INTERNATIONAL NEWS

အာကာသမွအခ်က္အလက္ေပးပို႔မႈမ်ားကိုစမ္းသပ္မည့္ ပထမဆုံး 6G စမ္းသပ္ၿဂိဳဟ္တု တ႐ုတ္လႊတ္တင္

Written by admm

အာကာသမွအခ်က္အလက္ေပးပို႔မႈမ်ားကိုစမ္းသပ္မည့္ ပထမဆုံး 6G စမ္းသပ္ၿဂိဳဟ္တု တ႐ုတ္လႊတ္တင္

 

 

တ႐ုတ္သည္ ႀကိမ္ႏႈန္းျမင့္ Tetrahertz ေရာင္စဥ္လႈိင္းမ်ားကို အသုံးျပဳလ်က္ အာကာသမွ

သတင္းေပးပို႔ခ်က္မ်ားကို စမ္းသပ္ရန္ ပထမဆုံး 6G စမ္းသပ္ၿဂိဳဟ္တုကို ႏိုဝင္ဘာ ၆ ရက္က လႊတ္တင္လိုက္သည္။

အဆိုပါၿဂိဳဟ္တုသည္ လႊတ္တင္ထားသည့္ Long March-6 အာကာသဒုံးယာဥ္ ၁၃ ခုအနက္

တစ္ခုျဖစ္ၿပီး ရွန္ရွီးျပည္နယ္ Taiyuan ၿဂိဳဟ္တုလႊတ္တင္ေရးစင္တာမွ

လႊတ္တင္ခဲ့ေၾကာင္း အေမရိကန္ရွိ တ႐ုတ္သံ႐ုံးက တြစ္တာ၌ ေရးသားေဖာ္ျပခဲ့သည္။

 

 

အေလးခ်ိန္ ၇၀ ကီလိုဂရမ္ရွိ 6G စမ္းသပ္ၿဂိဳဟ္တုသည္ Tetrahertz ေရာင္စဥ္လႈိင္းကိုအသုံးျပဳကာ

အခ်က္အလက္ေပးပို႔ျခင္းစြမ္းေဆာင္ရည္ကို

စစ္ေဆးရန္ ရည္႐ြယ္ၿပီး ၿမိဳ႕ႀကီးမ်ား၊ သီးႏွံႏွင့္ေတာမီးမ်ားကိုေစာင့္ၾကည့္ျခင္းကဲ့သို႔ေသာ

သဘာဝပတ္ဝန္းက်င္ကာကြယ္ေရးႏွင့္တားဆီးေရး အက္ပလီေကးရွင္းမ်ားကို

စမ္းသပ္သြားမည္ျဖစ္ေၾကာင္း China Global Television Network က ေဖာ္ျပခဲ့သည္။

 

 

ႏွစ္ေပါင္းမ်ားစြာ တရားဝင္ သတ္မွတ္ခ်က္မ်ားမေဖာ္ထုတ္ႏိုင္ေသးသည့္ မ်ိဳးဆက္သစ္

မိုဘိုင္းဆက္သြယ္ေရးနည္းပညာသည္ ၂၀၃၀ ျပည့္ႏွစ္အေစာပိုင္း

အဓိကစက္မႈလုပ္ငန္းႀကီးမ်ား မိတ္ဆက္စဥ္ အရွိန္အဟုန္ရရွိရန္ စတင္လိုက္ျခင္းျဖစ္သည္။

Samsung သည္ ၁၀ ႏွစ္အတြင္း အေစာဆုံး ျဖန႔္ၾကက္ျခင္းတံခါးဖြင့္လ်က္ ၂၀၂၈ ခုႏွစ္တြင္ စံႏႈန္းမ်ားကို

အၿပီးသတ္ႏိုင္ေရးရည္႐ြယ္လ်က္ ၂၀၂၁ ၌

6G ဆိုင္ရာလုပ္ငန္းမ်ားစတင္ႏိုင္ရန္ ITU-R

(International Telecommunication Union-Radio) က႑ကို ေမွ်ာ္လင့္ယုံၾကည္ထားသည္။

6G သည္ 5 G ထက္အဆေပါင္း ၁၀၀ ျမန္ဆန္မႈႏွင့္ အခ်က္အလက္ေတာင္းဆိုမႈၾကာျမင့္ခ်ိန္

မီလီစကၠန႔္ထက္နည္းရန္လိုအပ္ခ်က္ စသည့္ စိန္ေခၚမႈမ်ားစြာရွိေၾကာင္း

AT&T အမႈေဆာင္ Mazin Gilbert က ၿပီးခဲ့သည့္လကက်င္းပသည့္ 6Gစာတမ္းဖတ္ပြဲတြင္ ေျပာၾကားခဲ့သည္။

 

 

ေအာက္တိုဘာလလယ္က အေမရိကန္ဆက္သြယ္ေရးေအာ္ပေရတာမ်ားျဖစ္သည့္Verizon၊ AT&T၊ T-Mobile US ႏွင့္ US Cellular တို႔သည္ 6G

ဖြံ႕ၿဖိဳးတိုးတက္မႈဦးေဆာင္ရန္ႏွင့္ ေျမာက္အေမရိကကို နည္းပညာဆိုင္ရာ ကမာၻ႔ေခါင္းေဆာင္

အျဖစ္တည္ေထာင္ရန္ Next G Alliance မဟာမိတ္အသြင္ျဖင့္ တျခားေအာ္ပေရတာမ်ားႏွင့္ ပူးေပါင္းခဲ့သည္။

