေရးမေကာင္း တဲ့ အေမျဖစ္သူကို ျပဳစုေစာင့္ေရွာက္

ရင္း စားဝတ္ေနေရးအတြက္ ႐ုန္းကန္ေနရတယ္လို႔ ဆို ပါတယ္။

 

ပါက်ဲဟာ အလုပ္ေတြရပ္နားထားရလို႔ စားဝတ္ေနေရး အခက္အခဲၾကဳံေနရတဲ့ ကမ္းလွမ္းလာတဲ့ ေၾကာ္ျငာေလးေတြ ရိုက္ေနတာ ေတြ႕ရ

ပါတယ္။ သူ႔ အေနနဲ႔ အႏုပညာေၾကးကို ေပးသေလာက္ သာ ယူၿပီး စားဝတ္ေနေရးေျဖရွင္းေနရတယ္လို႔ Duwun ကို ေျပာပါတယ္။

Covid ကာလမွာ ဘာပြဲမွလည္း မရွိ၊ ဘာကားမွ မရိုက္ရဘူး။ ၿပီးေတာ့ အလုပ္ေတြ မရွိတဲ့ အခ်ိန္ မွာ ျဖဴျဖဴေထြးက ဖိနပ္ေၾကာ္ျငာ ေခၚရိုက္

ခဲ့တယ္။ Covid ပထမအႀကိမ္ တုန္းကေပါ့ေလ။ ၿပီး ေတာ့ အခုခ်ိန္ထိ ကိုယ့္အတြက္ အလုပ္က မရွိဘူး။ ဒါေပမယ့္ ျဖဴျဖဴေထြးက ေခၚ

တယ္ အႏုပ ညာ ေၾကးေတာ့ ႀကိဳက္သေလာက္ေပး လာရိုက္မယ္။ ပိုက္ဆံနည္းတာ မ်ားတာ အဓိက မက်ဘူး ေစတနာက အဓိကပဲ။

ရိုက္ေနရရင္ ေက်နပ္တယ္။ ျဖဴျဖဴေထြးနဲ႔ရိုက္မယ့္ ေၾကာ္ျငာမွာ ဟာသ အ ေနနဲ႔ရိုက္ရတာ ဒီလို ႐ုပ္ၾကမ္းႀကီးက အလွေတြ ျပင္လိုက္

ေတာ့ တအား လွသြားတယ္ေပါ့ဗ်ာ။ ကုမၼဏီကလည္း သနားလို႔ အလုပ္ေပးထားၾကတယ္ ဆိုတဲ့ သေဘာပါပဲဗ်ာ” လို႔ ဆိုပါတယ္။

အဲဒီေနာက္ ပါက်ဲဟာ က်န္းမာေရးမေကာင္းျဖစ္ေနတဲ့ မိခင္ျဖစ္သူကိုလည္း ျပဳစု ေစာင့္ေရွာက္ ေပးေနတယ္လို႔ သိရပါတယ္။ သူတို႔

သားအမိ ႏွစ္ေယာက္ရဲ့ စားဝတ္ေနေရးအတြက္ လာေရာက္ ေထာက္ပံ့ေပးခဲ့ၾကသူေတြရဲ့ ေက်းဇူးကို မေမ့ဘူးလို႔ သူက ဆိုပါတယ္။

ကၽြန္ေတာ့္ကို သနားတာထက္ က်န္းမာေရး မေကာင္းတဲ့ အေမ့ကို သနားၿပီး လာလႉၾကတာေတြ ရွိ တယ္။ အခုခ်ိန္မွာ ဆန္တစ္လုံးပဲ

လႉ လႉ၊ ဘယ္ေလာက္ပဲ လႉ လႉ တစ္လုပ္စားဖူး သူ႔ ေက်း ဇူးတဲ့။ ေကၽြးတဲ့လက္ကိုေတာ့ ကၽြန္ေတာ္ ျပန္မကိုက္ပါဘူး။အခါအခြင့္ၾကဳံ

ရင္ ကၽြန္ေတာ္ သူတို႔ ကို ေက်းဇူးဆပ္ခ်င္ေသးတယ္”လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

ပါက်ဲဟာ ဇာတ္ပို႔သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ ရေလ့ရွိသူျဖစ္ပါ

တယ္။ ဇာတ္ပို႔သ႐ုပ္ေဆာင္ေပမယ့္လည္း ေအာင္ျမင္တဲ့သူ တစ္ေယာက္ မဟုတ္တာေၾကာင့္ အႏုပညာေၾကး ရသေလာက္ ယူရင္း

