တစ်ကမ္ဘာလုံးကပ်ဆိုက်မွဲနေချိန်မှာတောင် လူတစ်ယောက်ကိုတင်ကျွေးထားချင်နေတဲ့ ကိုယ့်စိတ်ကို ဂုဏ်ယူမိကြောင်း ပြောလာတဲ့နိုင်းဝမ်း

 

တစ်ကမ္ဘာလုံးကပ်ဆိုက်မွဲနေချိန်မှာတောင် လူတစ်ယောက်ကိုတင်ကျွေးထားချင်နေတဲ့ ကိုယ့်စိတ်ကို

 

ဂုဏ်ယူမိကြောင်း ပြောလာတဲ့နိုင်းဝမ်း

 

 

 

 

ပရိသတ်ရဲ့အချစ်တော်အဆိုတော်နိုင်းဝမ်းတစ်ယောက် လွန်ခဲ့တဲ့လပိုင်းက ချစ်သူလေးကို ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေထားတဲ့ စိန်တစ်

 

ဆင်စာနဲ့ သွားရောက်တောင်းရမ်းခဲ့တာကိုတော့ ပရိသတ်ကြီးလည်း သိရှိပြီးဖြစ်မှာပါနော်။

 

ချစ်သူကိုတန်ဖိုးထားချစ်တတ်တဲ့ နိုင်းဝမ်းကြောင့် သူ့ရဲ့အနာဂတ်သတို့သမီးလောင်းလေးကို မိန်းကလေးတိုင်းအားကျခဲ့ရတာဖြစ်ပြီး

 

သူတို့ရဲ့မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကိုတော့ လာမယ့်ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

 

 

လတ်တလော သူ့ရဲ့လူမှုကွန်ရက်မှာ သူငယ်ချင်းတွေအားကျစရာကောင်းလောက်အောင် ဇနီးလောင်းလေးနဲ့ ပတ်သက်တဲ့အကြောင်းအ

 

ရာတွေ၊ အနာဂတ်အစီအစဉ်လေးတွေကိုသာ တစ်ခမ်းတစ်နားမျှဝေလျက်ရှိပြီး လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့်

 

သူ့ရဲ့မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ နေ့လေးနဲ့ ပတ်သက်ပြီးတော့လည်း ပရိသတ်တွေပါ ကြည့်ရှုနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ

 

Live လွှင့်တင်ဆက်ရင်ကောင်းမလား ဒါမှမဟုတ် ရိုက်ပြီးနောက်မှတင်ရင်ကောင်းမလားဆိုပြီးတော့လည်း

 

အကြံဉာဏ်တောင်းထားသလိုဒီနေ့မှာလည်း ဒီလောက် တစ်ကမ္ဘာလုံးကပ်ဆိုက်မွဲနေချိန်မှာတောင်

 

မိန်းမယူပြီးတင်ကျွေးထားချင်နေတဲ့စိတ်ကြောင့် ကွကိုယ်ဂုဏ်ယူလို့မဆုံးဘူးဗျာ ဆိုပြီး အရွှန်းဖောက်ရေးသားမျှဝေခဲ့ပါသေးတယ်။

 

နိုင်းဝမ်းရဲ့စကားကြောင့် သူငယ်ချင်းတွေကတော့ ကြံဖန်ဂုဏ်ယူတတ်လွန်းသူကြီးလို့ မှတ်ချက်ပေးရေးသားခဲ့ကြသလို

 

ချစ်ရသူလေးနဲ့ပျော်ရွှင်စရာအချိန်လေးပိုင်ဆိုင်နိုင်တော့မယ့် နိုင်းဝမ်းအတွက်လည်း ဝမ်းသာဂုဏ်ယူစကားရေးသားခဲ့ကြပါတယ်။

 

 

 

 

ကိုဗစ်ကပ်ရောဂါမပြီးသေးပေမယ့်လည်း ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ မင်္ဂလာဧည့်ခံပွဲအစား

 

မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကို မကြာခင်အချိန်တွင်းမှာ

 

ကျင်းပပြီး နှစ်ကိုယ်တူဘဝတည်ဆောက်တော့မယ့် နိုင်းဝမ်းကတော့ အခုချိန်မှာ တော်တော်လေးပျော်နေမှာ အသေအချာပါပဲ

 

ပရိသတ်ကြီးရေ…

 

Credit

 

Unicode

 


 


 

 

 

 


 


 


 


 

 

 

 


 


 


 


 


 


 


 


 


 

 

 

 

 

 


 


 


 

Credit;