အစိုးရအဖြဲ႕ကို စြမ္းရည္ထက္ျမက္သည့္ဝန္ႀကီးမ်ားျဖင့္ ဖြဲ႕စည္းသြားမည္ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ ေျပာ

 

အစိုးရအဖြဲ႕ကို စြမ္းရည္ထက္ျမက္သည့္ဝန္ႀကီးမ်ားျဖင့္ ဖြဲ႕စည္းသြားမည္ဟု ေဒါက္တာေဇာ္ျမင့္ေမာင္ ေျပာ

 

 

လာမည့္သက္တမ္းအတြက္ ဖြဲ႕စည္းမည့္ အစိုးရအဖြဲ႕ကို စြမ္းရည္ထက္ျမက္သည့္ ဝန္ႀကီးမ်ားျဖင့္ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း

 

 

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ ဒုဥကၠဌ(၂) ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားသည္။

 

 

ယေန႔( ႏိုဝင္ဘာ ၁၇)နံနက္ပိုင္းက Zoom Application ျဖင့္ ျပဳလုပ္ခဲ့သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္က

 

 

ယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

 

 

 

 

ၿပီးခဲ့သည့္ ငါးႏွစ္သက္တမ္းတြင္ အစိုးရအဖြဲ႕၏ လုပ္ေဆာင္ခ်က္မ်ားႏွင့္ ပတ္သက္၍ ျပည္သူမ်ားထံမွ အားမရၾကသည့္ အသံမ်ားကို

 

 

ၾကားခဲ့ရေၾကာင္း၊ယင္းအသံမ်ားကို နားေထာင္ခဲ့ၿပီး လာမည့္သက္တမ္းအတြက္ အစိုးရဖြဲ႕စည္းရာတြင္ စြမ္းေဆာင္ရည္ရွိသည့္

 

အစိုးရအဖြဲ႕ျဖစ္ေအာင္ တတ္ႏိုငသမွ် ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားသည္။

 

 

 

 

သို႔ေသာ္ လာမည့္သက္တမ္းအတြက္ အစိုးရဖြဲ႕စည္းရာတြင္ လက္ရွိဝန္ႀကီးမ်ားထဲမွာ မည္မွ်ျပန္ပါမည္ကို မေျပာႏိုင္ေသးဟု ဆိုသည္။

 

“ဘယ္ေလာက္ျပန္ပါမယ္၊ ဘယ္ေလာက္ျပန္မပါဘူးေတာ့ဆိုတာေတာ့ တိတိက်က် မေျပာႏိုင္ပါဘူး။

 

ဒါေပမဲ့ ေသခ်ာတာတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ ဒီတစ္ခါကေတာ့ ျပည္သူ႔အသံနဲ႔ တကယ့္ကို စြမ္းေဆာင္ရည္ ထက္ျမက္တဲ့

 

ဝန္ႀကီးေတြ ေ႐ြးဖို႔ရာကေတာ့ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ား သေခ်ာသေလာက္ရွိပါတယ္။

 

 

 

တစ္ခုေတာ့ ရွိတာေပါ့ ႀကိဳက္ျခင္း၊ မႀကိဳက္ျခင္းက တစ္ပိုင္း၊ အရည္အခ်င္းရွိတယ္၊ မရွိဘူးဆိုတဲ့ အပိုင္းက တစ္ပိုင္းေပါ့။ တခ်ိဳ႕က

 

အႀကံေပးၾကတာေပါ့ေလ။

ဝန္ႀကီးဆိုတာ ႏိုင္ငံေရးအရ ဆုံးျဖတ္ရတဲ့ေနရာျဖစ္တဲ့အတြက္ ႏိုင္ငံေရးအေတြ႕အႀကဳံရွိတဲ့ ႏိုင္ငံေရးသမားေတြကို ထည့္ပါလို႔ ေျပာေန

 

တာေတြ ရွိတာေပါ့။ဒါကိုလည္း ကြၽန္ေတာ္တို႔ အေလးအနက္ထားမွာပါ။

 

ဒါေပမဲ့ ႏိုင္ငံတည္ေဆာက္ေနတဲ့ တည္ေဆာက္ေရးကာလမွာ ပညာရွင္ေတြ လိုတယ္ဆိုတာကိုလည္း သိပါတယ္

 

