INTERNATIONAL NEWS

တ႐ုတ္ကိုတန္ျပန္ဖို႔ ထရမ့္ဟာ ကာကြယ္ေရး၀န္ႀကီးခ်ဳပ္ကို ရာထူးက ဖယ္ရွားလိုက္တာလား?

Written by admm

တ႐ုတ္ကိုတန္ျပန္ဖို႔ ထရမ့္ဟာ ကာကြယ္ေရး၀န္ႀကီးခ်ဳပ္ကို ရာထူးက ဖယ္ရွားလိုက္တာလား?

 

 

အက္စပါကို ရာထူးက ဖယ္ရွားလိုက္တာဟာ တ႐ုတ္တို႔ကိုလည္း စိတ္ပူပန္ေစခဲ့ပါတယ္။ ပင္တာဂြန္မွာ သေဘာထား တင္းမာသူေတြရဲ႕

 

လႈပ္ရွားမႈေတြရွိလာႏိုင္တယ္ ဆိုၿပီးေတာ့ စိတ္ပူပန္တာ ျဖစ္ပါတယ္။ ႐ုရွနဲ႔ တ႐ုတ္တို႔ဟာ ေ႐ြးေကာက္ခံထားရတဲ့ ဘိုင္ဒင္ကို ႏႈတ္ဆက္

 

စကား မေျပာၾကေသးပါဘူးသို႔ေပမယ့္ တ႐ုတ္တို႔ကေတာ့ တိုင္ဝမ္အေရးမွာ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ဖို႔ ဆိုၿပီးေတာ့ စီးပြားေရးဌာန

 

အတြင္းဝန္ Keith Krach ဦးေဆာင္တဲ့ အဖြဲ႕ နဲ႔တိုင္ဝမ္က အဖြဲ႕ တို႔ ဝါရွင္တန္မွာ ေဆြးေႏြးၾကမွာကို အေၾကာက္အကန္

 

 

ကန႔္ကြက္ေနပါတယ္။ ဒီခရီးစဥ္ဟာ ထရမ့္အစိုးရက စီမံထားတဲ့ ကိစၥ ျဖစ္ပါတယ္။

 

ဒါေပမယ့္ ဂ်ပန္၊ ကိုရီးယားနဲ႔ ၾသစေၾတးလ်တို႔က ဘိုင္ဒင္နဲ႔ ဆက္သြယ္ၿပီး ႏႈတ္ဆက္စကား ေျပာၾကားတဲ့အခါမွာ မူလ စီမံသေဘာတူ

 

ထားခဲ့ၾကတဲ့ ထရမ့္လက္ထက္က သေဘာတူညီခ်က္ေတြကို ဆက္လက္ ေဆာင္႐ြက္မယ္၊ အင္ဒိုပစိဖိတ္ ေဒသ လြတ္လပ္ ပြင့္လင္းေရး၊

 

လုံၿခဳံေရး စတာေတြကို အာမခံမယ္ဆိုတဲ့အေၾကာင္း ဘိုင္ဒင္က ေျပာလိုက္တဲ့အတြက္ တ႐ုတ္တို႔ဟာ ကိုယ္ရွိန္သပ္သြားၾကပါတယ္။

 

 

ဘာေၾကာင့္လည္း ဆိုရင္ေတာ့ ဘိုင္ဒင္ဟာ ထရမ့္ခင္းေပးခဲ့တဲ့ တ႐ုတ္ကို ဝိုင္းပတ္ ပိတ္ဆို႔ေရး ကိစၥအေပၚ ေသြဖည္သြားဖို႔

 

အလြန္ကို ခက္ခဲမယ္ဆိုတာသိသြားၾကလို႔ပါပဲ။ထရမ့္ရဲ႕ တ႐ုတ္အေပၚ လုပ္ကြက္ေတြကို ကမာၻက သိၿပီးသား ျဖစ္သလို အီးယူ အပါအဝင္

 

အေတာ္မ်ားမ်ားက လက္ခံထားၿပီးသား လမ္းေၾကာင္းႀကီး

 

