“ေဆး႐ုံေရာက္ ကိုဗစ္လူနာမ်ားနဲ႔ တိုင္းျပည္ႏွင့္အနာဂတ္အတြက္ တာဝန္ေက်ခဲ့တဲ့ ဦးေက်ာ္သူ”

“ေဆး႐ုံေရာက္ ကိုဗစ္လူနာမ်ားနဲ႔ တိုင္းျပည္ႏွင့္အနာဂတ္အတြက္ တာဝန္ေက်ခဲ့တဲ့ ဦးေက်ာ္သူ”

“တာဝန္ေက် ကိုဗစ္လူနာမ်ား”

ကိုဗစ္သမားေတြလည္းတိုင္းျပည္ အတြက္ တာဝန္ေက်ခဲ့ပါၿပီ။

ယေန႔ ႏိုဝင္ဘာလ(၄)ရက္ေန႔၊ညေန(၃:၄၅)နာရီခန႔္က ေဝဘာဂီေဆး႐ုံအုပ္ႀကီး ေဒၚေအးေအးေအာင္၏ေစတနာျဖင့္

ကြၽန္ေတာ္တို႔ ကိုဗစ္ေဝဒနာရွင္မ်ား ႀကိဳတင္ဆႏၵမဲေပးခြင့္ရရွိခဲ့ပါၿပီ။

ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဒၚေအးေအးေအာင္၏အနီးကပ္ႀကီးၾကပ္မႈျဖင့္

ဆရာဝန္ဆရာဝန္မမ်ား၊ေဆးပညာရွင္ မ်ားမွတက္ႂကြစြာျဖင့္

ၿမိဳ႕နယ္၊ရပ္ကြက္ရွိမဲဆႏၵက်င္းပေရးတာဝန္ရွိသူမ်ားလာေရာက္၍ စံနစ္တက်ေသေသသပ္သပ္

လာေရာက္ေဆာင္႐ြက္ေပးခဲ့သည့္အတြက္ ေက်းဇူးအထူးတင္ရွိပါသည္။

ကိုဗစ္ေရာဂါပိုးကာကြယ္မႈျဖစ္ရန္အတြက္ လည္းေကာင္း၊လိမ္လည္မႈ၊မသမာမႈမရွိရန္အတြက္လည္းေကာင္း

cctv ကင္မရာမ်ားရွိေသာ ပိုးသတ္ေဆးျဖန္းထားသည့္ မွန္လုံခန္းအတြင္းမွ ေဆာင္႐ြက္ေပးခဲ့ပါသည္။

သို႔ေသာ္ မိမိတစ္ဦးတည္းသာသိရွိသည့္ ရင္တြင္းျဖစ္လွ်ိဳ႕ဝွက္မဲေတာ့ မျဖစ္ခဲ့ပါ။

မိမိထည့္လိုသည့္ ပါတီအဖြဲ႕အစည္းကို မွန္ခန္းထဲမွလက္ညႇိဳးထိုးျပ၊

တစ္ဖက္မွလည္းမွန္ကန္မႈရွိရန္ ျပန္ျပ၊

မိမိမွ လက္မ ေထာင္ျပမွ ထို ပါတီအမွတ္တံဆိပ္ ၏ ေဘးကြက္လပ္တြင္ အမွန္ျခစ္ၿပီး

စာအိတ္ပိတ္ခဲ့ျခင္းျဖစ္၍ ေဘးလူမ်ားပါ မိမိ၏ဆႏၵကိုသိေစခဲ့မည္ျဖစ္သည္။

မည္သို႔ျဖစ္ေစ ဤအခ်ိန္ကာလတြင္ မိမိသည္မသမာမႈျပဳျခင္းမဟုတ္၊

လိမ္လည္ လွည့္ျဖားျခင္းမရွိ၍ မိမိပါစင္နယ္ကိစၥအား လွ်ိဳ႕ ဝွက္ထားစရာမလိုေပ။

ထို႔ေၾကာင့္ လိပ္ျပာသန႔္၍ သီလလုံၿခဳံစြာ သစၥာရွိရွိ ရဲရဲေတာက္ မဲေပးခဲ့ပါၿပီ။

“ေဆး႐ုံေရာက္ ကိုဗစ္လူနာမ်ားလည္း တိုင္းျပည္ ႏွင့္အနာဂတ္အတြက္ တာဝန္ ေက်ခဲ့ပါၿပီ။”

Unicode

“တာဝန်ကျေ ကိုဗစ်လူနာများ”

ကိုဗစ်သမားတွေလည်းတိုင်းပြည် အတွက် တာဝန်ကျေခဲ့ပါပြီ။

ယနေ့ နိုဝင်ဘာလ(၄)ရက်နေ့၊ညနေ(၃:၄၅)နာရီခန့်က ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါ်အေးအေးအောင်၏စေတနာဖြင့်

ကျွန်တော်တို့ ကိုဗစ်ဝေဒနာရှင်များ ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိခဲ့ပါပြီ။

ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်အေးအေးအောင်၏အနီးကပ်ကြီးကြပ်မှုဖြင့်

ဆရာဝန်ဆရာဝန်မများ၊ဆေးပညာရှင် များမှတက်ကြွစွာဖြင့်

မြို့နယ်၊ရပ်ကွက်ရှိမဲဆန္ဒကျင်းပရေးတာဝန်ရှိသူများလာရောက်၍ စံနစ်တကျသေသေသပ်သပ်

လာရောက်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။

ကိုဗစ်ရောဂါပိုးကာကွယ်မှုဖြစ်ရန်အတွက် လည်းကောင်း၊လိမ်လည်မှု၊မသမာမှုမရှိရန်အတွက်လည်းကောင်း

cctv ကင်မရာများရှိသော ပိုးသတ်ဆေးဖြန်းထားသည့် မှန်လုံခန်းအတွင်းမှ ဆောင်ရွက်ပေးခဲ့ပါသည်။

သို့သော် မိမိတစ်ဦးတည်းသာသိရှိသည့် ရင်တွင်းဖြစ်လျှို့ဝှက်မဲတော့ မဖြစ်ခဲ့ပါ။

မိမိထည့်လိုသည့် ပါတီအဖွဲ့အစည်းကို မှန်ခန်းထဲမှလက်ညှိုးထိုးပြ၊

တစ်ဖက်မှလည်းမှန်ကန်မှုရှိရန် ပြန်ပြ၊

မိမိမှ လက်မ ထောင်ပြမှ ထို ပါတီအမှတ်တံဆိပ် ၏ ဘေးကွက်လပ်တွင် အမှန်ခြစ်ပြီး

စာအိတ်ပိတ်ခဲ့ခြင်းဖြစ်၍ ဘေးလူများပါ မိမိ၏ဆန္ဒကိုသိစေခဲ့မည်ဖြစ်သည်။

မည်သို့ဖြစ်စေ ဤအချိန်ကာလတွင် မိမိသည်မသမာမှုပြုခြင်းမဟုတ်၊

လိမ်လည် လှည့်ဖြားခြင်းမရှိ၍ မိမိပါစင်နယ်ကိစ္စအား လျှို့ ဝှက်ထားစရာမလိုပေ။

ထို့ကြောင့် လိပ်ပြာသန့်၍ သီလလုံခြုံစွာ သစ္စာရှိရှိ ရဲရဲတောက် မဲပေးခဲ့ပါပြီ။

“ဆေးရုံရောက် ကိုဗစ်လူနာများလည်း တိုင်းပြည် နှင့်အနာဂတ်အတွက် တာဝန် ကျေခဲ့ပါပြီ။”

Kyaw Thu