အမြင့်ပေ ၁၀,၀၀၀ခန့်ရှိတဲ့လေထုထဲမှာ မကြောက်မလန့်နဲ့ ဟမ်ဘာဂါအေးဆေးစားပြနေခဲ့တဲ့ မိန်းကလေး (ရုပ်သံ)
အမြင့်ပေ ၁၀,၀၀၀ခန့်ရှိတဲ့လေထုထဲမှာ မကြောက်မလန့်နဲ့ ဟမ်ဘာဂါအေးဆေးစားပြနေခဲ့တဲ့ မိန်းကလေး (ရုပ်သံ)
Credit
Unicode
ယခုအပတ်အစောပိုင်းလောက်က ဖလော်ရီဒါပြည်နယ်အခြေစိုက် skydiving ဝါသနာရှင် McKenna Knipeအမည်ရှိတဲ့အမျိုးသမီး
တစ်ဦးရဲ့ဗီဒီယိုဟာ  social media ပေါ်က လူအတော်အများရဲ့အာရုံကို ဖမ်းစားစေခဲ့ပါတယ်။Knipe ဟာ သူမနဲ့အတူလိုက်ပါတဲ့ပါသနာ
ကို ဆွဲထုတ်လိုက်ပြီး ခုန်ချကာ  ပေ ၁၀,၀၀၀ခန့်အမြင့်ရှိတဲ့လေထုထဲပျံသန်းနေတုန်း သူမဟာ ဟမ်ဘာဂါတစ်လုံးထုတ်ပြီး စိတ်အေး
လက်အေးစားပြနေခဲ့ပါတယ်။သူမကိုကြည့်ရင်တော့  ကြောက်လန့်နေရမယ့်အစား ကျေနပ်အားရနေပုံက ပိုပေါ်လွင်နေပါတယ်။သူမ
ဟာ skydiving လုပ်လာတာ ၃နှစ်ရှိပြီဖြစ်ပြီး တစ်ပတ်ကို ၄ကြိမ် ၅ကြိမ် လောက် လေထဲ ခုန်လေ့ရှိပါတယ်။
လေထုထဲဘမ်ဘာဂါစားပြခြင်းက သူမအတွက် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်တွေတုန်းက skydiving influencer တစ်
ဦးဖြစ်တဲ့Knipe ဟာ စိတ်ဓာတ်ကျနေခဲ့ပြီး သူမရဲ့စွမ်းရည်အချို့ကို အသုံးချကာ လေထုထဲမှာ ပီဇာကို စတင် ကြိုးစားစားပြခဲ့တာပါ။အဲ့ဒီ
အချိန်မှစပြီးနောက်မှာတော့ အခြား  အစားအစာတွေလည်းလေထုထဲ စမ်းသပ်ကြည့်ခဲ့ပါတယ်တဲ့။Knipe ဟာ ဖလော်ရီဒါရှိ Skydrive
Cityမှာ အခြေစိုက်ထားပေမဲ့လည်း ငယ်စဉ်က ကလေးအိမ်မက်ကို ပြန်လည်ဖမ်းဆုပ်နိုင်ဖို့နဲ့ နိုင်ငံအတွင်းခရီးလှည့်ပတ်သွားလာ
နိုင်ဖို့အတွက် ဘတ်စ်ကားတစ်စီးကို ပြုပြင်မွမ်းမံနေပါတယ်။
ဒါ့အပြင် သူမရဲ့အိမ်မက်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လေထုထဲအစားစားခြင်းကို ပုံမှန်အလေ့အထတစ်ခုအဖြစ်ဗီဒီယိုရိုက်ကူးမှုတွေ
ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ တော့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊စားသောက်ဆိုင်တွေနဲ့ အတူ လက်တွဲအလုပ်လုပ်နိုင်ခဲ့ပါတယ်။
Knipeရဲ့လေထုထဲ နောက်ဆုံးtryကြည့်ချင်တဲ့  အစားအစာက မင်္ဂဆောင်ကိတ်ပါတဲ့။လေထုထဲမှာ သူမရဲ့အာချောင်ခြောက်နေတာ
ကြောင့် အစားအစာတွေက ခြောက်နေသလိုဖြစ်ပေမဲ့ မြေပြင်ပေါ်က  အရသာနဲ့အတူတူဘဲလို့လည်း ဆိုထားပါသေးတယ်။
Credit