LOCAL NEWS

ဈေးဆစ်တယ်ဆိုတာ ဖြူဖြူထွေးလိုဆစ်တက်မှ (ရုပ်သံ)

Written by DailyNews

ဈေးဆစ်တယ်ဆိုတာ ဖြူဖြူထွေးလိုဆစ်တက်မှ (ရုပ်သံ)












ခရက်ဒစ်

Unicode

ဈေးဆစ်တယ်ဆိုတာ ဖြူဖြူထွေးလိုဆစ်တက်မှ

မူလနာမည်ပျောက်ပြီး ပရဟိတမင်းသမီးလေးလို့ အများက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ သရုပ်ဆောင် ဖြူဖြူထွေးကတော့

မကြာခဏဆိုသလို အလှူအတန်းတွေကို လုပ်ကိုင်လေ့ရှိသူပါ။

သူမရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အများရဲ့အားပေးချစ်ခင်မှုကို

ရရှိထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဆယ်လီတွေထဲမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ထားနိုင်သူလည်း ဖြစ်ပါတယ်။

ယခုလို Covid ကာလမှာတောင် သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရတာကိုလည်း တွေ့ရပါတယ်နော်။

ဖြူဖြူထွေးက ဝါရင်ဇာတ်ပို့သရုပ်ဆောင်များနဲ့အတူ ကြော်ငြာဇာတ်လမ်းတိုလေးကို ရိုက်ကူးနေတာဖြစ်ပြီး

ရှုတင်အပြီးမှာ အစဉ်အလာမပျက် ကန်တော့နေတာပဲ ဖြစ်ပါတယ်။

ဖြူဖြူထွေးက ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး သူ့ထက်ကြီးတဲ့ သူတွေအပေါ်မှာလည်းအမြဲရိုသေလေးစားစွာ ဆက်ဆံလေ့ရှိတာလည်းဖြစ်ပါတယ်။

ဖြူဖြူထွေးက ဆန်၊ ဆီ၊ ဆား အစုံအလင်နဲ့ ကန်တော့နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ပေးလာတာပါ။

မျက်နှာလေးတွေထက်မှာ အပြုံးကိုယ်စီနဲ့ ကြည့်မိသူတိုင်း သဘောကျမိစေတဲ့ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ချစ်ရတဲ့ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြူဖြူထွေးနဲ့ အခြားသော ဝါရင့်အနုပညာရှင်တွေရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

ခရက်ဒစ်

About the author

DailyNews