HEALTH NEWS

ျမန္မာႏိုင္ငံ၏လူဦးေရ ၂၀ ရာခိုင္ႏႈန္းအတြက္ COVID-19 ကာကြယ္ေဆး အခမဲ့ရရန္ရွိ

Written by admm

 

ျမန္မာႏိုင္ငံ၏လူဦးေရ ၂၀ ရာခိုင္ႏႈန္းအတြက္ COVID-19 ကာကြယ္ေဆး အခမဲ့ရရန္ရွိ

 

 

 

 

COVID-19 ကာကြယ္ေဆးရရွိလာခ်ိန္မွာစနစ္တက်ထိုးႏွံ႔ေပးႏိုင္ဖို႔

 

 

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ႀကိဳတင္ျပင္ဆင္မႈ ေတြေဆာင္႐ြက္ေနပါတယ္။

 

 

၂၀၂၁ခုႏွစ္ ပထမေလးလပတ္တာကာလအတြင္း COVID ကာကြယ္ေဆးေတြရရွိလာမယ္လို႔မွန္းထားၿပီး

 

 

ျမန္မာႏိုင္ငံရဲ႕ လူဦးေရ (၂၀) ရာခိုင္ႏႈန္းအတြက္ COVID-19 ကာကြယ္ေဆးေတြ

 

 

အလႉခံရရွိဖို႔ရွိတယ္လို႔ က်န္းမာေရး အသိပညာျမႇင့္တင္မႈဌာနခြဲ၊ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

 

 

 

“ကြၽန္ေတာ္တို႔ကေစာင့္ၾကည့္ရမွာေပါ့။ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ COVAX ဆိုတဲ့ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး မွန္ကန္တဲ့အရည္အေ

 

 

သြးနဲ႔ ေဘးကင္းလုံ

 

 

ၿခဳံမႈရွိတဲ့ ကာကြယ္ေဆးေတြကို ႏိုင္ငံအားလုံးမွ်မွ်တတ ရရွိဖို႔ေဆာင္႐ြက္ေနတဲ့ အဖြဲ႕အစည္းဆိုတာရွိတယ္။

 

 

 

 

 

အဲဒီ့ အဖြဲ႕အစည္းနဲ႔ႀကိဳတင္ညႇိႏႈိင္းခ်က္အရျမန္မာႏိုင္ငံရဲ႕ လူဦးေရ ၂၀ ရာခိုင္ႏႈန္းေလာက္ကိုေတာ့ သူတို႔ဘက္ေန Face by Face ေပး

 

 

သြားႏိုင္ဖို႔အေနအထားရွိတယ္။ အဲဒါ ကေတာ့ အလႉျဖစ္ဖို႔မ်ားတာေပါ့ေလ။

 

 

တစ္ဖက္ကလည္း က်န္တဲ့လူေတြ အတြက္လည္းေဆြးေႏြးညႇိႏႈိင္းထားတာ ေတြအမ်ားႀကီးရွိတယ္။

 

 

ဘိုင္လက္ထရယ္ေတြရဖို႔ဆိုတဲ့ကိစၥေတြမွာ တ႐ုတ္နဲ႔လည္း ညႇိႏႈိင္းထားတာရွိတယ္။

 

 

အိႏၵိယနဲ႔လည္းညႇိႏႈိင္းထားတာရွိတယ္။ ႐ုရွားနဲ႔လည္းဆက္သြယ္ေဆာင္႐ြက္ထားတာရွိတယ္။

 

 

ဒါေတြကလည္း ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ရဦးမွာျဖစ္တယ္။

 

 

အကုန္လုံးနဲ႔ကိုက်ယ္က်ယ္ျပန႔္ျပန႔္ခ်ိတ္ဆက္ထားတယ္။

 

 

 

 

တစ္ဘက္ကလည္းဘယ္လို ေဆးမ်ိဳးကို အတည္ျပဳၿပီးေတာ့

 

 

ဘယ္လိုေဆးမ်ိဳးကအစြမ္းထက္တယ္။

 

 

ကြၽန္ေတာ္ တို႔ႏိုင္ငံကလည္း ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြ ရွိတယ္ေပါ့။

 

 

ေက်းလက္ေဒသေအာက္ေျခထိေရာက္ေအာင္ ဘယ္လိုဟာမ်ိဳး (ကာကြယ္ေဆးမ်ိဳး) ကသင့္ေလ်ာ္တယ္။

 

 

ဒါမ်ိဳးေတြကို ဘက္ေပါင္းစုံကစဥ္းစားရမယ္” လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

 

 

 

 

 

COVID-19ကာကြယ္ေဆးဟာ အေအးလမ္းေၾကာင္းနဲ႔ သယ္ယူပို႔ေဆာင္မွ ေဆးအာနိသင္အျပည့္အဝရမွာျဖစ္တဲ့အတြက္

 

 

အေအးလမ္း ေၾကာင္းနဲ႔ သယ္ယူပို႔ေဆာင္ႏိုင္ဖို႔နဲ႔ ကာကြယ္ေဆးကိုစနစ္တက်ထိုးႏွံ႔ေပးႏိုင္ဖို႔ က်န္းမာေရးဝန္ထမ္းေတြကို Training ေပး

 

 

တာေတြကို ႀကိဳတင္ေဆာင္႐ြက္ထားတယ္လို႔ဆိုပါတယ္။

 

 

