CELE NEWS


Written by DailyNews
















Unicode

ဝေဖန်တိုက်ခိုက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး စကားလေးတစ်ခွန်းပြတ်ပြတ်သားသားပြောလိုက်တဲ့” ထက်ထက်မိုးဦး”

ထက်ထက်မိုးဦးကတော့ တစ်ခေတ်မှာ ထက်ထက်မိုးဦးခေတ်ရယ်လို့ နာမည်တွင်ခဲ့ပြီး ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ

အခိုင်အမာနေရာယူထားနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းထူးချွန်တဲ့ သူမကတော့ အကယ်ဒမီဆုတွေကို

ပိုင်ဆိုင်နိုင်တဲ့အထိ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။

ထက်ကအခုချိန်ကို နုပျိုလှပပြီး မရိုးသွားနိုင်တဲ့ အလှတရားတွေ ပြည့်နှက်နေဆဲဖြစ်ပါတယ် ။ အခုတော့ ထက်ထက်မိုးဦးက အနုပညာ

လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ကိုင်လာပြီး ဇာတ်ကားတွေရိုက်ကူးနေပြီ ဖြစ်ပါတယ်။အချိန်အတော်ကြာအောင် အနုပညာလောကကနေ

ပျောက်ကွယ်သွားခဲ့တဲ့ ထက်ထက်မိုးဦးက အခုတော့ပရိသတ်တွေရဲ့ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုကာလမှာ မထက်က အနုပညာအလုပ်တွေနားထားပေမယ့်လည်း Live လွှင့်ကာ စိန်ရွှေရတနာများကို ရောင်းချလျက်ရှိရာ ဝယ်ယူ

အားပေးကြသူတွေများပြားခဲ့တာလည်းဖြစ်ပါတယ် ။အခုမှာတော့ ဝေဖန်ခံနေရတာတွေနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်ထင်မြင်ယူဆမှု

လေးတွေကို ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ် ။စာလေးကတော့ “အားလုံး အဆင်မပြေချိန် ခက်ခဲတဲ့ကာလတွေမှာ (Covid ဖြစ်ချိန်)

ရောင်းသူ ဝယ်သူ ယုံကြည်မှု နဲ့ အဆင်ပြေတာကို မုဒိတာ ထားကြရင် ကောင်းပါတယ်။

ဘုရား တရားတွေလုပ်နေမှမဟုတ်ပါဘူး အားလုံးအပေါ် မေတ္တာစိတ်နဲ့ မုဒိတာ ထားနိုင်ရင်လည်း ကုသိုလ်ရပါတယ်။

“ယုံကြည်မှု ဆိုတာ တန်ဖိုးတစ်ခုပါ” ပဲဆိုတဲ့ အကြောင်းအရာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Source : Htet Htet Moe Oo Facebook Page

About the author

DailyNews