မုိးေပၚကက်လာတဲ့ ေက်ာက္တုံးႀကီးကို ေရာင္းခ်ၿပီး သန္းၾကြယ္သူေဌး ျဖစ္ခြင့္ရခဲ့သူ

မုိးေပၚကက်လာတဲ့ ေက်ာက္တုံးႀကီးကို ေရာင္းခ်ၿပီး သန္းၾကြယ္သူေဌး ျဖစ္ခြင့္ရခဲ့သူ

 

 

 

 

အင္ဒုိနီးရွားႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ မုိးေပၚကက်လာတဲ့ ေက်ာက္တုံးႀကီးကို ေရာင္းခ်ႏုိင္ခဲ့ၿပီးေနာက္ သန္းၾကြယ္သူေဌးဘဝ

 

ကို ပိုင္ဆုိင္ခြင့္ ရခဲ့ေၾကာင္း သိရပါတယ္။ တကယ္ေတာ့ အဆုိပါ ေက်ာက္တုံးႀကီးဟာ အာကာသၿဂိဳဟ္အပိုင္းအစ တစ္ခုမွ လြင့္ပ်ံလာခဲ့

 

တဲ့ ဥကၠာခဲတစ္ခု ျဖစ္ၿပီး၊သူရဲ႕ ေနအိမ္ကို ထိမွန္ခဲ့တာပါ။

Tribun News သတင္းမွာ ေဖာ္ျပခ်က္အရ ဆူမာၾတားေျမာက္ပိုင္းမွာေနထုိင္တဲ့ အသက္(၃၃)ႏွစ္အရြယ္ Josua Hutaga Lung အမည္

 

ရ အမ်ဳိးသားဟာထင္မွတ္မထားဘဲ သန္းၾကြယ္သူေဌးျဖစ္ခြင့္ ရခဲ့တာပါ။ သူ႕အိမ္ေပၚ က်ေရာက္ခဲ့တဲ့ ေက်ာက္တုံးဟာ

 

ဥကၠာခဲတစ္ခုျဖစ္ၿပီး၊ အေလးခ်ိန္အားျဖင့္ ကီလုိဂရမ္မ်ားစြာ ရွိပါတယ္။

 

 

 

 

အဆုိပါ ေက်ာက္တုံးကို ဘာလီမွာေနထုိင္တဲ့ ဥကၠာခဲဆုိင္ရာ ကၽြမ္းက်င္ပညာရွင္ Jared Collins ထံ မေလးရွားရင္းဂစ္

 

(၇.၆)သန္းနဲ႔ ေရာင္းခ်ႏုိင္ခဲ့တာပါ။

ဒီပမာဏဟာ အေမရိကန္ေဒၚလာ (၁၈၅၉၃၂၇)အထိ တန္ေၾကးရွိေၾကာင္း သိရပါတယ္။ ဒီဥကၠာပ်ံဟာ အရွိန္ျပင္းစြာ ျပဳတ္က်ခဲ့တာမုိ႔

 

ေနအိမ္ေခါင္မုိးမွာႀကီးမားတဲ့ အေပါက္ႀကီး ျဖစ္ခဲ့ရပါတယ္။

 

 

 

 

ဒါတင္မကေသးဘဲ ဥကၠာခဲရဲ႕အရွိန္က ျပင္းထန္လြန္းလုိ႔ ေျမျပင္အတြင္းကို တစ္ေပေလာက္အထိ တုိးဝင္သြားခဲ့ပါသတဲ့။ ကံမေကာင္းစြာနဲ႔

 

လူကို ထိမွန္ခဲ့ရင္ေနရာမွာတင္ ပြဲခ်င္းၿပီးႏုိင္တဲ့သေဘာပါ။ Josua အေနနဲ႔ေတာ့ ကံေကာင္းလြန္းလုိ႔ သန္းၾကြယ္သူေဌးတစ္ေယာက္ဘဝ

 

ကုိ ေန႔ခ်င္းညခ်င္းေရာက္ခဲ့ရပါတယ္။

 

အဆုိပါ ဥကၠာခဲကို ဓာတ္ခြဲၾကည့္တဲ့အခါ သက္တမ္းမွာ (၄.၆)ဘီလီယံအထိ ရွိပါတယ္။ CM1/2 carbonaceous Chondrite အမ်ိဳးအစား

 

စာရင္းဝင္ပါ။

 

 

 

ဥကၠာခဲေတြဟာ ႏွစ္သက္တမ္းေပၚမူတည္ၿပီး တန္ေၾကးပုိရွိပါတယ္။ သာမန္ဥကၠာခဲမ်ိဳးဆုိရင္ေတာ့ တစ္ဂရမ္ကို မေလးရင္းဂစ္

 

(၃၅၄၁)အထိ ရွိေၾကာင္းသိရပါတယ္။ဒီဥကၠာခဲႀကီးကေတာ့ ႏွစ္ထမ္းၾကာၿပီမုိ႔ ရင္းဂစ္ (၈)သန္းေလာက္နဲ႔ ျပန္ေရာင္းႏုိင္ဖြယ္ ရွိပါတယ္။

 

အကယ္၍ ဥကၠာခဲထဲမွာ သတၱဳပစၥည္းေတြ ပါဝင္ခဲ့တယ္ဆုိရင္ အဆုိပါတစ္ဂရမ္ကို မေလးရင္းဂစ္ (၄၁၀၅)အထိ ေပါက္ေစ်းရွိပါသတဲ့။

 