အခ်ိဳးညီညီျဖစ္ေအာင္ေတာ့ ကြၽန္ေတာ္တို႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားမွာပါ”ဟု ၎က ေျပာၾကားခဲ့သည္။

 

 

 

 

တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕ကိုလည္း ယင္းသို႔ ဖြဲ႕စည္းသြားမည္ဟု ၎က ေျပာၾကားခဲ့သည္။

NLD သည္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ ျပည္ေထာင္စုလႊတ္ေတာ္၌ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၃၉၀ ဦးအႏိုင္ရရွိခဲ့ၿပီး

ယခု ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ၃၉၆ ဦးအႏိုင္ရရွိခဲ့သည္။အစိုးရဖြဲ႕ႏိုင္ရန္ လိုအပ္သည့္ ပမာဏမွာ ၃၂၂ ဦးျဖစ္သည္။

Credit

 

Unicode

 

အစိုးရအဖွဲ့ကို စွမ်းရည်ထက်မြက်သည့်ဝန်ကြီးများဖြင့် ဖွဲ့စည်းသွားမည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော

 

 

 

လာမည့်သက်တမ်းအတွက် ဖွဲ့စည်းမည့် အစိုးရအဖွဲ့ကို စွမ်းရည်ထက်မြက်သည့် ဝန်ကြီးများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

 

ယနေ့( နိုဝင်ဘာ ၁၇)နံနက်ပိုင်းက Zoom Application ဖြင့် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်မြင့်မောင်က

 

ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

 

ပြီးခဲ့သည့် ငါးနှစ်သက်တမ်းတွင် အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်သူများထံမှ အားမရကြသည့် အသံများကို

 

ကြားခဲ့ရကြောင်း၊

 

ယင်းအသံများကို နားထောင်ခဲ့ပြီး လာမည့်သက်တမ်းအတွက် အစိုးရဖွဲ့စည်းရာတွင် စွမ်းဆောင်ရည်ရှိသည့် အစိုးရအဖွဲ့ဖြစ်အောင်

 

တတ်နိုငသမျှ ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

 

သို့သော် လာမည့်သက်တမ်းအတွက် အစိုးရဖွဲ့စည်းရာတွင် လက်ရှိဝန်ကြီးများထဲမှာ မည်မျှပြန်ပါမည်ကို မပြောနိုင်သေးဟု ဆိုသည်။

 

“ဘယ်လောက်ပြန်ပါမယ်၊ ဘယ်လောက်ပြန်မပါဘူးတော့ဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။

 

 

 

 

ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ဒီတစ်ခါကတော့ ပြည်သူ့အသံနဲ့ တကယ့်ကို စွမ်းဆောင်ရည် ထက်မြက်တဲ့ ဝန်ကြီး

 

တွေ ရွေးဖို့ရာကတော့ရာခိုင်နှုန်းတော်တော်များများ သချောသလောက်ရှိပါတယ်။

တစ်ခုတော့ ရှိတာပေါ့ ကြိုက်ခြင်း၊ မကြိုက်ခြင်းက တစ်ပိုင်း၊ အရည်အချင်းရှိတယ်၊ မရှိဘူးဆိုတဲ့ အပိုင်းက တစ်ပိုင်းပေါ့။

 

တချို့ကအကြံပေးကြတာပေါ့လေ။

 

 

 

ဝန်ကြီးဆိုတာ နိုင်ငံရေးအရ ဆုံးဖြတ်ရတဲ့နေရာဖြစ်တဲ့အတွက် နိုင်ငံရေးအတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေကို ထည့်ပါလို့ ပြောနေ

 

တာတွေ ရှိတာပေါ့။ဒါကိုလည်း ကျွန်တော်တို့ အလေးအနက်ထားမှာပါ။

ဒါပေမဲ့ နိုင်ငံတည်ဆောက်နေတဲ့ တည်ဆောက်ရေးကာလမှာ ပညာရှင်တွေ လိုတယ်ဆိုတာကိုလည်း သိပါတယ် အချိုးညီညီဖြစ်

 

အောင်တော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

 

 

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ယင်းသို့ ဖွဲ့စည်းသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်နေရာ ၃၉၀ ဦးအနိုင်ရရှိခဲ့ပြီး

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၉၆ ဦးအနိုင်ရရှိခဲ့သည်။အစိုးရဖွဲ့နိုင်ရန် လိုအပ်သည့် ပမာဏမှာ ၃၂၂ ဦးဖြစ်သည်။

Credit