ျမန္မာႏိုင္ငံမွာ COVID-19 ကာကြယ္ေဆးရရွိလာပါက ေရွ႕တန္းကေရာဂါကုသ၊ တိုက္ဖ်က္ေရးေတြေဆာင္႐ြက္ေနတဲ့ က်န္းမာေရး ဝန္

 

 

ထမ္းေတြ၊ ေစတနာ့

 

 

ဝန္ထမ္းေတြနဲ႔ ဦးစားေပးအုပ္စုဝင္ေတြျဖစ္တဲ့ သက္ႀကီး႐ြယ္အိုေတြ၊ ေရာဂါအခံရွိသူေတြကို ဦးစြာထိုးေပးၿပီး ဝန္ထမ္းေတြ၊ ျပည္သူေတြ

 

 

ကိုဆက္လက္ထိုးႏွံေပးသြားမွာျဖစ္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

 

Credit

 

Unicode

 

 

မြန်မာနိုင်ငံ၏လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေး အခမဲ့ရရန်ရှိ

 

 

 

 

COVID-19 ကာကွယ်ဆေးရရှိလာချိန်မှာစနစ်တကျထိုးနှံ့ပေးနိုင်ဖို့

 

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်မှု တွေဆောင်ရွက်နေပါတယ်။

 

 

၂၀၂၁ခုနှစ် ပထမလေးလပတ်တာကာလအတွင်း COVID ကာကွယ်ဆေးတွေရရှိလာမယ်လို့မှန်းထားပြီး

 

 

မြန်မာနိုင်ငံရဲ့ လူဦးရေ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးတွေ

 

 

အလှူခံရရှိဖို့ရှိတယ်လို့ ကျန်းမာရေး အသိပညာမြှင့်တင်မှုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

 

 

 

 

 

“ကျွန်တော်တို့ကစောင့်ကြည့်ရမှာပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ COVAX ဆိုတဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့

 

 

အရည်အသွေးနဲ့ ဘေးကင်းလုံ

 

 

ခြုံမှုရှိတဲ့ ကာကွယ်ဆေးတွေကို နိုင်ငံအားလုံးမျှမျှတတ ရရှိဖို့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုတာရှိတယ်။

 

 

အဲဒီ့ အဖွဲ့အစည်းနဲ့ကြိုတင်ညှိနှိုင်းချက်အရမြန်မာနိုင်ငံရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းလောက်ကိုတော့ သူတို့ဘက်နေ Face by Face ပေး

 

 

သွားနိုင်ဖို့အနေအထားရှိတယ်။ အဲဒါ ကတော့ အလှူဖြစ်ဖို့များတာပေါ့လေ။

 

 

 

 

 

တစ်ဖက်ကလည်း ကျန်တဲ့လူတွေ အတွက်လည်းဆွေးနွေးညှိနှိုင်းထားတာ တွေအများကြီးရှိတယ်။

 

 

ဘိုင်လက်ထရယ်တွေရဖို့ဆိုတဲ့ကိစ္စတွေမှာ တရုတ်နဲ့လည်း ညှိနှိုင်းထားတာရှိတယ်။

 

 

အိန္ဒိယနဲ့လည်းညှိနှိုင်းထားတာရှိတယ်။ ရုရှားနဲ့လည်းဆက်သွယ်ဆောင်ရွက်ထားတာရှိတယ်။

 

 

ဒါတွေကလည်း ကျွန်တော်တို့စောင့်ကြည့်ရဦးမှာဖြစ်တယ်။

 

 

အကုန်လုံးနဲ့ကိုကျယ်ကျယ်ပြန့်ပြန့်ချိတ်ဆက်ထားတယ်။

 

 

 

 

 

တစ်ဘက်ကလည်းဘယ်လို ဆေးမျိုးကို အတည်ပြုပြီးတော့

 

 

ဘယ်လိုဆေးမျိုးကအစွမ်းထက်တယ်။

 

 

ကျွန်တော် တို့နိုင်ငံကလည်း ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ ရှိတယ်ပေါ့။

 

 

ကျေးလက်ဒေသအောက်ခြေထိရောက်အောင် ဘယ်လိုဟာမျိုး (ကာကွယ်ဆေးမျိုး) ကသင့်လျော်တယ်။

 

 

ဒါမျိုးတွေကို ဘက်ပေါင်းစုံကစဉ်းစားရမယ်” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

 

 

COVID-19ကာကွယ်ဆေးဟာ အအေးလမ်းကြောင်းနဲ့ သယ်ယူပို့ဆောင်မှ ဆေးအာနိသင်အပြည့်အဝရမှာဖြစ်တဲ့အတွက်

 

 

အအေးလမ်း ကြောင်းနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ကာကွယ်ဆေးကိုစနစ်တကျထိုးနှံ့ပေးနိုင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို Training

 

 

ပေးတာတွေကို ကြိုတင်ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။

 

 

 

 

 

မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးရရှိလာပါက ရှေ့တန်းကရောဂါကုသ၊ တိုက်ဖျက်ရေးတွေဆောင်ရွက်နေတဲ့ ကျန်းမာရေး

 

 

ဝန်ထမ်းတွေ၊ စေတနာ့

 

 

ဝန်ထမ်းတွေနဲ့ ဦးစားပေးအုပ်စုဝင်တွေဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေကို ဦးစွာထိုးပေးပြီး ဝန်ထမ်းတွေ၊ ပြည်သူတွေ

 

 

ကိုဆက်လက်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

 

 

Credit

About the author

admm