ဂ်ပန္မိုဘိုင္းဖုန္းေအာ္ပေရတာ NTT Docomo သည္ ၂၀၃၀ ၌ စီးပြားျဖစ္စတင္ရန္ရည္႐ြယ္ခ်က္ျဖင့္ ဇန္နဝါရီလက 6G နည္းပညာကို

တီထြင္ရန္ စတင္လႈပ္ရွားခဲ့ၿပီး တ႐ုတ္ႏိုင္ငံမွ Unicom ႏွင့္ ZTE တို႔ကလည္း6G နည္းပညာမ်ားတိုးတက္ဖြံ႕ၿဖိဳးေစရန္

ေမလက မဟာဗ်ဴဟာေျမာက္သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့သည္။

Ref: Mizza

Credit

 

Unicode

 

 

တရုတ်သည် ကြိမ်နှုန်းမြင့် Tetrahertz ရောင်စဉ်လှိုင်းများကို အသုံးပြုလျက် အာကာသမှ

သတင်းပေးပို့ချက်များကို စမ်းသပ်ရန် ပထမဆုံး 6G စမ်းသပ်ဂြိုဟ်တုကို နိုဝင်ဘာ ၆ ရက်က လွှတ်တင်လိုက်သည်။

အဆိုပါဂြိုဟ်တုသည် လွှတ်တင်ထားသည့် Long March-6 အာကာသဒုံးယာဉ် ၁၃ ခုအနက်

တစ်ခုဖြစ်ပြီး ရှန်ရှီးပြည်နယ် Taiyuan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ

လွှတ်တင်ခဲ့ကြောင်း အမေရိကန်ရှိ တရုတ်သံရုံးက တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

 

 

အလေးချိန် ၇၀ ကီလိုဂရမ်ရှိ 6G စမ်းသပ်ဂြိုဟ်တုသည် Tetrahertz ရောင်စဉ်လှိုင်းကိုအသုံးပြုကာ

အချက်အလက်ပေးပို့ခြင်းစွမ်းဆောင်ရည်ကို

စစ်ဆေးရန် ရည်ရွယ်ပြီး မြို့ကြီးများ၊ သီးနှံနှင့်တောမီးများကိုစောင့်ကြည့်ခြင်းကဲ့သို့သော

သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့်တားဆီးရေး အက်ပလီကေးရှင်းများကို

စမ်းသပ်သွားမည်ဖြစ်ကြောင်း China Global Television Network က ဖော်ပြခဲ့သည်။

 

 

နှစ်ပေါင်းများစွာ တရားဝင် သတ်မှတ်ချက်များမဖော်ထုတ်နိုင်သေးသည့် မျိုးဆက်သစ်

မိုဘိုင်းဆက်သွယ်ရေးနည်းပညာသည် ၂၀၃၀ ပြည့်နှစ်အစောပိုင်း

အဓိကစက်မှုလုပ်ငန်းကြီးများ မိတ်ဆက်စဉ် အရှိန်အဟုန်ရရှိရန် စတင်လိုက်ခြင်းဖြစ်သည်။

Samsung သည် ၁၀ နှစ်အတွင်း အစောဆုံး ဖြန့်ကြက်ခြင်းတံခါးဖွင့်လျက် ၂၀၂၈ ခုနှစ်တွင် စံနှုန်းများကို

အပြီးသတ်နိုင်ရေးရည်ရွယ်လျက် ၂၀၂၁ ၌

6G ဆိုင်ရာလုပ်ငန်းများစတင်နိုင်ရန် ITU-R

(International Telecommunication Union-Radio) ကဏ္ဍကို မျှော်လင့်ယုံကြည်ထားသည်။

 

 

6G သည် 5 G ထက်အဆပေါင်း ၁၀၀ မြန်ဆန်မှုနှင့် အချက်အလက်တောင်းဆိုမှုကြာမြင့်ချိန်

မီလီစက္ကန့်ထက်နည်းရန်လိုအပ်ချက် စသည့် စိန်ခေါ်မှုများစွာရှိကြောင်း

AT&T အမှုဆောင် Mazin Gilbert က ပြီးခဲ့သည့်လကကျင်းပသည့် 6Gစာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့သည်။

အောက်တိုဘာလလယ်က အမေရိကန်ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့်Verizon၊ AT&T၊ T-Mobile US နှင့် US Cellular တို့သည် 6G

ဖွံ့ဖြိုးတိုးတက်မှုဦးဆောင်ရန်နှင့် မြောက်အမေရိကကို နည်းပညာဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်

အဖြစ်တည်ထောင်ရန် Next G Alliance မဟာမိတ်အသွင်ဖြင့် တခြားအော်ပရေတာများနှင့် ပူးပေါင်းခဲ့သည်။

ဂျပန်မိုဘိုင်းဖုန်းအော်ပရေတာ NTT Docomo သည် ၂၀၃၀ ၌ စီးပွားဖြစ်စတင်ရန်ရည်ရွယ်ချက်ဖြင့် ဇန်နဝါရီလက 6G နည်းပညာကို

တီထွင်ရန် စတင်လှုပ်ရှားခဲ့ပြီး တရုတ်နိုင်ငံမှ Unicom နှင့် ZTE တို့ကလည်း6G နည်းပညာများတိုးတက်ဖွံ့ဖြိုးစေရန်

မေလက မဟာဗျူဟာမြောက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

Credit

About the author

admm