Josua ရဲ႕ဥကၠာခဲဟာအေလးခ်ိန္အားျဖင့္ (၂.၁)ကီလုိဂရမ္သာ ရွိေပမယ့္ ႏွစ္ထမ္းအလြန္ၾကာေနၿပီမုိ႔ ေစ်းက ရတနာေက်ာက္တစ္ခုလုိ

 

ရရွိခဲ့တာပါ။

 

Credit

 

Unicode

 

 

မိုးပေါ်ကကျလာတဲ့ ကျောက်တုံးကြီးကို ရောင်းချပြီး သန်းကြွယ်သူဌေး ဖြစ်ခွင့်ရခဲ့သူ

 

 

 

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မိုးပေါ်ကကျလာတဲ့ ကျောက်တုံးကြီးကို ရောင်းချနိုင်ခဲ့ပြီးနောက် သန်းကြွယ်သူဌေး

 

ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့ကြောင်း သိရပါတယ်။ တကယ်တော့ အဆိုပါ ကျောက်တုံးကြီးဟာ အာကာသဂြိုဟ်အပိုင်းအစ တစ်ခုမှ လွင့်ပျံ

 

လာခဲ့တဲ့ ဥက္ကာခဲတစ်ခု ဖြစ်ပြီး၊ သူရဲ့နေအိမ်ကို ထိမှန်ခဲ့တာပါ။

 

 

 

Tribun News သတင်းမှာ ဖော်ပြချက်အရ ဆူမာတြားမြောက်ပိုင်းမှာနေထိုင်တဲ့ အသက်(၃၃)နှစ်အရွယ် Josua Hutaga Lung

 

အမည်ရ အမျိုးသားဟာထင်မှတ်မထားဘဲ သန်းကြွယ်သူဌေးဖြစ်ခွင့် ရခဲ့တာပါ။ သူ့အိမ်ပေါ် ကျရောက်ခဲ့တဲ့ ကျောက်တုံးဟာ

 

ဥက္ကာခဲတစ်ခုဖြစ်ပြီး၊ အလေးချိန်အားဖြင့်ကီလိုဂရမ်များစွာ ရှိပါတယ်။

 

 

 

 

အဆိုပါ ကျောက်တုံးကို ဘာလီမှာနေထိုင်တဲ့ ဥက္ကာခဲဆိုင်ရာ ကျွမ်းကျင်ပညာရှင် Jared Collins ထံ မလေးရှားရင်းဂစ် (၇.၆)သန်း

 

နဲ့ ရောင်းချနိုင်ခဲ့တာပါ။ ဒီပမာဏဟာ အမေရိကန်ဒေါ်လာ (၁၈၅၉၃၂၇)အထိ တန်ကြေးရှိကြောင်း သိရပါတယ်။ ဒီဥက္ကာပျံဟာ

 

အရှိန်ပြင်းစွာ ပြုတ်ကျခဲ့တာမို့ နေအိမ်ခေါင်မိုးမှာ ကြီးမားတဲ့ အပေါက်ကြီး ဖြစ်ခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ ဥက္ကာခဲရဲ့အရှိန်က ပြင်းထန်လွန်းလို့ မြေပြင်အတွင်းကို တစ်ပေလောက်အထိ တိုးဝင်သွားခဲ့ပါသတဲ့။

 

ကံမကောင်းစွာနဲ့ လူကို ထိမှန်ခဲ့ရင် နေရာမှာတင် ပွဲချင်းပြီးနိုင်တဲ့သဘောပါ။ Josua အနေနဲ့တော့ ကံကောင်းလွန်းလို့ သန်းကြွယ်

 

သူဌေးတစ်ယောက်ဘဝကို နေ့ချင်းညချင်းရောက်ခဲ့ရပါတယ်။

 

 

 

 

အဆိုပါ ဥက္ကာခဲကို ဓာတ်ခွဲကြည့်တဲ့အခါ သက်တမ်းမှာ (၄.၆)ဘီလီယံအထိ ရှိပါတယ်။ CM1/2 carbonaceous Chondrite အမျိုး

 

အစားစာရင်းဝင်ပါ။

 

ဥက္ကာခဲတွေဟာ နှစ်သက်တမ်းပေါ်မူတည်ပြီး တန်ကြေးပိုရှိပါတယ်။ သာမန်ဥက္ကာခဲမျိုးဆိုရင်တော့ တစ်ဂရမ်ကို မလေးရင်းဂစ်

 

(၃၅၄၁)အထိ ရှိကြောင်း သိရပါတယ်။ဒီဥက္ကာခဲကြီးကတော့ နှစ်ထမ်းကြာပြီမို့ ရင်းဂစ် (၈)သန်းလောက်နဲ့ ပြန်ရောင်းနိုင်ဖွယ် ရှိပါ

 

တယ်။

 

အကယ်၍ ဥက္ကာခဲထဲမှာ သတ္တုပစ္စည်းတွေ ပါဝင်ခဲ့တယ်ဆိုရင် အဆိုပါတစ်ဂရမ်ကို မလေးရင်းဂစ် (၄၁၀၅)အထိ ပေါက်ဈေးရှိပါ

 

သတဲ့။ Josua ရဲ့ဥက္ကာခဲဟာ အလေးချိန်အားဖြင့် (၂.၁)ကီလိုဂရမ်သာ ရှိပေမယ့် နှစ်ထမ်းအလွန်ကြာနေပြီမို့ ဈေးက ရတနာကျောက်

 

တစ်ခုလို ရရှိခဲ့တာပါ။

Credit