ဇာတ္ကားေတြ ရိုက္ေန တာကိုလည္း ေတြ႕ရပါတယ္။

Unicode

ကျန်းမာရေးမကောင်းတဲ့မိခင်ကို ပြုစုရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ပါကျဲ

ပါကျဲကတော့ ကိုဗစ်ကြောင့် အနုပညာအလုပ်တွေ မလုပ်ရတဲ့အချိန်မှာ ကျန်းမာရေးမကောင်း တဲ့ အမေဖြစ်သူကို ပြုစုစောင့်ရှောက်

ရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ ဆို ပါတယ်။

ပါကျဲဟာ အလုပ်တွေရပ်နားထားရလို့ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ကမ်းလှမ်းလာတဲ့ ကြော်ငြာလေးတွေ ရိုက်နေတာ တွေ့ရ

ပါတယ်။ သူ့ အနေနဲ့ အနုပညာကြေးကို ပေးသလောက် သာ ယူပြီး စားဝတ်နေရေးဖြေရှင်းနေရတယ်လို့ Duwun ကို ပြောပါတယ်။

Covid ကာလမှာ ဘာပွဲမှလည်း မရှိ၊ ဘာကားမှ မရိုက်ရဘူး။ ပြီးတော့ အလုပ်တွေ မရှိတဲ့ အချိန် မှာ ဖြူဖြူထွေးက ဖိနပ်ကြော်ငြာ ခေါ်ရိုက်

ခဲ့တယ်။ Covid ပထမအကြိမ် တုန်းကပေါ့လေ။ ပြီး တော့ အခုချိန်ထိ ကိုယ့်အတွက် အလုပ်က မရှိဘူး။ ဒါပေမယ့် ဖြူဖြူထွေးက ခေါ်

တယ် အနုပ ညာ ကြေးတော့ ကြိုက်သလောက်ပေး လာရိုက်မယ်။ ပိုက်ဆံနည်းတာ များတာ အဓိက မကျဘူး စေတနာက အဓိကပဲ။

ရိုက်နေရရင် ကျေနပ်တယ်။ ဖြူဖြူထွေးနဲ့ရိုက်မယ့် ကြော်ငြာမှာ ဟာသ အ နေနဲ့ရိုက်ရတာ ဒီလို ရုပ်ကြမ်းကြီးက အလှတွေ ပြင်လိုက်

တော့ တအား လှသွားတယ်ပေါ့ဗျာ။ ကုမ္မဏီကလည်း သနားလို့ အလုပ်ပေးထားကြတယ် ဆိုတဲ့ သဘောပါပဲဗျာ” လို့ ဆိုပါတယ်။

အဲဒီနောက် ပါကျဲဟာ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူကိုလည်း ပြုစု စောင့်ရှောက် ပေးနေတယ်လို့ သိရပါတယ်။ သူတို့

သားအမိ နှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် လာရောက် ထောက်ပံ့ပေးခဲ့ကြသူတွေရဲ့ ကျေးဇူးကို မမေ့ဘူးလို့ သူက ဆိုပါတယ်။

ကျွန်တော့်ကို သနားတာထက် ကျန်းမာရေး မကောင်းတဲ့ အမေ့ကို သနားပြီး လာလှူကြတာတွေ ရှိ တယ်။ အခုချိန်မှာ ဆန်တစ်လုံးပဲ

လှူ လှူ၊ ဘယ်လောက်ပဲ လှူ လှူ တစ်လုပ်စားဖူး သူ့ ကျေး ဇူးတဲ့။ ကျွေးတဲ့လက်ကိုတော့ ကျွန်တော် ပြန်မကိုက်ပါဘူး။အခါအခွင့်ကြုံ

ရင် ကျွန်တော် သူတို့ ကို ကျေးဇူးဆပ်ချင်သေးတယ်”လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

ပါကျဲဟာ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ရလေ့ရှိသူဖြစ်ပါ

တယ်။ ဇာတ်ပို့သရုပ်ဆောင်ပေမယ့်လည်း အောင်မြင်တဲ့သူ တစ်ယောက် မဟုတ်တာကြောင့် အနုပညာကြေး ရသလောက် ယူရင်း

ဇာတ်ကားတွေ ရိုက်နေ တာကိုလည်း တွေ့ရပါတယ်။