ျဖစ္ေနပါတယ္ဘိုင္ဒင္ဟာ လမ္းေၾကာင္းအတိုင္း လိုက္မွ ျဖစ္ပါလိမ့္မယ္။ အခုပဲ ဂ်ပန္၊ ကိုရီးယားနဲ႔ ၾသစေၾတးလ်က ေတာင္းဆို

 

လာေနပါၿပီ။ လမ္းေၾကာင္းေျပာင္းဖို႔ ခက္ပါတယ္။ တ႐ုတ္တို႔ ေမွ်ာ္လင့္သေလာက္ ျဖစ္လာမွာ မဟုတ္ပါဘူး။

 

*သုံးသပ္ခ်က္

 

တခ်ိဳ႕ကလည္း အက္စပါ ဖယ္ရွားခံရတာဟာ ျပည္တြင္းက ဆႏၵျပသူေတြကို ႏွိပ္ကြပ္ဖို႔ သေဘာမတူလို႔ ျဖဳတ္လိုက္တာ ျဖစ္တယ္။

 

အခုထရမ့္ကေ႐ြးေကာက္ပြဲ ရလဒ္ကို လက္မခံဘူး။ သူ႔ကို ေထာက္ခံသူေတြက ႐ုန္းရင္ဆန္ခတ္ လုပ္ဖို႔ရွိတယ္။ အဲ့ဒီအခါမွာ

 

က်န္ျပည္သူေတြက ေကာင္တာလုပ္ၿပီးတန္ျပန္လာရင္ ႏွိပ္ကြပ္ဖို႔ သူ႔အမိန႔္ နာခံမယ့္ သူကို ခန႔္ခ်င္လို႔ လုပ္တာဆိုၿပီး ေျပာၾကပါတယ္။

 

အေမရိကန္လိုႏိုင္ငံမွာ ဒါမ်ိဳးအျဖစ္ခံမွာ မဟုတ္တာကေတာ့ေသခ်ာပါတယ္။

 

မဲရႈံးလို႔ ပြဲၾကမ္းေနတယ္ ဆိုတာကေတာ့ ေျပာမယ္ဆိုရင္ ေျပာလို႔ရတယ္။ သူ႔ကို မဲမသမာမႈေတြနဲ႔ ဝိုင္းလုပ္ၾကတယ္ ဆိုၿပီး သူကလည္း

 

ျပန္ရင္ဆိုင္ထားဆဲဆိုေတာ့ ဘယ္ဟာမွ တစ္ထစ္ခ် ေျပာလို႔ မရေသးတဲ့ အခ်ိန္ ျဖစ္ေနဆဲပါ။

 

 

 

သို႔ေသာ္ အက္စပါကို ျဖဳတ္လိုက္တာဟာ တ႐ုတ္ကို စစ္ေၾကညာဖို႔၊ ျပည္တြင္းက ဆႏၵျပပြဲေတြရွိလာရင္ ႏွိပ္ကြပ္ဖို႔၊ ေနာက္လူကို

 

ျပႆနာေတြနဲ႔ ေပးထားခဲ့ခ်င္လို႔ စတဲ့ အထင္ေတြထက္ စာရင္ေတာ့ ငါ့စကား နားမေထာင္ခဲ့ဖူးတဲ့ အက္စပါကို ငါမသြားခင္ ျဖဳတ္ခဲ့မယ္။

 

အလုပ္ျဖဳတ္ ခံရသူ ျဖစ္ေစမယ္။လူေတြလည္း ၿဖဳံသြားေစရမယ္ ဆိုတဲ့ အတၱ ျပႆနာေလာက္ပဲ ျဖစ္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။

 

ဒါေပမယ့္ “အက္စပါကို အားခ်င္းႀကီး ျဖဳတ္ျပလိုက္တာကသမၼတ ထရမ့္ဟာ သူ႔ရဲ႕ အိမ္ျဖဴေတာ္ ေနာက္ဆုံး ေန႔ရက္ေတြမွာ အေမရိကန္

 

