HEALTH NEWS

မိုဒါးနားကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်းကြေညာ

Written by admm

မိုဒါးနားကုမ္ပဏီက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်းကြေညာ

 

 

 

အမေရိကန်ဆေးကုမ္ပဏီ မိုဒါးနားကထုတ်လုပ်နေသောကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ၉၄.၅ ရာခိုင်နှုန်းအောင်မြင်ကြောင်း

 

ကုမ္ပဏီဘက်က တနင်္လာနေ့တွင်ကြေညာသည်။

 

မိုဒါးနား၏ဆေးသည် အမေရိကန်ကုမ္ပဏီတခုကအောင်မြင်ကြောင်းကြေညာသည့် ဒုတိယမြောက်ကို ရိုနာဗိုင်းရပ်စ်

 

ကာကွယ်ဆေးဖြစ်သည်။

 

 

 

 

ပြီးခဲ့သည့်တပတ်ကလည်း ဖီဇာကုမ္ပဏီက သူတို့ကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းကျော်အောင်မြင် ကြောင်း ကြေညာခဲ့သည်။

 

အကယ်၍ ဒီဇင်ဘာလတွင် အမေရိကန်အစိုးရက ထိုဆေးများကိုအတည်ပြုပါက ယခုနှစ်အတွင်း ကာကွယ်ဆေးသန်း ၆၀

 

ရနိုင်မည်ဖြစ်သည်။

 

မိုဒါးနား၏ဆေးကို သာမန်ရေခဲသေတ္တာအပူချိန်တွင်ထိန်းသိမ်းထားနိုင်သဖြင့် ပို့ဆောင်ဖြန့်ချိရာတွင် ပိုလွယ်ကူမည်ဖြစ်သည်။

 

ဆေး ၂ မျိုးစလုံးသည် mRNA နည်းပညာကိုအခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်သည်။

 

Credit

 

Unicode

 


 

 

 

 


 


 

 


 


 


 

 

 

 


 


 


 


 

Credit

About the author

admm