ဒီမိုကေရစီနဲ႔ ကမာၻႀကီးကို ဖ႐ိုဖရဲ ပရမ္းပတာျဖစ္ေအာင္ လုပ္ဖို႔ရွိတယ္ ဆိုတာကို သက္ေသ ျပလိုက္တာပါပဲ” လို႔ အေမရိကန္

 

ေအာက္လႊတ္ေတာ္ ဥကၠဌ နန္စီပဲလိုစီကေတာ့ ေျပာထားပါတယ္။ ကမာၻသူ ကမာၻသား အားလုံးတို႔ဟာမဲႏိုင္သူေတြ အတြက္ေရာ မဲရႈံး

 

သူေတြအတြက္ပါ ဆုေတာင္းေနၾကရပါၿပီ။

 

 

Unicode

 

တရုတ်ကိုတန်ပြန်ဖို့ ထရမ့်ဟာ ကာကွယ်ရေးဝန်ကြီးချုပ်ကို ရာထူးက ဖယ်ရှားလိုက်တာလား?

 

 

 

အက်စပါကို ရာထူးက ဖယ်ရှားလိုက်တာဟာ တရုတ်တို့ကိုလည်း စိတ်ပူပန်စေခဲ့ပါတယ်။ ပင်တာဂွန်မှာ သဘောထား တင်းမာသူတွေ

 

ရဲ့ လှုပ်ရှားမှုတွေရှိလာနိုင်တယ် ဆိုပြီးတော့ စိတ်ပူပန်တာ ဖြစ်ပါတယ်။ ရုရှနဲ့ တရုတ်တို့ဟာ ရွေးကောက်ခံထားရတဲ့ ဘိုင်ဒင်ကို

 

နှုတ်ဆက်စကား မပြောကြသေးပါဘူး။သို့ပေမယ့် တရုတ်တို့ကတော့ တိုင်ဝမ်အရေးမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုပြီးတော့

 

စီးပွားရေးဌာန အတွင်းဝန် Keith Krach ဦးဆောင်တဲ့အဖွဲ့ နဲ့ တိုင်ဝမ်က အဖွဲ့ တို့ ဝါရှင်တန်မှာ ဆွေးနွေးကြမှာကို အကြောက်အကန်

 

ကန့်ကွက်နေပါတယ်။ ဒီခရီးစဉ်ဟာ ထရမ့်အစိုးရက စီမံထားတဲ့ကိစ္စ ဖြစ်ပါတယ်။ဒါပေမယ့် ဂျပန်၊ ကိုရီးယားနဲ့ သြစတြေးလျတို့က

 

ဘိုင်ဒင်နဲ့ ဆက်သွယ်ပြီး နှုတ်ဆက်စကား ပြောကြားတဲ့အခါမှာ မူလ စီမံသဘောတူထားခဲ့ကြတဲ့ ထရမ့်လက်ထက်က သဘောတူညီ

 

ချက်တွေကို ဆက်လက် ဆောင်ရွက်မယ်၊ အင်ဒိုပစိဖိတ် ဒေသလွတ်လပ် ပွင့်လင်းရေး၊

 

လုံခြုံရေး စတာတွေကို အာမခံမယ် ဆိုတဲ့အကြောင်း ဘိုင်ဒင်က ပြောလိုက်တဲ့အတွက် တရုတ်တို့ဟာ ကိုယ်ရှိန်သပ်သွားကြပါတယ်။

 

ဘာကြောင့်လည်း ဆိုရင်တော့ ဘိုင်ဒင်ဟာ ထရမ့်ခင်းပေးခဲ့တဲ့ တရုတ်ကို ဝိုင်းပတ် ပိတ်ဆို့ရေး ကိစ္စအပေါ် သွေဖည်သွားဖို့ အလွန်

 

ကို ခက်ခဲမယ်ဆိုတာ သိသွားကြလို့ပါပဲ။ထရမ့်ရဲ့ တရုတ်အပေါ် လုပ်ကွက်တွေကို ကမ္ဘာက သိပြီးသား ဖြစ်သလို အီးယူ အပါအဝင်

 

အတော်များများက လက်ခံထားပြီးသား လမ်းကြောင်းကြီး ဖြစ်နေပါတယ်။

 

 

 

ဘိုင်ဒင်ဟာ လမ်းကြောင်းအတိုင်း လိုက်မှ ဖြစ်ပါလိမ့်မယ်။ အခုပဲ ဂျပန်၊ ကိုရီးယားနဲ့ သြစတြေးလျက တောင်းဆိုလာနေပါပြီ။

 

လမ်းကြောင်းပြောင်းဖို့ခက်ပါတယ်။ တရုတ်တို့ မျှော်လင့်သလောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

 

 

*သုံးသပ်ချက်

 

 

တချို့ကလည်း အက်စပါ ဖယ်ရှားခံရတာဟာ ပြည်တွင်းက ဆန္ဒပြသူတွေကို နှိပ်ကွပ်ဖို့ သဘောမတူလို့ ဖြုတ်လိုက်တာ ဖြစ်တယ်။

 

အခုထရမ့်ကရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူး။ သူ့ကို ထောက်ခံသူတွေက ရုန်းရင်ဆန်ခတ် လုပ်ဖို့ရှိတယ်။ အဲ့ဒီအခါမှာ ကျန်

 

ပြည်သူတွေက ကောင်တာလုပ်ပြီးတန်ပြန်လာရင် နှိပ်ကွပ်ဖို့ သူ့အမိန့် နာခံမယ့် သူကို ခန့်ချင်လို့ လုပ်တာဆိုပြီး ပြောကြပါတယ်။

 

အမေရိကန်လိုနိုင်ငံမှာ ဒါမျိုးအဖြစ်ခံမှာ မဟုတ်တာကတော့ သေချာပါတယ်။

 

မဲရှုံးလို့ ပွဲကြမ်းနေတယ် ဆိုတာကတော့ ပြောမယ်ဆိုရင် ပြောလို့ရတယ်။ သူ့ကို မဲမသမာမှုတွေနဲ့ ဝိုင်းလုပ်ကြတယ် ဆိုပြီး သူကလည်း

 

ပြန်ရင်ဆိုင်ထားဆဲဆိုတော့ ဘယ်ဟာမှ တစ်ထစ်ချ ပြောလို့ မရသေးတဲ့ အချိန် ဖြစ်နေဆဲပါ။

 

သို့သော် အက်စပါကို ဖြုတ်လိုက်တာဟာ တရုတ်ကို စစ်ကြေညာဖို့၊ ပြည်တွင်းက ဆန္ဒပြပွဲတွေရှိလာရင် နှိပ်ကွပ်ဖို့၊ နောက်လူကို

 

ပြဿနာတွေနဲ့ ပေးထားခဲ့ချင်လို့ စတဲ့ အထင်တွေထက် စာရင်တော့ ငါ့စကား နားမထောင်ခဲ့ဖူးတဲ့ အက်စပါကို ငါမသွားခင် ဖြုတ်ခဲ့

 

မယ်။ အလုပ်ဖြုတ် ခံရသူ ဖြစ်စေမယ်။

 

 

 

လူတွေလည်း ဖြုံသွားစေရမယ် ဆိုတဲ့ အတ္တ ပြဿနာလောက်ပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် “အက်စပါကို အားချင်းကြီး

 

ဖြုတ်ပြလိုက်တာက သမ္မတ ထရမ့်ဟာ သူ့ရဲ့ အိမ်ဖြူတော် နောက်ဆုံး နေ့ရက်တွေမှာ အမေရိကန် ဒီမိုကရေစီနဲ့ ကမ္ဘာကြီးကို ဖရိုဖရဲ

 

ပရမ်းပတာဖြစ်အောင် လုပ်ဖို့ရှိတယ် ဆိုတာကို သက်သေ ပြလိုက်တာပါပဲ” လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပဲလိုစီ

 

ကတော့ ပြောထားပါတယ်။

 

ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့ဟာ မဲနိုင်သူတွေ အတွက်ရော မဲရှုံးသူတွေအတွက်ပါ ဆုတောင်းနေကြရပါပြီ။

 

Credit;

About the author

admm